• Follow Us on
Latest News

Home ဂါဇာဒေသမှာ လူမျိုးတုံးသတ်ဖြတ်နေတယ်ဆိုတဲ့စွပ်စွဲချက်ကို ပယ်ချပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နေခြင်း သာဖြစ်ကြောင်း အစ္စရေးပြော

ဂါဇာဒေသမှာ လူမျိုးတုံးသတ်ဖြတ်နေတယ်ဆိုတဲ့စွပ်စွဲချက်ကို ပယ်ချပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နေခြင်း သာဖြစ်ကြောင်း အစ္စရေးပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၃

 

နိုင်ငံတကာတရားရုံး (ICJ) မှာ တောင်အာဖရိကနိုင်ငံက စွပ်စွဲထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆို တဲ့ စွပ်စွဲချက်ကို အစ္စရေးနိုင်ငံက သောကြာနေ့ (ဇန်နဝါရီလ ၁၂ ရက်နေ့) က ပယ်ချလိုက်ပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသမှာ ဆင်နွှဲနေတဲ့စစ်ပွဲဟာ မိမိကိုယ်မိမိ ခုခံကာကွယ်တဲ့စစ်ပွဲဖြစ်ကြောင်း၊ ဟားမတ်စ်တွေ ကိုသာ ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီး အစ္စရေးပြည်သူတွေကို ပစ်မှတ်ထားတာမဟုတ်ကြောင်း၊ အစ္စရေး ခေါင်းဆောင်တွေလည်း လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်မရှိကြောင်း နိုင်ငံတကာရုံးရုံး (ICJ) ရဲ့ ဒုတိယမြောက် နေ့/ နောက်ဆုံးနေ့ ကြားနာပွဲမှာ အစ္စရေးဘက်က ပြောပါတယ်။

 

အစ္စရေးခေါင်းဆောင်တွေဟာ ဂါဇာဒေသမှာ ပါလက်စတိုင်းတွေကို အစုလိုက်အပြုံလိုက်ချေမှုန်းသုတ်သင်ဖို့ ရည်ရွယ်ချက်ရှိတဲ့အတွက် ပါလက်စတိုင်းတွေကို ဝေဟင်/မြေပြင်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း တောင် အာဖရိကနိုင်ငံက ကြာသပတေးနေ့ (ဇန်နဝါရီလ ၁၁ ရက်နေ့) က စွပ်စွဲခဲ့ပါတယ်။

 

အခုတင်လာတဲ့အမှုဟာ “လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့စကားလုံးအဓိပ္ပာယ်ကို တလွဲဘာသာပြန်ဖို့အတွက် အတ္တ ကြီးတဲ့စုပေါင်းကြိုးပမ်းအားထုတ်မှုတစ်ရပ်ဖြစ်ကြောင်းပြောပါတယ်။

 

အခုတင်ပြတဲ့အမှုဟာ အခြေအမြစ်မရှိတဲ့စွပ်စွဲချက်အဖြစ် ပယ်ချပေးဖို့ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာရှိတဲ့ နိုင်ငံတကာရုံးရုံး (ICJ) ကို အစ္စရေးနိုင်ငံက တင်ပြခဲ့ပြီး စစ်ပွဲရပ်ဆိုင်းဖို့ တောင်အာဖရိကနိုင်ငံရဲ့မေတ္တာရပ်ခံ ချက်ကိုလည်း ငြင်းပယ်ဖို့ တောင်းဆိုခဲ့ပါတယ်။

 

အစ္စရေးအစိုးရက ဂါဇာဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ဂျာမန်အစိုးရက လည်း ပယ်ချကြောင်း ဂျာမန်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စတက်ဖင်ဟားဘက်စထရွိုက်က နိုင်ငံတကာရုံးရုံး (ICJ) မှာ ဖတ်ပြခဲ့တဲ့ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

 

အစ္စရေးနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုသဘောတူညီချက်ကို လက်ခံထားတဲ့အကြောင်းရင်းကို ကောင်းစွာသ ဘောပေါက်နားလည်ကြောင်း၊ အစ္စရေးတွေရဲ့လောင်မြိုက်နေတဲ့မှတ်ဉာဏ်ထဲမှာစွဲနေတာက လူမျိုးတုံးသတ် ဖြတ်ဖို့ ကြိုတင်ကြံစည်ထားတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ဂျူး ၆ သန်းကျော်အသတ်ခံခဲ့ရတာဖြစ်ကြောင်း အစ္စရေးဘက်ကရှေ့နေ တဲလ်ဘက်ကာက ပြောပါတယ်။

 

တောင်အာဖရိက နိုင်ငံဟာ အစ္စရေးနိုင်ငံကို တိုက်ခိုက်ဖို့အတွက် “လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့စကားရပ်” ကို လက်နက်တစ်ခုသဖွယ်အသုံးပြုခဲ့တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

လူမျိုးတုံးသတ်ဖြတ်မှုကို နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၊ လူမျိုးစုတစ်စု၊ ဘာသာရေးအဖွဲ့အစည်းတစ်ရပ်ရပ်ကို အားလုံးဖြစ်စေ/ အစိတ်အပိုင်းတစ်ရပ်ကိုဖြစ်စေ တိုက်ခိုက်ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ ကျူးလွန်တဲ့ရာဇဝတ်မှု အဖြစ် ကုလသမဂ္ဂက အဓိပ္ပာယ်ဖွင့်ဆိုထားပြီး ဒီစကားရပ်ဟာ ဟိုလိုကပ်စ်ဖြစ်စဉ်မှာ ဂျူးလူမျိုးတွေကို ဂျာမန် နာဇီတွေက အစုလိုက်အပြုံလိုက်သတ်ဖြတ်ရာကနေ ထွက်ပေါ်လာတဲ့စကားလုံးဖြစ်ကြောင်း ပြောပါတယ်။

 

အစ္စရေးနိုင်ငံက စစ်ပွဲအတွင်း ပေါင် ၂၀၀၀ ဗုံးတွေအသုံးပြုခဲ့တာ၊ ဂါဇာဒေသကို စားနပ်ရိက္ခာနဲ့ သောက်သုံးရေ တွေပိတ်ပင်ခဲ့တာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုသဘောတူညီချက်ကို ဖောက်ဖျက်ရာကျနိုင်ကြောင်း တောင် အာဖရိကနိုင်ငံက ပြောပါတယ်။

 

ဒီအမှုနဲ့ပတ်သက်ပြီး အချိန်ယူဆုံးဖြတ်ရမှာဖြစ်လို့ အပြီးသတ်ဆုံးဖြတ်ချက်ချဖို့ နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပါ တယ်။

 

ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သြက်ပီး အရေးပေါ်ဆောင်ရွက်ရမယ့် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ဖို့အတွက် နိုင်ငံတကာ တရားရုံး (ICJ) တရားသူကြီး ၁၅ ဦးပါဝင်တဲ့အဖွဲ့က နှစ်ဖက် လျှောက်လဲချက်တွေကို ထပ်မံမကြားနာခင်မှာ ရက်ပေါင်းများစွာ/သီတင်းပတ်ပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။

 

Ref: Israel denies genocide accusations at top UN court, says war in Gaza is self-defense

 

#PeopleMedia


Share this post