ဂမ္ဘီယာကို ေဆာ္ဒီအာေရဗ်က OIC ရန္ပုံေငြအျဖစ္ အေမရိကန္ေဒၚလာ ၉၂.၅ သန္းေထာက္ပံ့ကူညီ

PUBLISHED - November 27, 2019
ဂမ္ဘီယာနိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဆာ္ဒီအာေရဗ်က OIC ရန္ပုံေငြ အေမရိကန္ေဒၚလာ ၉၂.၅ သန္းေထာက္ပံ့ကူညီမႈ သေဘာတူညီခ်က္ကို နို၀င္ဘာ ၂၆ ရက္ေန႕မွာ ႏွစ္ဖက္နိုင္ငံေခါင္းေဆာင္အႀကီးအကဲေတြလက္မွတ္ေရးထိုးခဲ့ၾကပါတယ္။
အခု ရန္ပုံေငြဟာ ၂၀၂၂ ခုႏွစ္ OIC ညီလာခံကို လက္ခံက်င္းပမယ့္ ဂမ္ဘီယာနိုင္ငံရဲ႕ လိုအပ္ခ်က္ေတြျဖည့္ဆည္းေပးဖို႔အတြက္ အေျခခံအေဆာက္အအုံနဲ႕ စြမ္းအင္စီမံကိန္းဦးစားေပးလုပ္ငန္းေတြအတြက္ရည္႐ြယ္တယ္လို႔သိရပါတယ္။
ေဆာ္ဒီအာေရဗ်ရဲ႕ ေထာက္ပံ့ကူညီမႈအတြက္ ၀မ္းေျမာက္ဂုဏ္ယူမိေၾကာင္း OIC ဂမ္ဘီယာဘုတ္အဖြဲ႕ဥကၠဌျဖစ္သူ ဂမ္ဘီယာဒုသမၼတ ေဒါက္တာ အစၥဆာတို တိုေရးက ေျပာၾကားခဲ့ပါတယ္။
အခုလိုေထာက္ပံ့မႈဟာ ဂမ္ဘီယာျပည္သူေတြရဲ႕ လူေနမႈဘ၀တိုးတက္ေစေရးအတြက္ျဖစ္ၿပီး ေထာက္ပံ့ကူညီမႈအစီအစဥ္မွာ ေခ်းေငြအစီအစဥ္ႏွစ္ခုနဲ႕ ေထာက္ပံ့ကူညီမႈအစီအစဥ္ႏွစ္ခုပါ၀င္တယ္လို႔ ေဆာ္ဒီအာေရဗ်က ေျပာပါတယ္။
Ref; http://www.statehouse.gm/
[Unicode]
ဂမ်ဘီယာကို ဆော်ဒီအာရေဗျက OIC ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၉၂.၅ သန်းထောက်ပံ့ကူညီ
———————————————
ဂမ်ဘီယာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆော်ဒီအာရေဗျက OIC ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉၂.၅ သန်းထောက်ပံ့ကူညီမှု သဘောတူညီချက်ကို နို၀င်ဘာ ၂၆ ရက်နေ့မှာ နှစ်ဖက်နိုင်ငံခေါင်းဆောင်အကြီးအကဲတွေလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အခု ရန်ပုံငွေဟာ ၂၀၂၂ ခုနှစ် OIC ညီလာခံကို လက်ခံကျင်းပမယ့် ဂမ်ဘီယာနိုင်ငံရဲ့ လိုအပ်ချက်တွေဖြည့်ဆည်းပေးဖို့အတွက် အခြေခံအဆောက်အအုံနဲ့ စွမ်းအင်စီမံကိန်းဦးစားပေးလုပ်ငန်းတွေအတွက်ရည်ရွယ်တယ်လို့သိရပါတယ်။
ဆော်ဒီအာရေဗျရဲ့ ထောက်ပံ့ကူညီမှုအတွက် ၀မ်းမြောက်ဂုဏ်ယူမိကြောင်း OIC ဂမ်ဘီယာဘုတ်အဖွဲ့ဥက္ကဌဖြစ်သူ ဂမ်ဘီယာဒုသမ္မတ ဒေါက်တာ အစ္စဆာတို တိုရေးက ပြောကြားခဲ့ပါတယ်။
အခုလိုထောက်ပံ့မှုဟာ ဂမ်ဘီယာပြည်သူတွေရဲ့ လူနေမှုဘ၀တိုးတက်စေရေးအတွက်ဖြစ်ပြီး ထောက်ပံ့ကူညီမှုအစီအစဉ်မှာ ချေးငွေအစီအစဉ်နှစ်ခုနဲ့ ထောက်ပံ့ကူညီမှုအစီအစဉ်နှစ်ခုပါ၀င်တယ်လို့ ဆော်ဒီအာရေဗျက ပြောပါတယ်။
Ref; http://www.statehouse.gm/
#PeopleMedia