ဂါဇာကပင်မဆေးရုံကြီးအတွက် ၂၄ နာရီသာ မီးပေးနိုင်တော့မှာဖြစ်ကြောင်း MSF ပြော

PUBLISHED - October 20, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၀
ဂါဇာမြို့ရဲ့ အဓိကဆေးရုံကြီးဖြစ်တဲ့ အယ်လ်ရှီဖာဆေးရုံကြီးမှာ လျှပ်စစ်ဓာတ်အားပေးဖို့ လောင်စာဆီ ၂၄ နာရီ အတွက်ပဲရှိတော့ကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) က ကြာသပတေးနေ့ (အောက်တိုဘာလ ၁၉ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
“လျှပ်စစ်မီးမရှိရင် လူနာအများအပြား သေဆုံးသွားပါလိမ့်မယ်။” လို့ ဂျေရုဆလမ်မှာအခြေစိုက်ထားတဲ့ ပါလက် စတိုင်း MSF အဖွဲ့ရဲ့ ဆေးဘက်ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးဂျီးမက်သောမတ်စ်က ပြောပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာကမ်း မြောင်ဒေသကို အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ဂါဇာမှာရှိတဲ့လူထောင်ပေါင်းများစွာ ထိခိုက်ဒဏ် ရာရထားကြပါတယ်။
“ဆေးဝါးကုသမှုဆက်လက်ရရှိဖို့ ခက်ခဲသွားမှာဖြစ်တဲ့အတွက် အဲဒီလူနာတွေဟာ လာမယ့်နာရီပိုင်းအတွင်းမှာပဲ အသက်အန္တရာယ်ရှိတဲ့အလွန်ဆိုးရွားတဲ့အခြေအနေကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။” လို့ သောမတ်စ်က ပြော ပါတယ်။
အထူးကြပ်မတ်ကုသနေရတဲ့လူနာတွေ၊ အထူးစောင့်ရှောက်ကုသပေးနေရတဲ့ မွေးကင်းစကလေးတွေ၊ စက် အကူအညီနဲ့ အသက်ရှုနေရတဲ့လူနာတွေဟာ တကယ့်အန္တရာယ်ရှိတဲ့အခြေအနေတစ်ခုကို ဆိုက်ရောက်နေပြီ ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
“အထွေထွေဆေးဝါးတွေ ပြတ်လပ်နေတဲ့အတွက်လည်း ဆီးချိုရောဂါသည်တွေ၊ ကင်ဆာရောဂါသည်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေလို နာတာရှည်ရောဂါသည်တွေဟာလည်း အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရ ပါပြီ။” လို့ သောမတ်စ်က ပြောပါတယ်။
နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) က မီးလောင်လူနာများအတွက် နှစ်ပေါင်းများစွာကြာအောင် ကျန်း မာရေးစောင့်ရှောက်မှုတွေထောက်ပံ့ပေးနေတဲ့ အယ်လ်ရှီဖာ ဆေးရုံကြီးဟာ လျှပ်စစ်မီးရနေသေးတဲ့အနည်း ငယ်သောဆေးရုံထဲမှာအပါအဝင်ဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း အင်္ဂါနေ့က ဒုံးကျည်ထိမှန်ခဲ့တဲ့ အယ်လ်အလီနှစ်ခြင်းခရစ်ယာန်ဆေးရုံကြီးက လူနာတွေ ကို အယ်လ်ရှီဖာ ဆေးရုံကြီးမှာ လက်ခံပြီး ဆေးဝါးကုသပေးနေတာဖြစ်ပါတယ်။
အစ္စရေးဘက်က လေကြောင်းကနေ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ပါလက်စတိုင်းထောင်ပေါင်း များစွာဟာ အယ်လ်ရှိဖာဆေးရုံကြီးဝင်းအတွင်းမှာ လာရောက်ခိုလှုံနေကြရတယ်လို့လည်း သောမတ်စ်က ပြော ပါတယ်။
ဆေးရုံတွေပြန်လည် လည်ပတ်နိုင်ဖို့ အလွန်အရေးကြီးတဲ့အတွက် လိုအပ်တဲ့လောင်စာဆီတွေနဲ့ ဆေးဝါးတွေ ဆေးရုံတွေကို သယ်ယူလာနိုင်ဖို့ ပုံမှန်အပစ်အခတ်ရပ်စဲရေးအာမခံဖို့ လိုအပ်ကြောင်း MSF အဖွဲ့က ပြောပါ တယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အစ္စရေးကိုလာရောက်အားပေးပြီး ပြန်လည်ထွက်ခွာသွားပြီးနောက် တစ်ရက်အ ကြာမှာ အစ္စရေးလေတပ်က ဂါဇာကမ်းမြောင်ဒေသကို ဆက်လက်ဗုံးကြဲတိုက်ခိုက်လျက်ရှိပါတယ်။
Ref: Gaza’s main hospital will only have electricity for 24 more hours at most, MSF says
#PeopleMedia