ဂါဇာဒေသမှာ အဆုံးအထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးပြော
PUBLISHED - December 14, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄
အစ္စရေးတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့တဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဂါဇာမြောက်ပိုင်းက ရှူဂျားယာမြို့မှာ အစ္စရေးစစ် တပ်က ဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးယူအက်ဂါးလန့်က ပြောကြားလိုက် ပါတယ်။
“ဟားမတ်စ်အဖွဲ့ကို ချေမှုန်းသုတ်သင်ဖို့နဲ့ ဓားစာခံတွေ အိမ်ပြန်ရောက်ဖို့အတွက် အလွန်အရေးကြီးတဲ့ ဒီစစ်ဆင် ရေးကြီး အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်ဖို့က ကျွန်တော်တို့တာဝန်ပါ။” လို့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂါးလန့်က ပြောပါတယ်။
ဂါဇာဒေသကို မြေပြင်ထိုးစစ်စတင်ကတည်းက မြေပြင်တိုက်ပွဲတွေထဲကမှာ အင်္ဂါနေ့က အစ္စရေးတပ်ဖွဲ့ဝင်တွေ ကျဆုံးမှုဟာ အကြီးမားဆုံး ဆုံးရှုံးမှုလို့ ဆိုပါတယ်။ “စစ်ပွဲက အရင်းအနှီးအများကြီးပေးရပေမဲ့ ကျွန်တော်တို့ နိုင်မှာပါ။” လို့ ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။
အဆုံးအထိ တိုက်ပွဲဝင်မယ်လို့ ဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟု ဗုဒ္ဓဟူးနေ့က ပြောလိုက်တဲ့စကားအတိုင်း ဂါးလန့်က ထပ်မံပြောဆိုလိုက်တာဖြစ်ပါတယ်။
“ကြီးမားတဲ့ဆုံးရှုံးမှုနဲ့အတူ နိုင်ငံတကာဖိအားတွေနဲ့ ရင်ဆိုင်နေရပေမဲ့ ဘယ်အရာကမှ ကျွန်တော်တို့ကို ဟန့် တားနိုင်မှာမဟုတ်ပါဘူး။ ကျွန်တာ်တို့ အဆုံးအထိ၊ အောင်ပွဲရတဲ့အထိ တိုက်ပွဲဝင်မှာပါ။” လို့ နတန်ယာဟု က ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အဆက်မပြတ်တိုက်ခိုက်နေမှုဟာ ဓားစာခံတွေ ထပ်မံလွှတ်ပေးဖို့ ဟားမတ်စ် အဖွဲ့ အတွက် ဖိအားဖြစ်လာမှာဖြစ်တယ်လို့ ယုံကြည်ကြောင်း ဂါးလန့်က ပြောပါတယ်။
နိုင်ငံတကာဖိအားတွေမြင့်တက်လာတာကြောင့် လတ်တလောကာလမှာ ဂါဇာဒေသကို လေကြောင်းကနေ တိုက်ခိုက်နေတာတွေ လျှော့ချသွားဖို့ ရှိမရှိ သတင်းထောက်တစ်ဦးက ဂါးလန့်ကို မေးမြန်းခဲ့ပါတယ်။
“ဂါဇာကမ်းမြောင်ဒေသကို အင်အားသုံးပြီး ကျွန်တော်တို့ တိုက်ခိုက်နေပါတယ်။ မြောက်ပိုင်းရော တောင်ပိုင်းကို ရော တိုက်ခိုက်နေတာပါ။ ကျွန်တော်တို့ကို ဘာလုပ်ပါလို့ ဘယ်သူကမှ လာဆုံးဖြတ်မှာမဟုတ်ပါဘူး။” လို့ ဂါး လန့်က ပြောပါတယ်။
ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးနဲ့ အမေရိကန်ကြားမှာ တင်းမာမှုတွေမြင့်တက်လာတာနဲ့ ပတ်သက်ပြီး သ တင်းထောက်ရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာ “အမေရိကန်အရာရှိတွေက အစ္စရေးကို လိုတာထက်ပို ပြီးတော့တောင် ကူညီနေပါတယ်။ အမေရိကန်ထောက်ပံ့မှုရအောင် ကျွန်တော်တို့ ဆက်ပြီးနည်းလမ်းရှာဖွေ သွားမှာပါ။ သူတို့က ကျွန်တော်တို့ကို အောင်မြင်စေချင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အောက်တိုဘာလ ၇ ရက် စစ်ပွဲစတင်ကတည်းက အစ္စရေးလေတပ်ကအသုံးပြုခဲ့တဲ့ ဗုံးတွေရဲ့ တစ်ဝက်လောက် နီးပါးဟာ ပဲ့ထိန်းလမ်းညွှန်ဗုံးတွေ မဟုတ်ဘဲ သမရိုးကျဗုံးတွေဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွ့ဲ တစ်ခုရဲ့ ဆန်းစစ်လေ့လာမှုမှာဖော်ပြထားပါတယ်။
အစ္စရေးက အသုံးပြုခဲ့တဲ့ ဝေဟင်-မြေပြင်ပစ် ဗုံး/ဒုံးတွေ ၂၉၀၀၀ ရှိတဲ့အနက် အဲဒီအထဲက ၄၅% ဝန်းကျင် လောက်ဟာ သမရိုးကျဗုံးတွေဖြစ်ပြီး ကျန်တဲ့ဗုံးတွေကတော့ ပဲ့ထိန်းလမ်းညွှန်ဗုံးတွေဖြစ်တယ်လို့ အမေရိကန် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးက ပြုလုပ်ခဲ့တဲ့ ဆန်းစစ်လေ့လာမှုမှာ ဖော်ပြထားကြောင်း သ တင်းရင်းမြစ် ၃ ဦးက ပြောပါတယ်။
သမရိုးကျဗုံးတွေဟာ တိကျမှုနည်းပါးတဲ့အတွက် အရပ်သားတွေ အထူးသဖြင့် လူနေထူထပ်တဲ့ ဂါဇာဒေသက အရပ်သားတွေအတွက် အလွန်ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။
ဂါဇာဒေသမှာ အရပ်သားအသေအပျောက်များတာဟာ အစ္စရေးစစ်တပ်က သမရိုးကျဗုံးတွေကို အသုံးပြုခဲ့လို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
Ref: “No one determines for us what to do.” Israel’s defense minister vows to complete mission in Gaza
#PeoopleMedia