• Follow Us on
Latest News

Home ဂါဇာမှာရှိတဲ့ အင်ဒိုနီးရှားဆေးရုံကို အစ္စရေးတွေတိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦးထက်မနည်းသေဆုံး

ဂါဇာမှာရှိတဲ့ အင်ဒိုနီးရှားဆေးရုံကို အစ္စရေးတွေတိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦးထက်မနည်းသေဆုံး

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၁

 

အစ္စရေးတပ်တွေ တနင်္လာနေ့က အမြောက်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း ရှိ အင်ဒိုနီးရှားဆေးရုံမှာ အရပ်သား ၁၂ ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာဒေသကျန်းမာ ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အစ္စရေးတပ်တွေဟာ အင်ဒိုနီးရှားဆေးရုံကို အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် အဲဒီဆေးရုံမှာရှိတဲ့ လူ နာအများအပြား၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူအများအပြားဟာ အသက်အန္တရာယ် စိုးရိမ်ရ တဲ့အနေအထားမှာရောက်ရှိနေကြောင်း အဲဒီကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အစ္စရေးတပ်တွေ ဆေးရုံကို ပစ်ခတ်မှုကြောင့် လူ ၈ ဦးသေဆုံးခဲ့တယ်လို့ အစောပိုင်းက ပါလက်စတိုင်းတရား ဝင်သတင်းဌာနဖြစ်တဲ့ ဝါဖာသတင်းဌာနက ပြောပါတယ်။

 

အဲဒီဆေးရုံကြီးအတွင်းမှာ လူနာ ၁၅၀၊ ကျန်းမာရေးဝန်ထမ်း ၁၀၀ နဲ့ စစ်ဘေးရှောင်ပြည်သူအများအပြား ရှိနေ တယ်လို့ ဆိုပါတယ်။

 

ဆေးရုံမှာအသုံးပြုနေတဲ့ ဂျင်နရေတာတွေကို အစ္စရေးတွေပစ်လိုက်တဲ့ အမြောက်ကျည်တွေထိမှန်သွားပြီး နောက် ဆေးရုံမှာလျှပ်စစ်မီးတွေပြတ်တောက်သွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

 

စစ်ဘေးရှောင်ပြည်သူတွေ အဲဒီဆေးရုံထဲကထွက်ခွာလာစဉ်မှာ နောက်ထပ်အစ္စရေးတပ်က ပစ်လိုက်တဲ့ အ မြောက်ကျည်တွေထိမှန်ပြီး သေဆုံးခဲ့တာတွေလည်းရှိတယ်လို့ ဂါဇာပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

 

တိုက်ခိုက်မှုကြောင့် လူတချို့ထိခိုက်သေဆုံးခဲ့တယ်လို့ပြောပေမဲ့ သေဆုံး/ဒဏ်ရာရ စာရင်းအတိအကျကိုတော့ ပြည်ထဲရေးဝန်ကြီးဌာနက မပြောပါဘူး။

 

အစ္စရေးတွေရဲ့တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုဖြစ်ပြီး ဂါဇာဒေသက ကျန်းမာရေးအဆောက်အအုံတွေကို ကာ ကွယ်ဖို့ နိုင်ငံတကာက ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပါလက်စတိုင်းဟားမတ်စ်အဖွဲ့က ပြောပါတယ်။

 

အစ္စရေးအစိုးရဟာ ပါလက်စတိုင်းတွေကို အပြင်းအထန်ပစ်ခတ်တိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ် ကာ၊ အရပ်ဘက်အခြေခံအဆောက်အအုံတွေကိုပါ တိုက်ခိုက်ဖျက်ဆီးတဲ့အပြင် ပါလက်စတိုင်းတွေ ဒီဒေသက ထွက်ခွာသွားအောင်လုပ်ဆောင်တဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ကျန်းမာရေးကဏ္ဍကိုပါ တိုက်ခိုက်ဖျက်ဆီးနေ တာဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့က စွပ်စွဲပြောဆိုလိုက်ပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့ကစတင်ဖြစ်ပွားခဲ့တဲ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် အမျိုးသမီးနဲ့ ကလေးသူ ငယ် ၉၀၀၀ အပါအဝင် ပါလက်စတိုင်းလူမျိုး ၁၃၀၀၀ ထက်မနည်း သေဆုံးသွားပြီဖြစ်ပြီး ၃၀၀၀၀ ကျော် ဒဏ် ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းအာဏာပိုင်တွေက ပြောပါတယ်။ အစ္စရေးဘက်မှာတော့ လူဦးရေ ၁၂၀၀ ဝန်း ကျင်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

 

အစ္စရေးရဲ့ ဝေဟင်/ မြေပြင် ထိုးစစ်တွေကြောင့် ဆေးရုံတွေ၊ ဗလီတွေ၊ ဘုရားကျောင်းတွေအပါအဝင် အ ဆောက်အအုံအများအပြား ပျက်စီးသွားခဲ့ပြီဖြစ်ပါတယ်။

 

အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်ဒေသကို လောင်စာဆီ၊ လျှပ်စစ်မီးနဲ့ သောက်သုံးရေတွေ ဖြတ်တောက် ထားသလို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလည်း လျှော့ချထားပါတယ်။

 

Ref: 12 killed as Israeli forces shell Indonesian Hospital in Gaza

 

#PeopleMedia


Share this post