ဂါဇာမှာ ၅ ရက်ကြာ အပစ်အခတ်ရပ်စဲရေးအတွက် ဓားစာခံ ၅၀ ဦးကို လွှတ်ပေးဖို့ ဟားမတ်စ်က အဆင်သင့် ဖြစ်နေပြီလို့ဆို
PUBLISHED - November 15, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၅
ဂါဇာကမ်းမြောင်ဒေသမှာ ၅ ရက်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိမယ်ဆိုပါက ထိန်းသိမ်းခံထား ရတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ် ၅၀ ဦးကို ပြန်လွှတ်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဟားမတ်စ်အဖွဲ့ အယ်လ် ကဆမ် တပ်မဟာက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
“ကာတာဖျန်ဖြေသူတွေက ပါလက်စတိုင်း ကလေး ၂၀၀၊ အမျိုးသမီး ၇၅ ဦးနဲ့ အစ္စရေး အကျဉ်းသားတွေကို လဲလှယ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်” လို့ ဟားမတ်စ်အဖွဲ့ အယ်လ်ကဆမ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါ တယ်။
အပစ်အခတ်ရပ်စဲရေးကာလမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေကို အကူအညီတွေ ဝင်ရောက်ခွင့်ပြုသင့်တယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
အစ္စရေးရဲ့ မြေပြင်၊ ရေတပ်နဲ့ ဝေဟင်က တိုက်ခိုက်မှုတွေဟာ ဂါဇာကမ်းမြောင်မှာရှိတဲ့ အခြားလက်နက်ကိုင် ပါလက်စတိုင်းအဖွဲ့တွေက ထိန်းသိမ်းခံထားတဲ့ အစ္စရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက် နေတယ်လို့ ဆိုပါတယ်။
အစ္စရေးမှာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်ဦးဆောင်တဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်မှာ လူပေါင်း ၁၂၀၀ ခန့် သေဆုံးခဲ့ပြီး ဓားစာခံ ၂၄၀ ခန့်ကို ဖမ်းဆီးခံခဲ့ရတယ်လို့ အစ္စရေးက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာလည်း အစ္စရေးတို့ရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၁၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ref:xinhua
#PeopleMedia