ဂါဇာဒေသမှာ စစ်ပွဲကြောင့် ပါလက်စတိုင်းလူမျိုး ၂၀၀၀၀ ဝန်းကျင်သေဆုံးသွားပြီဖြစ်ကြောင်း ဟားမတ်စ် မီဒီယာရုံးပြော
PUBLISHED - December 21, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁
အစ္စရေး-ဟားမတ်စ်စစ်ပွဲအတွင်း အစ္စရေးစစ်တပ်ရဲ့ ဝေဟင်/မြေပြင် ထိုးစစ်ကြောင့် ပါလက်စတိုင်းလူမျိုး ၂၀၀၀၀ ဝန်းကျင်သေဆုံးသွားပြီဖြစ်ကြောင်း ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်မီဒီယာရုံးက ပြောကြားလိုက် ပါတယ်။
ဂါဇာဒေသရှိ လူဦးရေ ၂.၂ သန်းရဲ့ အများစုဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး အဲဒီအထဲက တစ်ဝက် လောက်ဟာ အငတ်ဘေးနဲ့ ရင်ဆိုင်နေရကြောင်း လူ့အခွင့်အရေးအုပ်စုတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြော ပါတယ်။
ဂါဇာဒေသ သေဆုံးတဲ့ပါလက်စတိုင်းဦးရေ ၂၀၀၀၀ ဝန်းကျင်မှာ ကလေးသူငယ် ၈၀၀၀ နဲ့ အမျိုးသမီး ၆၀၀၀ ကျော်ပါဝင်ပြီး လူဦးရေ ၆၇၀၀ ဝန်းကျင်ကတော့ ပျောက်ဆုံးနေတယ်လို့ ဟားမတ်စ်မီဒီယာရုံးကပြောပါတယ်။
ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲပြီး ဓားစာခံတွေ ထပ်မံလွှတ်ပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်နေချိန်မှာ ဟား မတ်စ်အဖွဲ့နိုင်ငံရေးခေါင်းဆောင် အစ္စမေးဟန်နီယက်ဟာ အီဂျစ်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အီဂျစ်နိုင်ငံမှာ ရောက်ရှိနေပါတယ်။
အစ္စရေးနိုင်ငံအနေနဲ့ နောက်ထပ်လူသားချင်းစာနာထောက်ထားမှု အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ဖို့ ဆန္ဒရှိ ကြောင်း အစ္စရေးသမ္မတအိုင်းဆက်ဟာဇော့က မနေ့ကပြောပါတယ်။
တပြိုင်တည်းမှာပဲ အမေရိကန်က ဗီတိုအာဏာနဲ့ ပယ်ချမှာမဟုတ်တဲ့ အပစ် အခတ်ရပ်စဲရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သဘောတူညီမှု မရရှိသေးပါဘူး။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့ (ဒီဇင်ဘာလ ၂၁ ရက်နေ့) မှာ ထပ်မံဆွေးနွေးဦးမှာဖြစ်ပါတယ်။
အမေရိကန်အစိုးရက အစ္စရေး-ဟားမတ်စ် စစ်ပွဲမှာ အစ္စရေးကိုထောက်ခံကြောင်းပြောကြားပြီး စစ်ရေးအကူ အညီတွေပေးပို့ထောက်ပံ့ခဲ့ပေမဲ့ ဂါဇာဒေသကစစ်ပွဲကို ထိန်းသိမ်းနိုင်ရေး အမေရိကန်က ကြိုးပမ်းနေစဉ်အ တွင်းမှာပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုက်သြစတင်ဟာ ဒေသတွင်းကိုရောက်ရှိနေပါတယ်။
အစ္စရေးဘက်ကတော့ အောက်တိုဘာလ ၇ ရက်နေ့ တိုက်ပွဲမှာ အစ္စရေးလူမျိုး ၁၂၀၀ သေဆုံးခဲ့သလို ဓားစာခံ ၂၄၀ ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်အထိ မြေပြင်ထိုးစစ်မှာ အစ္စရေးတပ်ဖွဲ့ဝင် ၁၃၄ ဦး သေဆုံးသွားပြီဖြစ်တယ် လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
Ref: An estimated 20,000 people are dead in Gaza, Hamas media office says
#PeopleMedia