• Follow Us on

Home ဂါဇာဘက်က အစ္စရေးတပ်ဖွဲ့ဝင်တချို့လျှော့ချတာဟာ စစ်ပွဲအရှိန်စတင်လျှော့ချတာဖြစ်ကြောင်း အမေရိကန် ထိပ်တန်းအရာရှိတစ်ဦးပြော

ဂါဇာဘက်က အစ္စရေးတပ်ဖွဲ့ဝင်တချို့လျှော့ချတာဟာ စစ်ပွဲအရှိန်စတင်လျှော့ချတာဖြစ်ကြောင်း အမေရိကန် ထိပ်တန်းအရာရှိတစ်ဦးပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂

 

ဂါဇာဒေသက တပ်ဖွဲ့ဝင်တွေကို စတင်လျှော့ချတော့မယ်ဆိုတဲ့ အစ္စရေးဘက်က ကြေညာချက်ဟာ စစ်ပွဲအရှိန် မြင့်တက်မှုကို တဖြည်းဖြည်း လျှော့ချသွားမယ်ဆိုတဲ့ အရိပ်လက္ခဏာပဲဖြစ်ကြောင်း အမေရိကန်ထိပ်တန်းအရာ ရှိတစ်ဦးက တနင်္လာနေ့ (ဇန်နဝါရီလ ၁ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အစ္စရေးနိုင်ငံဟာ ၂၀၂၄ ခုနှစ် ရေရှည်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေစဉ်အတွင်းမှာ ဂါဇာဒေသ မြေပြင်ထိုးစစ်ဆင်နွှဲနေတဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကို စတင်လျှော့ချနေပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေး တပ်ဖွဲ့က တနင်္လာနေ့အစောပိုင်းက ပြောပါတယ်။

 

အစ္စရေးစစ်တပ်က ဟားမတ်စ်တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန်မှာ အမေရိကန်အစိုးရက စစ်ပွဲအတွင်း ပိုမိုဂရုတစိုက်ဆောင်ရွက်ဖို့ အစ္စရေးအရာရှိတွေကို တိုက်တွန်းနေပါတယ်။

 

အခုလိုအစ္စရေးဘက်က ကြေညာလိုက်တာဟာ ဟားမတ်စ်စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ ဂါဇာမြောက် ပိုင်းမှ အစ္စရေးဘက်ကရရှိခဲ့တဲ့ အောင်မြင်မှုကို ထင်ဟပ်ပေါ်လွင်စေတယ်လို့ အဆိုပါ အမေရိကန်အရာရှိက ပြောပါတယ်။

 

ဒါပေမဲ့ ဂါဇာမြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဂါဇာတောင်ပိုင်းမှာ တစ်စုံတရာပြောင်း လဲမှုတွေဖြစ်ပေါ်မယ့်ပုံ မတွေ့ရသေးကြောင်း အဆိုပါအရာရှိက သတိပေးလိုက်ပါတယ်။

 

လာမယ့်သီတင်းပတ်ကာလတွေဟာ ဂါဇာဒေသမှာ စစ်ရှိန်လျှော့ချဖို့ ဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုရဲ့ ဆန္ဒ ကို ထုတ်ဖော်ပြသမယ့် အလွန်အရေးကြီးတဲ့ကာလတစ်ခုပဲဖြစ်ကြောင်း အမေရိကန်အရာရှိတွေက ရှုမြင်ထား ကြပါတယ်။

 

ဂါဇာဒေသမှာ လာမယ့်စစ်ဆင်ရေးဆောင်ရွက်မှုအဆင့်နဲ့ပတ်သက်ပြီး အမေရိကန်အရာရှိတွေမျှော်လင့်ထားတဲ့ အတိုင်းဖြစ်ပေါ်လာဖို့အတွက် အစ္စရေးအရာရှိတွေနဲ့ ဆက်လက်ဆွေးနွေးဖို့ အရှေ့အလယ်ပိုင်းဒေသကို အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် အခုသီတင်းပတ်နှောင်းပိုင်းမှာ သွားရောက်မှာဖြစ်ပါတယ်။

 

Ref: US official: Israel’s withdrawal of some troops in Gaza appears to be start of lower-intensity phase of war

 

#PeopleMedia


Share this post