ဂန့်ဂေါမြို့နယ်ရှိ ဆက်သွယ်ရေးရုံးတွင် အထိုင်စခန်း ပြုလုပ်ထားသည့် စစ်သွေးကြွ ယော PDF စခန်းကို လေကြောင်းမှ ဗုံးကြဲရှင်းလင်းရာ စစ်သွေးကြွများ သေဆုံး ဒဏ်ရာရရှိမှု များပြား

PUBLISHED - January 31, 2025
နေပြည်တော်၊ ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ရေရှင်မကျေးရွာနှင့် ကျွန်းခုံသာကျေးရွာကြားရှိ ဆက်သွယ်ရေးရုံးတွင် အထိုင်စခန်းပြုလုပ်ထားသည့် စစ်သွေးကြွ ယော PDF စခန်းကို တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်းလိုက်သည်။
အဆိုပါ စစ်သွေးကြွ ယော PDF စခန်းကို တပ်မတော်မှ ဇန်နဝါရီလ (၂၉)ရက် ည (၉)နာရီဝန်းကျင်တွင် တစ်ကြိမ်နှင့် ည (၁၂)နာရီ ဝန်းကျင်ခန့်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး (၅)လုံး ကြဲချ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ယင်းသို့ တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် စစ်သွေးကြွ ယော PDF အဖွဲ့ဝင် အများအပြား သေဆုံး ဒဏ်ရာရရှိခဲ့ပြီး ဆက်သွယ်ရေးရုံးရှိ အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
#PeopleMedia