• Follow Us on

Home ဂါဇာလွှတ်တော်အပါအဝင် တခြားအစိုးရအဆောက်အအုံတွေကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်ပြော

ဂါဇာလွှတ်တော်အပါအဝင် တခြားအစိုးရအဆောက်အအုံတွေကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်ပြော

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၅

 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF တွေဟာ ဂါဇာမြို့မှာ ဟားမတ်စ်အဖွဲ့က အုပ်ချုပ်နေတဲ့ လွှတ်တော်အဆောက် အအုံနဲ့ တခြားအင်စတီကျူးရှင်းတွေကို သိမ်းပိုက်လိုက်ကြောင်း အစ္စရေးစစ်ဘက်က အင်္ဂါနေ့က ကြေညာလိုက် ပါတယ်။

 

“အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဟားမတ်စ်လွှတ်တော်၊ အစိုးရအဆောက်အအုံ၊ ဟားမတ်စ်ရဲတပ်ဖွဲ့ဌာနချုပ်နဲ့ လက် နက်ခဲယမ်းတွေထုတ်လုပ်ပေးနေတဲ့ အင်ဂျင်နီယာဌာနတစ်ခုကို သိမ်းပိုက်ခဲ့ပါတယ်။” လို့ အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

အဲဒီအစိုးရအင်စတီကျူးရှင်းတွေကို အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးကို တိုက်ခိုက်ဖို့အတွက် ကြိုတင် ပြင်ဆင်လေ့ကျင့်သင်ကြားမှုတွေအပါအဝင် စစ်ရေးရည်ရွယ်ချက်နဲ့ အသုံးပြုခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲ မှာ ဖော်ပြပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့ကစပြီး ဟားမတ်စ်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးတောင်ပိုင်းမှာ အရပ်သားအ များစုအပါအဝင် အစ္စရေးလူမျိုး ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့ပြီ လူဦးရေ ၂၄၀ ဝန်းကျင် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရ ကြောင်း၊ ဒီတိုက်ခိုက်မှုဟာ ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံစတင်တည်ထောင်ခဲ့တဲ့အချိန်ကစပြီး အခုအချိန်အထိ အ ဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း အစ္စရေးအရာရှိတွေက ပြောပါတယ်။

 

ဟားမတ်စ်တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးဘက်က တောက်လျှောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို မြေပြင်ထိုးစစ်ပါ ဆင်နွှဲတိုက်ခိုက်ခဲ့ရာ အရပ်သားအများစုပါဝင်တဲ့ ပါလက်စတိုင်းလူမျိုး ၁၁၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမတ်စ်အစိုးရက ပြောပါတယ်။ ဟားမတ်စ်အင်စတီကျူးရှင်းတွေကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အစ္စရေးဘက်က ကြေညာချက်ကို ဟားမတ်စ်အဖွဲ့က ငြင်းဆိုပယ်ချခဲ့ပါတယ်။

 

“အဲဒီလှုပ်ရှားမှုဟာ နဂိုကတည်းက ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးပြီးသား ဘာမှမရှိတော့တဲ့နေရာတွေကို ထိန်းချုပ်ပြီး အောင်ပွဲရတယ်ဆိုတာ ပြချင်လို့ ဆောင်ရွက်ခဲ့တဲ့ သနားစရာကြိုးပမ်းမှုတစ်ရပ်သာ ဖြစ်ပါတယ်။” လို့ ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဘက်စ်ဆမ်နရိမ်က ပြောပါတယ်။

 

Ref: Israel Army Says Seizes Gaza Parliament, Other Hamas Buildings

 

#PeopleMedia


Share this post