ဂါဇာကမ်းမြောင်က အရပ်သားတွေကို ဘယ်လိုအကာအကွယ်ပေးမလဲဆိုတာ အစ္စရေးအရာရှိတွေနဲ့ ဆွေးနွေး ခဲ့ကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ပြော
PUBLISHED - October 13, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၁၃
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ၎င်းအနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ အရပ်သား တွေကို ကာကွယ်ဖို့နဲ့ အဲဒီအရပ်သားတွေကို ဘေးကင်းလုံခြုံဖို့လမ်းကြောင်းတွေ ဘယ်လိုဖန်တီးပေးရမလဲဆို တာ အစ္စရေးအရာရှိတွေနဲ့ ဆွေးနွေးခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။
“ဂါဇာကမ်းမြောင်ဒေသက ထွက်ခွာသွားချင်တဲ့အရပ်သားတွေ ဘေးကင်းလုံခြုံစွာထွက်ခွာသွားနိုင်မယ့် လမ်း ကြောင်းအတွက် ဖြစ်နိုင်ခြေရှိတာတွေကို ကျွန်တာ်တို့ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ဖိတ်ခေါ်ထားတဲ့နိုင်ငံ တချို့နဲ့အတူ လာမယ့်ရက်ပိုင်းအတွင်းမှာ ဆက်လက်ဆွေးနွေးသွားမှာ။” လို့ ဘလင်ကန်က ပြောပါတယ်။
အစ္စရေးတပ်မတော်အနေနဲ့ အကြမ်းဖက်သမားတွေရန်ကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် စစ်ဆင်ရေး တွေဆောင်ရွက်ခွင့်ရှိတဲ့အတိုင်း ဆက်လက်ဆောင်ရွက်နေစဉ်အတွင်း ဂါဇာမှာရှိတဲ့အရပ်သားတွေအတွက် လူ သားချင်းစာနာမှုအထောက်အကူတွေပေးနိုင်ဖို့နဲ့ အဲဒီအရပ်သားတွေ မထိခိုက်စေဖို့ နည်းလမ်းတွေကို ဆွေးနွေး ခဲ့တယ်လို့ ဘလင်ကန်က ပြောပါတယ်။
“ဂါဇာဒေသမှာ လူသားချင်းစာနာမှုအခြေအနေတွေနဲ့ပတ်သက်ပြီးပြောရရင် ပထမဦးဆုံး ရှုပ်ထွေးလှတဲ့အခြေခံ ပြဿနာကို သတိရဖို့ အရေးကြီးပါတယ်။ ဟားမတ်စ်တွေဟာ အသစ်အဆန်းမဟုတ်ပေမဲ့ အရပ်သားတွေကို လူသားဒိုင်းအဖြစ် ဆက်လက်အသုံးပြုနေကြတယ်။ သူတို့ကိုယ်သူတို့ကာကွယ်ဖို့၊ သူတို့ရဲ့ အခြေခံအဆောက် အဦတွေကိုကာကွယ်ဖို့၊ သူတို့ရဲ့လက်နက်တွေကို ကာကွယ်ဖို့ ရည်ရွယ်ချက်ရှိရှိ အရပ်သားတွေကို အသုံးပြုနေ ကြတာဖြစ်ပါတယ်။ ဒါဟာ အစ္စရေးတွေ ကိုင်တွယ်ဖြေရှင်းရမယ့် အခြေခံအချက်အလက်တွေထဲက တစ်ခုပဲဖြစ် ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အရပ်သားတွေကို စစ်ဆင်ရေးပစ်မှတ်တွေအဖြစ် အသုံးမပြုသင့်ပါဘူး။ အရပ်သား တွေဟာ အစ္စရေးစစ်ဆင်ရေးတွေရဲ့ ပစ်မှတ်တွေ မဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
အစ္စရေးကို အမေရိကန်က လိုအပ်တာတွေထောက်ပံ့သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်နတန်ယာဟုကို အာမခံ ပြောကြားခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ အောက်တိုဘာလ ၁၂ ရက်နေ့ က တယ်လာဗီမြို့က ပြန်လည်ထွက်ခွာသွားပါတယ်။
ဂါဇာကမ်းမြောင်ဒေသက စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
“ပါလက်စတိုင်းလူဦးရေရဲ့ သုံးပုံနှစ်ပုံကျော်ရှိတဲ့ ၃၃၈,၀၀၀ ဦးဟာ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးနဲ့ ပြန် လည်တည်ဆောက်ရေးလုပ်ငန်းအဖွဲ့ (UN Relief and Works Agency) က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း တွေမှာ ခိုလှုံနေကြပါတယ်။” လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စတီဖိန်ဒူဂျာရစ်က ပြောပါတယ်။
Ref: Blinken says he discussed with Israeli officials how to protect civilians in Gaza
#PeopleMedia