• Follow Us on
Latest News

Home ဂါဇာက ကလေးဆေးရုံကြီးကို ဟားမတ်စ်တွေက ဌာနချုပ်အဖြစ်အသုံးပြုခဲ့ကြောင်း အစ္စရေးပြော

ဂါဇာက ကလေးဆေးရုံကြီးကို ဟားမတ်စ်တွေက ဌာနချုပ်အဖြစ်အသုံးပြုခဲ့ကြောင်း အစ္စရေးပြော

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၄

 

ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ တစ်ခုတည်းသောကလေးဆေးရုံကြီးဖြစ်တဲ့ အယ်လ်ရန်တီဆီကလေးဆေးရုံကြီး ကို ဟားမတ်စ်အကြမ်းဖက်သမားတွေက ၎င်းတို့ရဲ့ ဌာနချုပ်အဖြစ်အသုံးပြုခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန် ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ်လ်ဟာဂရီးက ပြောကြားလိုက်ပါတယ်။

 

ABC သတင်းဌာနရဲ့သတင်းထောက် မတ်ဂတ်မန်းအပါအဝင် သတင်းထောက်တချို့ကို အစ္စရေးတပ်မတော်အ ရာရှိတွေက အမြောက်ကျည်ထိမှန်ခံထားရတဲ့ အယ်လ်ရန်တီဆီကလေးဆေးရုံကြီးကို ဖိတ်ကြားခဲ့ပြီး သတင်း စာရှင်းလင်းပွဲပြုလုပ်စဉ် အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

 

အဲဒီကလေးဆေးရုံကြီးကို ပြီးခဲ့တဲ့သီတင်းပတ် ကြာသပတေးနေ့ကနေ သောကြာနေ့အထိ အစ္စရေးတင့်ကား တွေက ဝိုင်းပတ်ပိတ်ဆို့ထားကြောင်း အယ်လ်ရန်တီဆီကလေးဆေးရုံကြီးရဲ့ ညွှန်ကြားရေးမှူးက သောကြာနေ့ (နိုဝင်ဘာလ ၁၀ ရက်နေ့) က ပြောပါတယ်။

 

ဗုံးခိုကျင်းအဖြစ်အသုံးပြုခဲ့ကြတဲ့ အဲဒီကလေးဆေးရုံကြီးရဲ့မြေအောက်ခန်းထဲမှာ AK-47 မောင်းပြန်ရိုင်ဖယ်တွေ၊ လက်ဗစ်ဗုံးတွေနဲ့ အသေခံဗုံးခွဲရာမှာအသုံးပြုတဲ့ ဗုံးတွေ စွန့်ပစ်ခဲ့ကြသလို နောက်ထပ်မြေအောက်ခန်းတစ်ခန်း မှာကျတော့ ဓားစာခံတစ်ဦးကို ထိန်းသိမ်းထားခဲ့တယ်လို့ ဗိုလ်ချုပ်ကြီးဟာဂရီးက ပြောပါတယ်။

 

မြေအောက်ခန်းမှာရှာဖွေတွေ့ရှိခဲ့တဲ့ အဲဒီလက်ပစ်ဗုံးတွေနဲ့ ဗုံးတွေကို အစ္စရေးတပ်မတော်ကဖောက်ခွဲဖျက်ဆီး ပစ်ဖို့ စီစဉ်နေကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း ဆေးရုံဝင်းအတွင်းနောက်ထပ် အထောက်အထားတွေ တွေ့အောင် ဆက်လက်စုံစမ်းရှာဖွေနေကြောင်း ၎င်းက ပြောပါတယ်။

 

ဆေးရုံကြီးဝန်းကျင်အနီးတိုက်ခိုက်မှုတွေကြောင့် ဆေးရုံကြီးက အရင်းအမြစ်တွေ ပျက်စီးသွားပြီးနောက်မှာ အခု လို သတင်းစာရှင်းလင်းပွဲခရီးစဉ်ထွက်ပေါ်လာတာဖြစ်ကြောင်း ယူနီဆက်အဖွဲ့က ပြောပါတယ်။

 

ကြာသပတေးနဲ့ သောကြာနေ့မှာ ဆေးရုံကြီးရဲ့လုပ်ငန်းဆောင်တာတွေ ရပ်ဆိုင်းသွားလုနီးပါးဖြစ်ခဲ့ကြောင်း၊ သောကြာနေ့က အထူးကြပ်မတ်ကုသဆောင်အတွက် ဓာတ်အားအနည်းငယ်သာရှိတော့ကြောင်း ယူနီဆက် အဖွဲ့က ပြောပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်တွေတိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံမှာ လူဦးရေ ၁၂၀၀ ထက်မနည်း သေဆုံးခဲ့သလို ၆၉၀၀ ဝန်းကျင် ဒဏ်ရာရခဲ့ပြီး အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေ သမှာ ပါလက်စတိုင်းလူမျိုး ၁၁၂၄၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၉၀၀၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါ တယ်။

 

အစ္စရေးနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံကိုယ်ကာကွယ်ခွင့်ရှိတယ်ဆိုပေမဲ့ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အ ပစ်အခတ်ရပ်စဲပေးဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့တွေက ဝိုင်းဝန်းတောင်းဆိုနေကြပါတယ်။

 

Ref: Israel claims to have evidence of Hamas headquarters at hospital

 

#PeopleMedia


Share this post