ဂမ္ဘီယာသမၼတ ရာထူးမွ ႏုတ္ထြက္ရန္ ဆႏၵျပသူမ်ား ေတာင္းဆို
PUBLISHED - December 17, 2019
ဂမ္ဘီယာႏုိင္ငံမွာ ဒီမိုကေရလိုလားတဲ့ လႈပ္ရွားမႈတစ္ရပ္အေနနဲ႔ တနလၤာေန႔က သမၼတ အက္ဒမာဘား႐ုိးကို ရာထူးက ႏုတ္ထြက္ဖို႔ ျပည္သူေတြက လမ္းေပၚထြက္ဆႏၵျပေတာင္းဆိုမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။
သမၼတ ဘား႐ုိးဟာ ႏိုင္ငံေရးပါတီ ၇ ခုနဲ႔ တစ္သီးပုဂၢလကိုယ္စားလွယ္သံုးဦးတို႔ရဲ႕ ေထာက္ခံမႈနဲ႔ အာဏာရရွိ လာခဲ့ၿပီး ညႊန္႔ေပါင္းသေဘာတူညီခ်က္အရ အေျပာင္းအလဲကာလအျဖစ္ သံုးႏွစ္သမၼတတာ၀န္ထမ္းေဆာင္ၿပီး ေရြးေကာက္ပြဲ ျပန္လည္က်င္းပေပးရမွာျဖစ္ပါတယ္။ အခုလိုက်င္းပတဲ့ ေရြးေကာက္ပြဲမွာလည္း ၄င္းအေနနဲ႔ မပါ၀င္ဖို႔ သေဘာတူထားပါတယ္။
ဆႏၵျပသူေတြဟာ ၄င္းရဲ႕ ရာထူးသက္တမ္းမျပည့္ခင္ ေရြးေကာက္ပြဲက်င္းပမယ့္ အခ်ိန္ကာလကို ေၾကညာေပးဖို႔ လည္း ေတာင္းဆိုခဲ့ၾကပါတယ္။
အက္ဒမာ ဘား႐ုိးရဲ႕ လက္ရွိသမၼတသက္တမ္းဟာ ဇန္န၀ါရီ ၁၉ ရက္ေန႔မွာ ကုန္ဆံုးေတာ့မွာျဖစ္ပါတယ္။
Ref; www.aa.com.tr
(Unicode)
ဂမ်ဘီယာသမ္မတ ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြသူများ တောင်းဆို
……………………………………………………
ဂမ်ဘီယာနိုင်ငံမှာ ဒီမိုကရေလိုလားတဲ့ လှုပ်ရှားမှုတစ်ရပ်အနေနဲ့ တနင်္လာနေ့က သမ္မတ အက်ဒမာဘားရိုးကို ရာထူးက နုတ်ထွက်ဖို့ ပြည်သူတွေက လမ်းပေါ်ထွက်ဆန္ဒပြတောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။
သမ္မတ ဘားရိုးဟာ နိုင်ငံရေးပါတီ ၇ ခုနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်သုံးဦးတို့ရဲ့ ထောက်ခံမှုနဲ့ အာဏာရရှိ လာခဲ့ပြီး ညွှန့်ပေါင်းသဘောတူညီချက်အရ အပြောင်းအလဲကာလအဖြစ် သုံးနှစ်သမ္မတတာဝန်ထမ်းဆောင်ပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရမှာဖြစ်ပါတယ်။ အခုလိုကျင်းပတဲ့ ရွေးကောက်ပွဲမှာလည်း ၄င်းအနေနဲ့ မပါဝင်ဖို့ သဘောတူထားပါတယ်။
ဆန္ဒပြသူတွေဟာ ၄င်းရဲ့ ရာထူးသက်တမ်းမပြည့်ခင် ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကာလကို ကြေညာပေးဖို့ လည်း တောင်းဆိုခဲ့ကြပါတယ်။
အက်ဒမာ ဘားရိုးရဲ့ လက်ရှိသမ္မတသက်တမ်းဟာ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။
Ref; www.aa.com.tr
#PeopleMedia #International