• Follow Us on

Home ဂါဇာဒေသက ဟားမတ်စ်တွေအသုံးပြုနေတဲ့ လိုဏ်ခေါင်းဝင်ပေါက် ၁၃၀ ဝန်းကျင်ကို ဖျက်ဆီးပစ်ခဲ့ကြောင်း အစ္စရေးစစ်တပ်ပြော

ဂါဇာဒေသက ဟားမတ်စ်တွေအသုံးပြုနေတဲ့ လိုဏ်ခေါင်းဝင်ပေါက် ၁၃၀ ဝန်းကျင်ကို ဖျက်ဆီးပစ်ခဲ့ကြောင်း အစ္စရေးစစ်တပ်ပြော

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၉

 

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတပ်တွေ ပြီးခဲ့တဲ့လနှောင်းပိုင်း မြေပြင်ထိုးစစ်တွေစတင်ကတည်းက ဟား မတ်စ်စစ်သွေးကြွတွေအသုံးပြုနေတဲ့ လိုဏ်ခေါင်းဝင်ပေါက် ၁၃၀ ဝန်းကျင်ကို ဖျက်ဆီးပစ်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ IDF က နိုဝင်ဘာလ ၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးနိုင်ငံကို အငိုက်ဖမ်းဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဟားမတ်စ်စစ်သွေးကြွ အဖွဲ့ကို တိုက်ခိုက်ချေမှုန်းပစ်ဖို့ အစ္စရေးနိုင်ငံက သံန္နိဋ္ဌာန်ချထားတယ်လို့ဆိုပါတယ်။

 

ဟားမတ်စ်တွေဟာ ဂါဇာ ဒေသကို ၂၀၀၇ ခုနှစ်ကတည်းက အုပ်ချုပ်လာခဲ့တာဖြစ်ပါတယ်။

 

ဟားမတ်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးလူမျိုး ၁၄၀၀ သေဆုံးခဲ့ပြီး ဓားစာခံတွေအဖြစ် ၂၄၀ ဝန်းကျင် အ ဖမ်းခံခဲ့ရသလို အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာလည်း ပါလက်စတိုင်းလူမျိုး ၁၀၀၀၀ ကျော် သေဆုံးသွားပြီဖြစ်ပါတယ်။

 

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်သလို မြေပြင်တပ် တွေဝင်ရောက်တဲ့အချိန်မှာလည်း တိုက်ခိုက်ရေးအင်ဂျင်နီယာတပ်ဖွဲ့တွေဟာ လိုဏ်ခေါင်းတွေ၊ ရော့ကက်ပစ်စင် နေရာတွေအပါအဝင် ဟားမတ်စ်တွေအသုံးပြုနေတဲ့ နေရာအတော်များများကို ဖျက်ဆီးပစ်ခဲ့ပါတယ်။

 

ဟားမတ်စ်တွေဟာ လိုအပ်တဲ့စားနပ်ရိက္ခာကုန်ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေတင်သွင်းဖို့နဲ့ ၎င်းတို့တိုက်ခိုက် ရေးသမားတွေလှုပ်ရှားသွားလာဖို့ အဲဒီလိုဏ်ခေါင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတာဖြစ်တဲ့အတွက် အဲဒီလိုဏ်ခေါင်းတွေကို ရှင်းလင်းဖျက်ဆီးရေးဟာလည်း ဟားမတ်စ်တွေကို တိုက်ခိုက်ရာမှာ အလွန်အရေးကြီး တဲ့အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။

 

အစ္စရေးတပ်တွေဟာ ရှီဖာဆေးရုံက မြေအောက်နေရာတွေအပါအဝင် ဟားမတ်စ်တွေ စစ်ရေးအရအသုံးပြုနေ တဲ့စခန်းတွေနဲ့ မြေအောက်လိုဏ်ခေါင်းတွေရှိနေတယ်လို့ ယုံကြည်ရတဲ့ ဂါဇာမြို့နဲ့ ဂါဇာမြောက်ပိုင်းကနေရာ တွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်ကြောင်း အစ္စရေးဘက်က အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်။

 

အင်ဂျင်နီယာတပ်ဖွဲ့ဝင်တွေနဲ့အတူ အမှတ် ၄၆၀ တပ်မဟာက တပ်ဖွဲ့ဝင်တွေဟာ ဟားမတ်စ်လိုဏ်ခေါင်းတွေ ထဲကို လေသန့်စင်ပြီးထည့်သွင်းပေးနေတယ်လို့ ယူဆရတဲ့ ကားဘက်ထရီစက်ရုံတစ်ခုရဲ့အနီးမှာ လိုဏ်ခေါင်း ဝင်ပေါက်အများအပြားကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

 

ဒါ့အပြင် ဂါဇာမြောက်ပိုင်း ဘေ့ဟနွန်း (Beit Hanoun) နယ်မြေထဲက ကုလသမဂ္ဂ UNRWA စာသင်ကျောင်း တစ်ခုနဲ့ကပ်နေ တဲ့ ဟားမတ်စ်တွေရဲ့ လိုဏ်ခေါင်းတစ်ခုကိုလည်း ရှာဖွေတွေ့ရှိပြီး ဖျက်ဆီးနိုင်ခဲ့တယ်လို့ အစ္စ ရေးတပ်ဖွဲ့ဝင်တွေ က ပြောပါတယ်။

 

မကြာသေးခင်ရက်တွေအတွင်း အစ္စရေး အမှတ် ၂၅၂ အရန်တပ်မက တပ်ဖွဲ့ဝင်တွေဟာ ဒေသတွင်းက ဟား မတ်စ်တွေလှုပ်ရှားနေတဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လိုဏ်ခေါင်းတွေ၊ မြေပြင်စခန်းတွေနဲ့ ရော့ကက် ပစ်စင်တွေအပါအဝင် အကြမ်းဖက်သမားတွေရဲ့ အခြေခံအဆောက်အဦတွေကို ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။

 

မြေပြင်တိုက်ပွဲတွေစတင်ကတည်းက အမှတ် ၂၅၂ အရန်တပ်မဟာ ဘေ့ဟနွန်းနဲ့ ဂျာဘာလီယာနယ်မြေထဲက ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်တွေအပါအဝင် ဟားမတ်စ်တပ်ဖွဲ့ဝင် အများအပြားကို သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

 

Ref: IDF: Troops destroyed 130 Hamas tunnel shafts in Gaza since start of ground op

 

#PeopleMedia


Share this post