• Follow Us on
Latest News

Home ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို သိမ်းပိုက်ဖို့ အစ္စရေးတပ်မတော်ကို အမိန့်ပေးထား

ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို သိမ်းပိုက်ဖို့ အစ္စရေးတပ်မတော်ကို အမိန့်ပေးထား

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၀

 

အစ္စရေးနိုင်ငံကို ဟားမတ်စ်စစ်သွေးကြွတွေက မထင်မှတ်ဘဲ အငိုက်ဖမ်းပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တာ ကြောင့် ဂါဇာကမ်းမြောင်ဒေသကို လက်တုံ့ပြန်တိုက်ခိုက်အပြစ်ပေးပြီး အဲဒီဒေသတစ်ခုလုံးကို သိမ်းပိုက်ဖို့ အစ္စရေးထိပ်တန်းခေါင်း ဆောင်တွေက ဆုံးဖြတ်ခဲ့ပါတယ်။

 

အစ္စရေးနိုင်ငံက တနင်္ဂနွေနေ့က တရားဝင်စစ်ကြေညာလိုက်ပြီးနောက် ဟားမတ်စ်တွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန် တိုက်ခိုက်ဖို့ အစ္စရေးတပ်မတော်ကို အမိန့်ပေးလိုက်ပါတယ်။

 

တိုက်ခိုက်မှုတွေကြောင့် အစ္စရေးဘက်မှာ လူဦးရေ ၉၀၀ ဝန်းကျင်သေဆုံးပြီး ဂါဇာကမ်းမြောင်ဒေသမှာ ၄၉၃ ဦး သေဆုံး ခဲ့ပြီးဖြစ်ကြောင်း နှစ်ဖက်အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသကို လျှပ်စစ်ဓာတ်အား၊ စားနပ်ရိက္ခာနဲ့ လောင်စာဆီတွေ ဖြတ်တောက်သွားမှာဖြစ်ပြီး အဲဒီ ဒေသ တစ်ခုလုံးကို အပြီးတိုင်သိမ်းပိုက်ဖို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယူအက်ဗ်ဂါးလန့်က အောက်တိုဘာလ ၉ ရက်နေ့ (တနင်္လာနေ့) က အမိန့်ပေးလိုက်ပါတယ်။

 

အစ္စရေးတပ်မတော်က နိုင်ငံရဲ့တောင်ဘက်အပိုင်းမှာကျန်ရှိနေတဲ့ စစ်သွေးကြွတွေကို လိုက်လံရှာဖွေရှင်းလင်း နေပြီး ဂါဇာကမ်းမြောင်ဒေသကိုလည်း လေကြောင်းကနေ စိစိညက်ညက်ကြေအောင် ဗုံးကြဲခဲ့ပါတယ်။

 

အလားတူ ဂါဇာဘက်က ပြန်လည်ပစ်ခတ်တဲ့ ရော့ကက်တွေကြောင့် ဂျေရုဆလမ်မြို့နဲ့ တဲလာဗီမြို့မှာ လေ ကြောင်းရန်

အချက်ပေးဥသြသံတွေနဲ့ ဆူညံနေပါတယ်။

 

“ကျွန်တော်တို့အနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို ပြောင်းလဲရတော့မှာဖြစ်လို့ ဆုံးဖြတ်ချက် ပြတ်သားခိုင်မာဖို့ ပြောလို ပါတယ်။ ကြောက်မက်ဖွယ်ရာ ခက်ခဲတဲ့ အခြေအနေတွေကို ခင်ဗျားတို့ ဖြတ်ကျော်လာခဲ့ရပြီဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ မကြာခင်စတင်ပြုလုပ်တော့မယ့် ကြောက်စရာကောင်းပြီး ခက်ခဲလှတဲ့ အ ခြေအနေဆိုးတွေကို ဟားမတ်စ် တွေ ဖြတ်ကျော်ရပါတော့မယ်။” လို့ ဝန်ကြီးချုပ် ဘင်ဂျမင်နတန်ယာဟုက အစ္စရေးတောင်ပိုင်းက အာဏာပိုင်တွေကို ပြောပါတယ်။

 

အစ္စရေးလယ်ကွင်းတစ်ခုထဲမှာ အလောင်း ၁၀၀ ကျော်ကို ပြန်လည်တူးဖော်ခဲ့ကြောင်း၊ အဲဒီအလောင်းတွေဟာ ဟား မတ်စ်တွေဝင်ရောက်တိုက်ခိုက်စဉ်က ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသူတွေဖြစ်ကြောင်း ကူညီ ကယ်ဆယ် ရေးဆောင်ရွက်နေတဲ့ ဇာကာ (Zaka) အဖွဲ့က ပြောပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကတော့ တနင်္လာနေ့ အစောပိုင်းက အမေရိကန်ထိပ်တန်းခေါင်းဆောင်တွေနဲ့ အစည်းအဝေးလုပ်ပြီး အစ္စရေးအခြေအနေနဲ့ပတ်သက်ပြီး မဟာမိတ်နိုင်ငံတချို့ကို ရှင်းပြဖို့ စီစဉ်ထားတယ်လို့ အိမ် ဖြူတော်က ကြေညာခဲ့ပါတယ်။

 

သမ္မတဂျိုးဘိုင်ဒန်ဟာ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုနဲ့ နှစ်ကြိမ်ထက်မနည်း စကားပြောဆိုခဲ့ပြီး အမေရိကန် ထိပ်တန်းအမျိုးသားလုံခြုံရေးအရာရှိတွေကလည်း ဒေသတွင်းရှိ ထိပ်တန်းအရာရှိတွေနဲ့ တောက်လျှောက်အဆက် အသွယ်ယူ ဆွေးနွေးနေကြတယ်လို့ အိမ်ဖြူတော်က ကြေညာပါတယ်။

 

လက်ဘနွန်တောင်ပိုင်းကို အစ္စရေးဘက်က အမြောက်နဲ့ပစ်ခတ်ခဲ့စဉ်အတွင်း ဟစ်ဘိုလာတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ ကြောင်း အီရန်နိုင်ငံကအားပေးထောက်ပံ့ထားတဲ့ လက်ဘနွန်စစ်သွေးကြအဖွဲ့က တနင်္လာနေ့က ပြောပါတယ်။

 

လက်ဘနွန်ဒေသကနေ အစ္စရေးနိုင်ငံထဲကို ဖြတ်ဝင်လာတဲ့ လက်နက်ကိုင်လေးငါးယောက်ကို အစ္စရေးတပ်မ မတော်က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က တနင်္လာနေ့ အစောပိုင်းက ကြေညာခဲ့ပြီး အစ္စရေးဘက်က လက်ဘနွန်ဘက်ကို အမြောက်တွေနဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

 

အစ္စရေးနိုင်ငံဟာ ဂါဇာကမ်းမြောင်ဒေသကို ရေနဲ့ လျှပ်စစ်မီးတွေဖြတ်တောက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေ တယ်လို့ ဗြိတိန်နိုင်ငံမှာရှိတဲ့ ပါလက်စတိုင်း ထိပ်တန်းသံတမန်တစ်ဦးက ပြောပါတယ်။

 

Ref: Israel vows to punish Gaza as region and world feel ripples from Hamas attack

 

#PeopleMedia


Share this post