• Follow Us on

Home ဂါဇာကမ်းမြောင်က လူသားချင်းစာနာမှုအခြေအနေကြောင့် တူရကီက အစ္စရေးနဲ့ ကုန်သွယ်ရေးရပ်တန့်

ဂါဇာကမ်းမြောင်က လူသားချင်းစာနာမှုအခြေအနေကြောင့် တူရကီက အစ္စရေးနဲ့ ကုန်သွယ်ရေးရပ်တန့်

Share this post

နိုင်ငံတကာ၊ မေ ၄

 

ဂါဇာဒေသ လူသားချင်းစာနာထောက်ထားမှုအခြေအနေအရ မိမိတို့နိုင်ငံအနေနဲ့ အစ္စရေးနဲ့ ကုန်သွယ်မှုတွေကို ရပ်ဆိုင်းထားလိုက်ကြောင်း တူရကီကုန်သွယ်ရေးဝန်ကြီးဌာနက မေလ ၂ ရက်နေ့က ထုတ်ပြန်ကြေညာလိုက် ပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာမှုအကူအညီတွေ လုံလောက်စွာ ပို့ဆောင်နိုင်ဖို့ အစ္စရေးနိုင်ငံက ခွင့် မပြုမချင်း အခုကြေညာထားတဲ့ ကုန်သွယ်ရေးရပ်တန့်မှုဟာ ဆက်လက်တည်ရှိနေမှာဖြစ်ကြောင်း တူရကီ ကုန် သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

တူရကီသမ္မတရီဆက်တေယစ်အာဒိုဂန်က အစ္စရေး ပို့ကုန်/သွင်းကုန်တွေအတွက် ဆိပ်ကမ်းတွေကို ပိတ်ဆို့ ထားလိုက်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးအစ္စရေးကက်ဇ် (Israel Katz) က လူမှုကွန်ရက်ပေါ်မှာ ရေး သားခဲ့ပါတယ်။

 

“ဒါက အာဏာရှင်တစ်ယောက် ဘယ်လိုပြုမူဆောင်ရွက်တယ်ဆိုတာကို ပြလိုက်တာပဲဖြစ်ပါတယ်။” လို့ အစ္စရေး ဝန်ကြီး အစ္စရေးကက်ဇ်က ပြောပါတယ်။

 

တခြားနိုင်ငံတွေက ဒေသထွက်ကုန်တွေနဲ့ သွင်းကုန်တွေကို အဓိကသယ်ယူနိုင်ရေးဦးတည်ပြီး တူရကီနိုင်ငံနဲ့ ကုန်သွယ်အတွက် လမ်းကြောင်းအပြောင်းအလဲတွေ ဖန်တီးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတစ်ဦး ကို ညွှန်ကြားထားကြောင်း ကက်ဇ်က ပြောပါတယ်။

 

၂၀၂၃ ခုနှစ်အတွင်း အစ္စရေးက တူရကီနိုင်ငံက တင်သွင်းခဲ့တဲ့ သွင်းကုန်တန်ဖိုးဟာ ဒေါ်လာ ၄.၆ ဘီလျံရှိပြီး အဲဒီပမာဏဟာ တရုတ်၊ အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံနှစ်နိုင်ငံပြီးရင် ပဉ္စမမြောက်အများဆုံးဖြစ် တယ်လို့ ဆိုပါတယ်။

 

တူရကီအစိုးရကတော့ ဧပြီလကတည်းက အစ္စရေးနိုင်ငံအတွက် ပြည်ပပို့ကုန်တွေ မတင်ပို့ဖို့ အရေးယူပိတ်ဆို့မှု တွေချမှတ်ခဲ့ရာ သံမဏိနဲ့ ဘိလပ်မြေအပါအဝင် ကုန်ပစ္စည်း ၅၄ မျိုး ပိတ်ပင်ခဲ့ပါတယ်။

 

Ref: Turkey suspends trade with Israel over humanitarian situation in Gaza

 

#PeopleMedia


Share this post