ဂါဇာကမ်းမြောင်ဒေသ နယ်စပ်တစ်လျှောက်ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အစ္စရေးပြော
PUBLISHED - October 10, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၁၀
ဟားမတ်စ်စစ်သွေးကြွအဖွဲ့က စနေနေ့မနက်ပိုင်းမှာ နယ်စပ်ခြံစည်းရိုးတွေကို ဖောက်ခွဲပြီး အစ္စရေးနိုင်ငံကို အ လစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးတပ်မတော်အနေနဲ့ ဂါဇာကမ်းမြောင်နယ်စပ်ဒေသတစ်ခု လုံးကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ် ဟာ ဂရီးက ပြောကြားလိုက်ပါတယ်။
နောက်ဆုံးနေ့မှာ အကြမ်းဖက်သမားတစ်ယောက်မှ နယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်လာခြင်းမရှိတော့ကြောင်း၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်တွေက ခြံစည်းရိုးတစ်လျှောက် မိုင်းတွေထောင်နေကြကြောင်း ဟာဂရီးက သ တင်းထောက်တွေကို ပြောပါတယ်။
အစ္စရေးပိုင်နက်ထဲမှာ အကြမ်းဖက်သမားအနည်းငယ် ခိုအောင်းကျန်ရစ်နိုင်ကြောင်း အစ္စရေးတပ်မတော်က ပြောပါတယ်။ ပြီးခဲ့တဲ့ညက ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ပေါင်း ၂၀၀ ကျော်ကို ညတွင်း ချင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
အဲဒီပစ်မှတ်တွေထဲမှာ ပစ်မှတ်ပေါင်းများစွာနဲ့အတူ ဗလီတစ်ခုအတွင်းရှိ လက်နက်တိုက်တစ်ခု၊ ဟားမတ်စ်စစ် သွေးကြွအဖွဲ့ရဲ့ တင့်ဖျက်ပဲ့ထိန်းဒုံးကျည်တပ်ဖွဲ့ဝင်တွေ အသုံးပြုနေတဲ့ တိုက်ခန်းတစ်ခုနဲ့ အကြမ်းဖက်သမားတွေ အသုံးပြုနေတဲ့ အထပ်မြင့်တာဝါတစ်ခုပါဝင်ကြောင်း အစ္စရေးစစ်တပ် IDF က ပြောပါတယ်။
အစ္စရေးပိုင်နက်အတွင်း ဟားမတ်စ်စစ်သွေးကြွအကြမ်းဖက်သမားအလောင်း ၁၅၀၀ ကို တွေ့ရှိထားကြောင်း၊ တနင်္လာနေ့ (အောက်တိုဘာလ ၉ ရက်) ညပိုင်းကစပြီး ဘယ်အကြမ်းဖက်သမားမှ အစ္စရေးနိုင်ငံထဲကို ထပ်မံ ဝင်ရောက်လာနိုင်ခြင်းမရှိတော့ကြောင်း အစ္စရေးစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ရစ်ချတ်ဟက်က ပြောပါတယ်။
စနေနေ့မနက်ပိုင်းကတည်းက အစ္စရေးနိုင်ငံထဲကို ဝင်ရောက်လာတဲ့ ဟားမတ်စ်စစ်သွေးကြွနဲ့ ပါလက်စတိုင်း အစ္စလာမ်မစ်ဂျီဟတ်အုပ်စုဝင်တွေကို အစ္စရေးတပ်မတော်က ရှင်းလင်းသုတ်သင်ခဲ့တာဖြစ်ကြောင်း အစ္စရေး စစ်တပ် IDF က ပြောပါတယ်။
အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်ရာမှာ လူဦးရေ ၆၈၇ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသက လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲမှာ ဟားမတ်စ်စစ်သွေးကြွအုပ်စုကို တိုက်ခိုက်ဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ခွင့်နဲ့ ဥရောပတစ်လွှားရောက်ရှိနေတဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ အစ္စရေးလေတပ် က သယ်ယူပို့ဆောင်ရေးလေယာဉ်တွေနဲ့ အစ္စရေးနိုင်ငံထဲကို ပြန်လည်ဝင်ရောက်လာကြပါတယ်။
ဥရောပတစ်လွှား ခွင့်ယူပြီးသွားလာနေကြတဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေ အစ္စရေးနိုင်ငံကို ပြန်လာဖို့အတွက် C-130 နဲ့ C-130J သယ်ယူပို့ဆောင်ရေးလေယာဉ်တွေကို အသုံးပြုပြီး ပြန်လည်ခေါ်ယူနေကြောင်း အစ္စရေး စစ်တပ် IDF က ပြောပါတယ်။
Ref: IDF: We have full control of Gaza border
#PeopleMedia