ဂါဇာမှာ အကြမ်းဖက်သမားတွေအသုံးပြုနေတဲ့ တရုတ်ထုတ်လက်နက်တွေအများအပြား ရှာဖွေတွေ့ရှိ
PUBLISHED - January 3, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၃
ဂါဇာမြို့မှာ ဟားမတ်စ်စစ်သွေးကြတွေအသုံးပြုနေတဲ့ သိုဝှက်ထားတဲ့ တရုတ်လုပ်လက်နက်တွေ အများအပြား ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
အစ္စရေးက ဝေဟင်/မြေပြင် ထိုးစစ် ပြင်းပြင်းထန်ထန် ဆင်နွှဲနေစဉ်အတွင်းမှာ အခုလို ဟားမတ်စ်တွေသုံးနေတဲ့ လက်နက်တွေကို သိမ်းဆည်းရမိခဲ့တာဖြစ်ကြောင်း N12 ရုပ်သံလိုင်းက ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ လက်နက်အမျိုးအစားနဲ့ အရေအတွက်ကို အများပြည်သူသိအောင် ထုတ်ပြန်ကြေညာခြင်းမရှိ ပေမဲ့ လက်နက်နမူနာတချို့ကိုတော့ အစ္စရေးအရာရှိတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
အစ္စရေးလူမျိုး ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့တဲ့ ဟားမတ်စ်တွေရဲ့ အောက်တိုဘာလ ၇ ရက်နေ့ တိုက်ခိုက်မှုအပြီး မှာ အစ္စရေးဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းလူမျိုး ၂၁,၈၀၀ ကျော်သေဆုံးသွားပြီဖြစ်ပါတယ်။
တရုတ်ထုတ်လက်နက်တွေဟာ အရေအတွက်များပြားလွန်းတဲ့အတွက် ကုန်တင်သင်္ဘောတွေနဲ့ တင်ပို့ခဲ့တာဖြစ် နိုင်ကြောင်း N12 ရုပ်သံလိုင်းက ပြောပါတယ်။
သိမ်းဆည်းထားတဲ့လက်နက်တွေဟာ ပေါင်းစပ်ညှိနှိုင်းထားတဲ့လမ်းကြောင်းတစ်ခုကနေ ဂါဇာကမ်းမြောင်ဒေသ ထဲကို သယ်ဆောင်လာတာဖြစ်နိုင်ကြောင်း အစ္စရေးအရာရှိတွေက ပြောပါတယ်။
“တရုတ်နိုင်ငံက လက်နက်တွေ ကြီးကြီးမားမား ထုတ်လုပ်နေတဲ့နိုင်ငံဖြစ်တယ်။ တိတိကျကျ ပြောရရင် တရုတ် နိုင်ငံဟာ အစိုးရမဟုတ်တဲ့ သူပုန်အဖွဲ့တစ်ဖွဲ့ကို လက်နက်မရောင်းပါဘူး။ သေချာတာက အရှေ့အလယ်ပိုင်းဒေ သမှာရှိတဲ့ နိုင်ငံတွေကို ရောင်းချတာဖြစ်တယ်။” လို့ တရုတ်-အစ္စရေး ဆက်ဆံရေး ကျွမ်းကျင်သူ ခရိုက်စ်ဝစ်တီ က The Jerusalem Post သတင်းစာကို ပြောပါတယ်။
အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ရောင်းချလိုက်တဲ့ လက်နက်တွေက အကြမ်းဖက်သမားတွေလက်ထဲကိုရောက် သွားတာဖြစ်နိုင်ကြောင်း ၎င်းက ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ တရုတ်ထုတ်လက်နက်တွေကို အခုလိုရှာဖွေတွေ့ရှိတာ ပထမဦးဆုံးအကြိမ် မဟုတ် ဘူးလို့ ဆိုပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားတွေ အသုံးပြုနေတဲ့ လက်နက်တွေထဲမှာ တရုတ်လက်နက်အစိတ်အပိုင်းတွေ အများအပြားကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြီးခဲ့တဲ့နှစ်က ယူကရိန်းထိပ်တန်းသမ္မတအကြံပေးအရာရှိက ပြောပါ တယ်။
Ref: ‘Massive’ Cache of Chinese-Made Weapons Found in Gaza: Report
#PeopleMedia