• Follow Us on
Latest News

Home ဂါဇာစစ်ပွဲကြောင့် စစ်တပ်က နုတ်ထွက်ခဲ့တာဖြစ်ကြောင်း အမေရိကန်စစ်ထောက်လှမ်းရေးအရာရှိဟောင်း တစ်ဦးပြော

ဂါဇာစစ်ပွဲကြောင့် စစ်တပ်က နုတ်ထွက်ခဲ့တာဖြစ်ကြောင်း အမေရိကန်စစ်ထောက်လှမ်းရေးအရာရှိဟောင်း တစ်ဦးပြော

Share this post

နိုင်ငံတကာ၊ မေ ၁၄

 

ဂါဇာဒေသကို ထိုးစစ်ဆင်နေတဲ့အစ္စရေးကို အမေရိကန်အစိုးရက ထောက်ပံ့နေပြီး ပါလက်စတိုင်းပြည်သူတွေ အတိဒုက္ခခံစားနေရတာမို့လို့ စိတ်ထိခိုက်ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စစ်တပ်က နုတ်ထွက်ခဲ့တာဖြစ်ကြောင်း အမေရိကန်စစ်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက ပြောကြားလိုက်ပါတယ်။

 

အဆိုပါစစ်ထောက်လှမ်းရေးအရာရှိဟောင်းဟာ Defence Intelligence Agency (DIA) ခေါ် စစ်ထောက်လှမ်း ရေးအဖွဲ့မှာ အလုပ်လုပ်နေတဲ့ ၎င်းရဲ့လုပ်ဖော်ကိုင်ဖက်အရာရှိတွေထံ တနင်္လာနေ့ (မေလ ၁၃ ရက်နေ့) က စာ တစ်စောင်ရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်။

 

ကြည်းတပ်ဗိုလ်မှူးတစ်ဦးဖြစ်သူ ဟယ်ရစ်ဆန်မန်းဟာ အမေရိကန်က အစ္စရေးကိုထောက်ပံ့နေတဲ့အတွက် စစ် တပ်ကနုတ်ထွက်သွားတဲ့ ပထမဦးဆုံး DIA အရာရှိဖြစ်ပါတယ်။

 

ဖေဖော်ဝါရီလအတွင်းကလည်း ဝါရှင်တန်မှာရှိတဲ့ အစ္စရေးသံရုံးအပြင်ဘက်မှာ အမေရိကန်လေတပ်စစ်သည် တစ်ဦးဟာ သူ့ကိုယ်သူ မီးရှို့ဆန္ဒပြခဲ့သလို တခြားတပ်ဖွဲ့ဝင်တွေကလည်း ဆန္ဒပြခဲ့ကြပါတယ်။

 

၎င်းအနေနဲ့ ကြောက်ရွံ့တဲ့အတွက် တပ်မတော်ကနုတ်ထွက်လိုတဲ့ရည်ရွယ်ချက်ကို လပေါင်းများစွာ မျိုသိပ်ခဲ့ရ တယ်လို့ မန်းက ပြောပါတယ်။

 

“ကျွန်တော် ကြောက်ရွံခဲ့ပါတယ်။ တပ်မတော်ရဲ့စံနှုန်းတွေကို ချိုးဖောက်ရတာ ကျွန်တော်ကြောက်ပါတယ်။ ကျွန်တော်လေးစားရတဲ့ အရာရှိတွေကို စိတ်ပျက်အောင်လုပ်မိမှာ ကြောက်ပါတယ်။ ကျွန်တာ်က ရဲဘော်တွေ ကို သစ္စာဖောက်သွားတယ်လို့ ကျွန်တော့်ရဲဘော်တွေ ခံစားရမှာ ကျွန်တော်ကြောက်ပါတယ်။ ခင်ဗျားတို့ထဲက တချို့ဟာ ဒီစာဖတ်နေရင်း ကျွန်တော်ခံစားရသလိုပဲ ခံစားနေရမယ်လို့ ယုံကြည်ပါတယ်။” လို့ ပြီးခဲ့တဲ့လက ၎င်း ရဲ့လုပ်ဖော်ကိုင်ဖက်တွေဆီပေးပို့ခဲ့တဲ့စာကို LinkedIn လူမှုကွန်ရက်မှာ မန်းက တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။

 

ဒီစာနဲ့ပတ်သက်ပြီး အမေရိကန်စစ်ထောက်လှမ်းရေး DIA ကတော့ တုံ့ပြန်ပြောကြားခြင်းမရှိပါဘူး။ ပါလက်စတိုင်းပြည်သူအများအပြားကို သတ်ဖြတ်ရာမှာအထောက်အကူပြုခဲ့တဲ့ အမေရိကန်မူဝါဒကို ထောက်ပံ့ ကူညီရာမှာ ပြစ်မှုကျူးလွန်ခဲ့တဲ့အတွက် ရှက်ရွံမိကြောင်း မန်းက ပြောပါတယ်။

 

“တစ်ခါတလေမှာ ဘယ်လောက်ပဲ တရားမျှတပါတယ်ပြောပြော ကလေးသူငယ်ပေါင်းများစွာ အငတ်ဘေးကြုံ နေရတဲ့ မူဝါဒတစ်ခုကို အကောင်အထည်ဖော်နေရပါတယ်။” လို့ မန်းက ရေးသားထားပါတယ်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမတ်စ်စစ်သွေးကြွတွေက အစ္စရေးကို အငိုက်ဖမ်းတိုက်ခိုက်ခဲ့တဲ့ အတွက် အစ္စရေးနိုင်ငံထဲမှာ လူဦးရေ ၁၂၀၀ ဝန်းကျင်သေဆုံးသွားပြီး ၂၅၀ ကျော် ဓားစာခံအဖြစ် အဖမ်းခံခဲ့ရပါ တယ်။

 

အဲဒီအချိန်ကစပြီး အစ္စရေးစစ်တပ်က ဂါဇာဒေသကို လက်တုံ့ပြန်တိုက်ခိုက်ရာမှာ ပါလက်စတိုင်းလူမျိုး ၃၅၀၀၀ ကျော်သေဆုံးသွားပြီး ၇၈၈၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

Ref: Former US military intelligence official says he resigned over Gaza war

 

#PeopleMedia


Share this post