• Follow Us on

Home ဂါဇာဒေသမှာ ဟားမတ်စ်တစ်ဦးကိုချေမှုန်းသုတ်သင်ဖို့အတွက် အရပ်သားနှစ်ဦးပါ သေဆုံးနေရကြောင်း အစ္စရေးစစ်တပ်ဝန်ခံ

ဂါဇာဒေသမှာ ဟားမတ်စ်တစ်ဦးကိုချေမှုန်းသုတ်သင်ဖို့အတွက် အရပ်သားနှစ်ဦးပါ သေဆုံးနေရကြောင်း အစ္စရေးစစ်တပ်ဝန်ခံ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၅

 

ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်စစ်သွေးကြွတစ်ဦးကို ချေမှုန်းသုတ်သင်ဖို့အတွက် အရပ်သားနှစ်ဦးပါ သေ ဆုံးနေရ ကြောင်း အစ္စရေးထိပ်တန်းစစ်ဘက်အရာရှိတွေက တနင်္လာနေ့ (ဒီဇင်ဘာလ ၄ ရက်နေ့) က ဝန်ခံ ပြောကြားလိုက်ပေမဲ့ အစ္စရေးတပ်မတော်အနေနဲ့ အရပ်သားအသေအပျောက်လျော့နည်းအောင် အဆင့်မြင့်မြေ ပုံညွှန်းဆော့ဖ်ဝဲလ်ကို အသုံးပြုနေကြောင်း ပြောပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမတ်စစ်တွေက အစ္စရေးကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဒီကနေ့အချိန်အထိ ပါလက်စတိုင်းလူမျိုး ၁၅၉၀၀ ဝန်းကျင်သေဆုံး သွားပြီဖြစ်ပြီး သေဆုံးသူအများစုဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေဖြစ်တယ်လို့ ဂါဇာမှာရှိတဲ့ ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ဟားမတ်စ်စစ်သွေးကြွ ၅၀၀၀ သေဆုံးသွားပြီဆိုတာနဲ့ပတ်သက်ပြီး သတင်းထောက်တွေဘက်ကမေးမြန်းတာ ကို အစ္စရေးထိပ်တန်းစစ်ဘက်ခေါင်းဆောင်တစ်ဦးက “အရေအတွက်က အလျော့အ တင်းရှိနိုင်ပါတယ်။” လို့ ပြန်ဖြေပါတယ်။

 

“နှစ်ယောက်တစ်ယောက်နှုန်း (ဟားမတ်စ်တစ်ယောက်သေဖို့ အရပ်သားနှစ်ယောက်သေနေရတာ) ကို ဆိုးရွား တဲ့နှုန်းမဟုတ်ဘူးလို့ ကျွန်တော်ပြောနေတာ မဟုတ်ပါဘူး။ လူသားဒိုင်းအကာအကွယ်ယူထားတာက ဟား မတ်စ်တွေရဲ့ အဓိကမဟာဗျူဟာဖြစ်ပါတယ်။” လို့ အဲဒီအရာရှိက ပြောပါတယ်။

 

“လာမယ့်စစ်ဆင်ရေးအဆင့်မှာ အဲဒီအချိုးဟာ အများကြီးလျော့ကျသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ အမည်မဖော်လိုတဲ့ နောက်ထပ်အစ္စရေးအရာရှိတစ်ဦးက ပြောပါတယ်။

 

ဂါဇာဒေသမှာ ပါလက်စတိုင်းလူမျိုးတွေ အသေအပျောက်များလာပြီး လူသားချင်းစာနာမှုအခက်အခဲတွေ ပိုမိုမြင့် တက်လာတာကြောင့် ကမ္ဘာတစ်ဝန်း ဒေါသထွက်နေကြပါတယ်။

 

အစ္စရေးလူမျိုး ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အ နေနဲ့ အစ္စရေးစစ်တပ်က ဟားမတ်စ်စစ်သွေးကြွတွေကို သုတ်သင်ရှင်းလင်းဖို့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အတူ မြေပြင်ထိုးစစ်ကိုပါ ဆင်နွှဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

 

ဂါဇာဒေသခံအများအပြားဟာ မြောက်ပိုင်းကိုစွန့်ခွာပြီး တောင်ပိုင်းကို ရွှေ့ပြောင်းနေကြချိန်မှာ အစ္စရေးစစ်တပ် ကလည်း ဂါဇာတောင်ပိုင်းကို ထိုးစစ်ဆင်နေချိန်အတွင်း အရပ်သားအသေအပျောက် တတ်နိုင်သမျှလျော့နည်း အောင် ဂရုစိုက်ဆောင်ရွက်ဖို့ အစ္စရေးရဲ့ အဓိကမဟာမိတ်အမေရိကန်ပြည်ထောင်စုက အစ္စရေးကို သတိပေး ထားပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသမှာ အရပ်သားရွှေ့ပြောင်းမှုကို ခြေရာခံဖို့နဲ့ ဘေးကင်းလုံခြုံရေးအမိန့်ကြေညာချက်တွေကို ထုတ်ပြန်နိုင်ဖို့အတွက် အစ္စရေးစစ်တပ်က အဆင့်မြင့်မြေပုံညွှန်းဆော့ဖ်ဝဲလ်ကို အသုံးပြုနေတယ်လို့ အစ္စရေး အရာရှိတစ်ဦးက ပြောပါတယ်။

 

ဂါဇာဒေသတစ်ဝန်း အရပ်သားအစုလိုက်အပြုံလိုက်ရွှေ့ပြောင်းမှုကို အချိန်နဲ့တပြေးညီ တောက်လျှောက်သိရှိနိုင် ဖို့အတွက် အဲဒီအဆင့်မြင့်မြေပုံညွှန်းဆော့ဖ်ဝဲလ်စနစ်ကို မိုဘိုင်းဖုန်းတွေ၊ တခြားဆက်သွယ်ရေးပစ္စည်းကိရိယာ တွေ၊ လေ ကြောင်းစောင့်ကြည့်ထောက်လှမ်းလေယာဉ်တွေ၊ ဒေသခံတွေရဲ့သတင်းပေးပို့ချက်တွေနဲ့ AI နည်း ပညာတွေနဲ့ပါ ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။

 

လူဦးရေ ၇၅ ရာခိုင်နှုန်း ဘေးကင်းလုံခြုံရာကို ရွှေ့ပြောင်းသွားပြီးတဲ့နေရာတွေကို အဆင့်မြင့်မြေပုံညွှန်းဆော့ဖ် ဝဲလ်တိုင်းရဲ့ အမှတ် ၆၂၃ cells တွေမှာ “အစိမ်းရောင်နယ်မြေ” အဖြစ် အရောင်ခွဲခြားဖော်ပြထားပါတယ်။

 

“တောင်ပိုင်းမှာ လူဦးရေက နှစ်ဆဖြစ်သွားပြီဖြစ်လို့ စစ်ဆင်ရေးတွေကို ပိုပြီး တိတိကျကျဆောင်ရွက်ဖို့ လိုအပ်ပါ တယ်။ အရပ်သားတွေကို သတိပေးပြီး စစ်ဆင်ရေးတွေကို ထိထိရောက်ရောက်ဆင်နွှဲနိုင်ဖို့ ကျွန်တော်တို့ ပိုပြီး အချိန်ယူဆောင်ရွက်နေပါတယ်။” လို့ အစ္စရေးအရာရှိတစ်ဦးက ပြောပါတယ်။

 

သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနက ၈ နှစ်ကြာ အချိန်ယူလုပ်ဆောင်ခဲ့တဲ့ထွက်ကုန်ဖြစ်တဲ့ အဲဒီ အဆင့်မြင့် မြေပုံညွှန်းဆော့ဖ်ဝဲလ်တွေကို မြေပြင်က စစ်ခေါင်းဆောင်တွေနဲ့ တပ်ဖွဲ့တွေမှာ ဖြန့်ဝေထားပါတယ်။

 

တချို့နယ်မြေတွေမှာ အစ္စရေးစစ်တပ်က တိုက်ခိုက်မှုမလုပ်ခင်မှာ အဲဒီနယ်မြေတွေကနေ ထွက်ခွာသွားဖို့ SMS စာတိုတွေ၊ ဖုန်းခေါ်ဆိုမှုတွေ၊ သတိပေးစာရွက်ကြဲချတာတွေနဲ့ တခြားကြေညာချက်တွေက တစ်ဆင့် အရပ် သားတွေကို သတိပေးဖို့အတွက် ပေါင်းစပ်ညှိနှိုင်းရာမှာ အဲဒီ အဆင့်မြင့် မြေပုံညွှန်းဆော့ဖ်ဝဲလ်တွေ အသုံးပြု တယ်လို့ဆိုပါတယ်။

 

Ref: Israeli Military Admits Two Civilian Deaths for Every Hamas Fighter in Gaza

 

#PeopleMedia


Share this post