• Follow Us on

Home ဂါဇာဒေသကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်နိုင်တယ်လို့ အာဒိုဂန် အစ္စရေးကို ခြိမ်းခြောက်

ဂါဇာဒေသကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်နိုင်တယ်လို့ အာဒိုဂန် အစ္စရေးကို ခြိမ်းခြောက်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂၉

 

ဂါဇာစစ်ပွဲအရှိန်မြင့်တက်လာပြီး အစ္စရေးနိုင်ငံအနေနဲ့ လက်ဘနွန်နိုင်ငံက ဟစ်ဘိုလာတွေနဲ့ စစ်ပွဲဖြစ်ပွားရင်း ဒေသတွင်းစစ်ပွဲကြီး တစ်ခုအဆင့်ထိ ကျယ့်ပြန့်လာနိုင်တဲ့အခြေအနေမျိုးမှာ တူရကီနိုင်ငံက စစ်ရေးအရကြား ဝင်ဆောင်ရွက်နိုင်ကြောင်း တူရကီသမ္မတရီဆက်တေယစ် အာဒိုဂန်က အစ္စရေးကို ခြိမ်းခြောက်လိုက်ပါတယ်။

 

ဂါဇာဒေသက အစ္စရေးရဲ့စစ်ရေးဆောင်ရွက်ချက်တွေကို တုံ့ပြန်ရာမှာ တူရကီနိုင်ငံအနေနဲ့ မိမိတို့အင်အားကို ပြသဖို့ လိုအပ်ကြောင်း ဇူလိုင်လ ၂၈ ရက်နေ့က ၎င်းရဲ့ဇာတိ ရိုက်ဇ်မြို့မှာ မိန့်ခွန်းပြောကြားစဉ် အာဒိုဂန်က ထည့်သွင်းပြောကြားပါတယ်။

 

“ကျွန်တော်တို့သာ အင်အားကောင်းနေရင် အစ္စရေးဟာ ပါလက်စတိုင်းကို အခုလို လုပ်နိုင်မှာမဟုတ်ပါဘူး။ အာမေးနီးယန်းနဲ့ ကျွန်တော်တို့မဟာမိတ်အဇာဘိုင်ဂျန်တို့ဖြစ်ပွားခဲ့တဲ့ ကရာဘက်စစ်ပွဲနဲ့ လစ်ဗျားက စစ်ပွဲ တွေမှာ ကျွန်တော်တို့ ကြားဝင်ဆောင်ရွက်ခဲ့သလို ဒီကိစ္စမှာလည်း ကြားဝင်ဆောင်ရွက်နိုင်ပါတယ်။ အဲဒီလို မ လုပ်ဖို့အတွက် ဘာအကြောင်းပြချက်မှ မရှိပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

အစ္စရေးက တူရကီကို တိုက်ခိုက်လာနိုင်တဲ့နေ့ ရောက်ရှိလာနိုင်ကြောင်း၊ ဒီကနေ့ ဂါဇာဒေသကို အပြီးတိုင် တိုက်ခိုက်ဖြိုဖျက်နေတဲ့သူတွေဟာ နောက်နေ့မှာ အနာတိုလီယာကို မျက်စိကျမလာဘူးလို့ ဘယ်သူအာမခံနိုင် လို့လဲလို့ အာဒိုဂန်က သတိပေးရင်း မေးခွန်းထုတ်လိုက်ပါတယ်။

 

အစ္စရေး၊ ဂါဇာ၊ လက်ဘနွန်အရေးတွေနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ပြောဆိုလေ့ရှိတဲ့ အာဒိုဂန်ရဲ့ မှတ်ချက် တွေဟာ ဘာမှအရာထင်လေ့မရှိပေမဲ့ အခုလို စစ်ရေးအရ ခြိမ်းခြောက်ပြောဆိုတာမျိုးကိုတော့ အလုံးစုံပစ်ပယ် လိုက်လို့မရနိုင်ဘူးလို့ ဆိုပါတယ်။

 

ဒေသတွင်းကြီးမားကျယ်ပြန့်တဲ့ စစ်ပွဲတစ်ပွဲဖြစ်လာမှာစိုးရိမ်တဲ့ အတွက် ကမ္ဘာ့ခေါင်းဆောင်တွေက အစ္စရေးက လက်ဘနွန်ကို တိုက်ခိုက်နေတာတွေကို လျှော့ချရေး ဖျောင်းဖျဖို့ ဆွေးနွေးခဲ့ကြပါတယ်။

 

ဟစ်ဘိုလာတွေရော့ကက်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ဂိုလန်ကုန်းမြင့်ဒေသမှာ ဘောလုံးကစားနေတဲ့ အစ္စရေး ကလေးငယ် ၁၂ ဦးသေဆုံးသွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွက် ဟစ်ဘိုလာတွေကို ပြန်လည်တုံ့ပြန်ရာမှာ ဒေသ တွင်းစစ်ပွဲကြီးဖြစ်ပွားလာမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

 

အဆိုပါတိုက်ခိုက်မှုအတွက် အစ္စရေးက အီရန်ထောက်ပံ့ထားတဲ့ ဟစ်ဘိုလာအဖွ့ဲကို အပြစ်တင်ခဲ့ပေမဲ့ ဟစ်ဘို လာတွေကတော့ ၎င်းတို့လက်ချက်မဟုတ်ကြောင်း ပြောဆိုရင်း စွပ်စွဲချက်ကို ငြင်းပယ်ခဲ့ပါတယ်။

 

တူရကီအစိုးရ သတင်းဌာန Anadolu Agency ကတော့ အာဒိုဂန်မိန့်ခွန်းထဲက “ကရာဘက်/ လစ်ဗျား စစ်ပွဲတွေ မှာ တူရကီဝင်ရောက်ပတ်သက်မှုတွေနဲ့ အစ္စရေးအခြေအနေတွေကို နှိုင်းယှဉ်ဖော်ပြထားတာတွေကို” ထည့် သွင်းဖော်ပြခြင်းမပြုဘဲ တည်းဖြတ်ဖယ်ထုတ်ခဲ့ပါတယ်။

 

အာဒိုဂန်ရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်ရာမှာ အစ္စရေးအတိုက်အခံခေါင်းဆောင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ် သူ ယာယီးလာပက်ဒ်က “သမ္မတအာဒိုဂန်ဟာ နောက်တစ်ကြိမ် ဒေါသတကြီး အော်ဟစ်ပြောဆိုနေပြန်ပါပြီ။ သူ ဟာ အရှေ့အလယ်ပိုင်းဒေသအတွက် အန္တရာယ်ရှိတဲ့သူပါ။ ကမ္ဘာကြီး အထူးသဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံတွေက သူ့ရဲ့လက်ခံနိုင်ဖွယ်မရှိတဲ့ ခြိမ်းခြောက်မှုအတွက် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချရမှာဖြစ်သလို သူ ဟားမတ်စ် တွေကို ထောက်ခံနေတာကိုလည်း ရပ်တန့်ဖို့ ဖိအားပေးရမှာဖြစ်ပါတယ်။” ပြောပါတယ်။

 

“အာဏာရှင် ဂိုက်ဖမ်းနေတဲ့သူတစ်ယောက်ဆီက ခြိမ်းခြောက်မှုကို ကျွန်တော်တို့ လက်ခံမှာ မဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Turkey’s Erdogan threatens Israel with military action

 

#PeopleMedia


Share this post