ဂန့်ဂေါြမို့နယ်၊ စမ်းချောင်းကျေးရွာအနီးရှိ PDF အဖွဲ့၏ ခံစစ်စခန်း ရှင်းလင်းခံရ

PUBLISHED - January 19, 2022
မကွေး၊ ဇန်နဝါရီ ၁၈ (People Media)
ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ စမ်းချောင်းကျေားရွာအနီးရှိ PDF အဖွဲ့၏ ခံစစ်စခန်းရှင်းလင်းခံခဲ့ရသည်။
စမ်းချောင်းကျေးရွာအနီးတိုက်ပွဲ၌ PDF အဖွဲ့ထံမှ လက်လုပ်ခါးချိုးသေနတ်၊ လက်လုပ်မိုင်း၊ PVC ပိုက်ဖြင့် ပြု လုပ်ထားသော လက်လုပ်မိုင်း၊ Oxygen Concentrator ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများကို တာဝန်ရှိသူများက သိမ်းဆည်းနိုင်ခဲ့သည်။
“ရွာအနီးမှာ PDF အဖွဲ့က ခံစစ်ကုန်း တည်ဆောက်ထားတာရှိတယ်။ တိုက်ပွဲတွေ ဖြစ်သွားတယ်။ နောက်ဆုံး အခြေအနေတော့ မသိရဘူးလို့” ဒေသခံတစ်ဦးက ပြောဆိုသည်။
မကွေးတိုင်းဒေသကြီး မြောက်ပိုင်းဒေသများဖြစ်သော ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်တို့သည် ဒေသခံ PDF အဖွဲ့များ အားကောင်းခဲ့သည့်ဒေသတစ်ခုဖြစ်သည်။
#PeopleMedia #ဂန့်ဂေါမြို့
(unicode)
……………………………………………………