• Follow Us on

Home ဂါဇာဆေးရုံတိုက်ခိုက်ခံရမှု အစ္စရေးမှာတာဝန်မရှိကြောင်း အမေရိကန်ပြော

ဂါဇာဆေးရုံတိုက်ခိုက်ခံရမှု အစ္စရေးမှာတာဝန်မရှိကြောင်း အမေရိကန်ပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၉

 

လက်ရှိထောက်လှမ်းရေးသတင်းအချက်အလက်တွေ ဆန်းစစ်လေ့လာမှုအရ ဂါဇာမြို့က ဆေးရုံတိုက်ခိုက်မှု အတွက် အစ္စရေးမှာတာဝန်မရှိဘူးဆိုတာတွေ့ရှိရပေမဲ့ သတင်းအချက်အလက်တွေ ဆက်လက်စုဆောင်းနေဆဲ ဖြစ်ကြောင်း အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့ (အောက်တိုဘာလ ၁၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အစ္စရေးနိုင်ငံမှာတွေ့ဆုံစဉ် သမ္မတဂျိုးလိုင်ဒန်က အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုကို ပြောကြားရာမှာ “ကျွန်တော်လေ့လာတွေ့ရှိထားသမျှအခြေခံပြီး ပြောရရင် ဒီကိစ္စကို ခင်ဗျားတို့လုပ်ဆောင်ခဲ့တာမဟုတ်ဘဲ တ ခြားအဖွဲ့အစည်းတစ်ခုခုက လုပ်ဆောင်ခဲ့တာဖြစ်ပုံရပါတယ်။” လို့ ပြောပါတယ်။

 

အမေရိကန်ရဲ့ဆန်းစစ်လေ့လာမှုတွေဟာ “ဂြိုဟ်တုဓာတ်ပုံတွေ၊ ကြားဖြတ်စက်တွေနဲ့ လွတ်လပ်တဲ့သတင်းရင်း မြစ်တွေ” ကို အခြေခံပြီးဆောင်ရွက်ခဲ့တာဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် အေဒရီယန်ဝတ်ဆန်က ဗုဒ္ဓဟူးနေ့က လူမှုကွန်ရက်ပေါ်မှာတင်ထားပါတယ်။

 

ဆေးရုံပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဂါဇာဘက်က ပါလက်စတိုင်းအရာရှိတွေက အစ္စရေးကို စွပ်စွဲသလို အစ္စရေး ဘက်ကလည်း ဂါဇာဘက်မှာရှိတဲ့ အစ္စလာမ်မစ်ဂျီဟတ်အုပ်စုရဲ့ ဒုံးကျည်လမ်းကြောင်းချော်ပြီး ဆေးရုံကိုထိမှန် ခဲ့တာလို့ ပြန်လည်စွပ်စွဲပါတယ်။

 

ဂါဇာဆေးရုံကိုထိမှန်ခဲ့တဲ့ဒုံးကျည်ဟာ ဂါဇာဒေသမှာရှိတဲ့ အစ္စလာမ်မစ်ဂျီဟတ်အုပ်စုက အစ္စရေးဘက်ကိုပစ် လိုက်တဲ့ဒုံးကျည်လမ်းကြောင်းလွဲချော်ပြီး သွားရောက်ထိမှန်ခဲ့တာဖြစ်ကြောင်း အစ္စရေးဘက်က ဗီဒီယိုဖိုင်တွေ၊ အသံဖိုင်တွေ ထုတ်လွှင့်ပြသခဲ့ပေမဲ့ အစ္စလာမ်မစ်ဂျီဟတ်အုပ်စုက ပြန်လည်ငြင်းဆိုခဲ့ပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့ တိုက်ခိုက်မှုစတင်ဖြစ်ပွားကတည်းက ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံတောင်ပိုင်း နဲ့ အလယ်ပိုင်းဒေသတွေကို ရော့ကက်တွေနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့သလို အစ္စရေးဘက်ကလည်း လက်တုံ့ ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

 

ဟားမတ်စ်-အစ္စရေး စစ်ပွဲအရှိန်ပြင်းထန်နေစဉ်အတွင်း အင်္ဂါနေ့ (အောက်တိုဘာလ ၁၇ ရက်နေ့) ညပိုင်းက ဂါဇာမြို့မှာရှိတဲ့ အယ်လ်အလီနှစ်ခြင်းခရစ်ယာန်ဆေးရုံကို ဒုံးကျည်ထိမှန်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

 

အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး ၂၈၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး နောက်ထပ် ၁၂၀၀ ဝန်းကျင်ကတော့ အပျက်အစီးပုံတွေအောက်မှာ သေသလား/ရှင်သလား မသိရသေးကြောင်း ကျန်းမာ ရေးဝန်ထမ်းတွေက ပြောပါတယ်။

 

Ref: Current US assessment is Israel was ‘not responsible’ for Gaza hospital blast, White House says

 

#PeopleMedia


Share this post