• Follow Us on
Latest News

Home ဂါဇာစစ်ပွဲကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ် ၇၀% ပါဝင်တဲ့ ပါလက်စတိုင်းလူမျိုး ၁၈၈၀၀ ကျော် သေဆုံး သွားပြီဖြစ်ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးပြော

ဂါဇာစစ်ပွဲကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ် ၇၀% ပါဝင်တဲ့ ပါလက်စတိုင်းလူမျိုး ၁၈၈၀၀ ကျော် သေဆုံး သွားပြီဖြစ်ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၈

 

အောက်တိုဘာလ ၇ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းလူ မျိုး ၁၈,၈၀၀ ဝန်းကျင် သေဆုံးသွားပြီဖြစ်ပြီး အဲဒီအထဲက ၇၀% ဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေဖြစ် ကြောင်း ရာမာလာမြို့က ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ (ဒီဇင်ဘာလ ၁၇ ရက်နေ့) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

သေဆုံးသူစာရင်းထဲမှာ ကျန်းမာရေးလုပ်သား ၃၀၀ ကျော်၊ ဂျာနယ်လစ် ၈၆ ဦး၊ ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်ကူညီကယ်ဆယ်ရေးအဖွဲ့က ဝန်ထမ်း ၁၃၅ ဦးနဲ့ အရပ်ဘက်ကာကွယ်ရေးသင်တန်းနည်းပြ ၃၅ ဦး ပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

လူဦးရေ ၅၁၁၀၀ ဦး ဒဏ်ရာရရှိထားသလို သေသလား/ရှင်သလားမသိဘဲ ရှာဖွေတွေ့ရှိခြင်းမရှိသေးတဲ့သူတွေ လည်း အများအပြားရှိနေသေးကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်တွေစတင်တိုက်ခိုက်လာတဲ့အချိန်ကတည်းက ဒီဇင်ဘာလ ၁၀ ရက်နေ့ အထိ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ဂါဇာဒေသရှိ ပစ်မှတ် ၂၂၀၀၀ ကို တိုက်ခိုက်ခဲ့ပါတယ်။

 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ဆင်ရေးတွေ ဆက်လက်ဆောင်ရွက်နေပေမဲ့လည်း ၎င်းအနေနဲ့ စေ့စပ်ညှိ နှိုှုင်းဖို့ လမ်းဖွင့်ထားဆဲဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နတန်ယာဟုက တနင်္ဂနွေနေ့က ပြောပါတယ်။

 

အစ္စရေးတပ်ဖွဲ့ဝင်တွေနဲ့ ဟားမတ်စ်တွေဖြစ်ပွားတဲ့ တိုက်ပွဲတစ်ခုမှာ အစ္စရေးစစ်သားတွေက ဓားစာခံ ၃ ဦးကို မှားယွင်းပစ်ခတ်မိလိုက်ကြောင်း ဒီဇင်ဘာ ၁၆ ရက်နေ့က အစ္စရေးစစ်တပ်ကပြောပါတယ်။

 

ဓားစာခံ ၃ ဦးကို မှားယွင်းသတ်ဖြတ်မိတဲ့အတွက် အစ္စရေးလူထုက ဝန်ကြီးချုပ် နတန်ယာဟုနဲ့ အစ္စရေးအစိုးရ ကို ပိုမိုဒေါသထွက်နေကြပါတယ်။

 

Ref: Gaza health ministry says 70% of Palestinians killed in the territory during the war are women and children

 

#PeopleMedia


Share this post