• Follow Us on

Home ဂါဇာဒေသမြေပြင်ထိုးစစ်မှာ တနင်္လာနေ့တစ်ရက်တည်း အစ္စရေးတပ်ဖွဲ့ဝင် ၂၄ ဦး ကျဆုံး

ဂါဇာဒေသမြေပြင်ထိုးစစ်မှာ တနင်္လာနေ့တစ်ရက်တည်း အစ္စရေးတပ်ဖွဲ့ဝင် ၂၄ ဦး ကျဆုံး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄

 

ဂါဇာဒေသမြေပြင်တိုက်ပွဲမှာ ဇန်နဝါရီလ ၂၂ ရက်နေ့က အစ္စရေးတပ်ဖွဲ့ဝင် ၂၄ ဦး ကျဆုံးသွားကြောင်း အစ္စရေး စစ်တပ်က ဇန်နဝါရီလ ၂၃ ရက် (အင်္ဂါနေ့) က ကြေညာခဲ့ပြီး အဲဒီကျဆုံးမှုဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ ၂၇ ရက်နေ့ မြေပြင်ထိုးစစ်စတင်ကတည်းက တစ်ရက်တည်းမှာအများဆုံးကျဆုံးခဲ့တဲ့အရေအတွက်ဖြစ်ကြောင်းသိရ ပါတယ်။

 

အဆောက်အအုံနှစ်ခုကြားမှာ တင့်ကားတစ်စီးနဲ့အတူ ချီတက်လာတဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေကို RPG နဲ့ တိုက် ခိုက်ခံရတဲ့အချိန်မှာ အစ္စရေးစစ်သည် ၂၁ ဦး ကျဆုံးသွားတာဖြစ်ကြောင်း အစ္စရေးစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဒန် နီရယ်လ်ဟက်ဂရီက ရုပ်သံကတစ်ဆင့် ပြောကြားခဲ့ပါတယ်။

 

တနင်္လာနေ့ ညနေ ၄ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ကျဆုံးစစ်သည်အားလုံးဟာ အစ္စရေးအရန် တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

 

ဟားမတ်စ်တွေပစ်လိုက်တဲ့ RPG ဗုံးသီးဟာ အနီးအနားက နှစ်ထပ်အဆောက်အအုံနှစ်ခုကြားထဲက အစ္စရေး တပ်ဖွဲ့ဝင်တွေကို အကာအကွယ်ပေးထားတဲ့ တင့်ကား တစ်စီးကိုထိမှန်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း ဟက်ဂရီက ပြောပါတယ်။

 

“ပေါက်ကွဲမှုကြောင့် အဆောက်အအုံတွေပြိုကျသွားပြီး အဲဒီအဆောက်အအုံထဲမှာနဲ့ အနီးအနားမှာလည်း အစ္စ ရေးတပ်ဖွဲ့ဝင်အများအပြား ရှိပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဆေးတပ်ဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်ပေမဲ့ အပျက်အစီးပုံတွေအောက်မှာ မိမိစစ်သည်အလောင်းတွေရှာဖွေရတာ ခက်ခဲပြီး ရှု့ပ်ထွေးလှတဲ့စစ်ဆင်ရေးတစ်ခုဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ကျွန်တော်တို့ အခုလိုဘေးကင်းလုံခြုံစွာနေထိုင်နိုင်အောင်လို့ အစ္စရေးနိုင်ငံတော်ရဲ့လုံခြုံရေးအတွက် အစ္စရေး လံတော်ကိုကာကွယ်ဖို့ သံန္နိဋ္ဌာန်ချထားတဲ့ အရန်စစ်သည်တွေဟာ သူတို့ရဲ့အသက်တွေကို စွန့်လွှတ်သွားတာ ဖြစ်ပါတယ်။” လို့ ဟက်ဂရီက ပြောပါတယ်။

 

တနင်္လာနေ့အစောပိုင်းကလည်း တခြားတိုက်ပွဲတစ်ခုမှာ အစ္စရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကြောင်း အစ္စရေး ကြည်းတပ်က ကြေညာခဲ့တဲ့အတွက် အဲဒီနေ့က စုစုပေါင်းကျဆုံးဦးရေ ၂၄ ဦးဖြစ်ပါတယ်။

 

လူဦးရေ ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်တွေရဲ့တိုက်ခိုက်မှုကို လက် တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးစစ်တပ်က ဂါဇာဒေသကို ဝေဟင်/မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ အမျိုးသမီး နဲ့ ကလေးငယ်အများဆုံးပါဝင်တဲ့ ပါလက်စတိုင်းဦးရေ ၂၅,၂၉၅ ဦး သေဆုံးသွားပြီဖြစ်ကြောင်းသိရပါတယ်။

 

Ref: Israel Says 24 Soldiers Killed in Deadliest Day of Ground War

 

#PeopleMedia


Share this post