ဂါလွမ်တောင်ကြားဖြစ်စဉ်နောက်ပိုင်း အိန္ဒိယလေတပ်က တရုတ်နယ်စပ်ဒေသကို ကြည်းတပ်စစ်သည် ၆၈၀၀၀ ကျော်နဲ့ စစ်လက်နက်ပစ္စည်းတွေ လေကြောင်းဖြင့် သယ်ယူပို့ဆောင်ခဲ့
PUBLISHED - August 14, 2023
နိုင်ငံတကာ၊ သြဂုတ် ၁၄
ဂါလွမ်တောင်ကြားမှာ အိန္ဒိယနဲ့ တရုတ်နိုင်ငံ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်ဒေသ တစ်လျှောက်တပ်ဖြန့်ချထားဖို့အတွက် အရှေ့ပိုင်းလာဒက်ဒေသကို အိန္ဒိယနိုင်ငံက ကြည်းတပ်စစ်သည် အင် အား ၆၈,၀၀၀၊ တင့်ကားအစီး ရေ ၉၀ ဝန်းကျင်နဲ့ တခြားလက်နက်ကြီးတွေကို လေကြောင်းကနေ ပို့ဆောင်ပေး ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထိပ်တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှုအပြီးမှာ အဲဒီဒေသကို လေယာဉ်အုပ်သုံး လေးအုပ် ကင်းလှည့်နေတဲ့အပြင် ရန်သူ့စုဖွဲ့မှုကို နေ့ရောညပါ စောင့်ကြည့်ထောက်လှမ်းနိုင်ဖို့အတွက် အိန္ဒိယ လေတပ်က အဲဒီဒေသမှာ Su-30 MKI ဂျက်တိုက်လေယာဉ်တွေနဲ့ Jaguar ဂျက်တိုက်လေယာဉ်တွေကို တပ် ဖြန့်ချထားပါတယ်။
တပ်ဖွဲ့ဝင်အင်အား ၆၈,၀၀၀ ကျော်၊ တင့်ကားအစီးရေ ၉၀ ဝန်းကျင်၊ ခြေလျင်တပ်သုံးတိုက်ခိုက်ရေးယာဉ် ၃၃၀ စီး၊ ရေဒါစနစ်တွေ၊ အမြောက်/လက်နက်ကြီးတွေနဲ့ တခြားစစ်လက်နက်ပစ္စည်းတွေကို LAC နယ်စပ် မျဉ်းတစ် လျှောက် အမြန်ဆုံးတပ်ဖြန့်ချထားနိုင်အောင် အိန္ဒိယလေတပ်က အချိန်တိုအတွင်း ပို့ဆောင်ခဲ့တာဖြစ် တယ်လို့ ဆိုပါတယ်။
အိန္ဒိယလေတပ်ရဲ့ သယ်ယူပို့ဆောင်ရေးအစီအစဉ်မှာ C-130J ဆူပါဟာကျူလီသယ်ယူပို့ဆောင်ရေးလေယာဉ် တွေနဲ့ C-17 ဂလုတ်မာစတာသယ်ယူပို့ဆောင်ရေးလေယာဉ်တွေပါဝင်ပြီး တန်ချိန်ပေါင်း ၉၀၀၀ ကို သယ်ယူပို့ ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
ဂါလွမ်တောင်ကြားဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရဟတ်ယာဉ်အမျိုးအစားအမျိုးမျိုးနဲ့ ပေါင်းစပ်အသုံးပြုနိုင်တဲ့ ပစ္စည်းကိရိယာတွေ၊ ခဲယမ်းတွေနဲ့ တခြားစစ်လက်နက်ပစ္စည်းတွေကို တောင်ထူထပ်တဲ့အဲဒီဒေသက စစ်အခြေ စိုက်စခန်းတွေကို တင်ပို့ပေးခဲ့သလို ရာဖေး ဂျက်တိုက်လေယာဉ်နဲ့ Mig-29 ဂျက်တိုက်လေယာဉ်တွေပါဝင်တဲ့ တိုက်လေယာဉ်အုပ်တွေကို လည်း တပ်ဖြန့်ချထားခဲ့ပါတယ်။
Su-30 MKI ဂျက်တိုက်လေယာဉ်တွေနဲ့ Jaguar ဂျက်တိုက်လေယာဉ်တွေဟာ နယ်စပ်ဒေသနဲ့ ကီလိုမီတာ ၅၀ အကွာအဝေးမှာ ကင်းလှည့်ပျံသန်းနေကြတာဖြစ်ပြီး အဲဒီအကွာအဝေးဟာ တရုတ်တပ်ဖွဲ့တွေရဲ့ တပ်စခန်းတည် နေရာတွေနဲ့ လှုပ်ရှားမှုတွေကို ကောင်းစွာ စောင့်ကြည့်ထောက်လှမ်းနိုင်တဲ့အကွာအဝေးဖြစ်ပါတယ်။
ဒါ့အပြင် အိန္ဒိယလေတပ်ဟာ နိုင်ငံရဲ့လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်တဲ့အနေနဲ့ တိုက်ပွဲဝင်အ သင့်ဖြစ်နေအောင် LAC နယ်စပ်မျဉ်းတစ်လျှောက်က အခြေချစစ်စခန်းတွေမှာ ရေဒါအမျိုးမျိုးကိုတပ်ဆင်ပြီး မြေပြင်-ဝေဟင်ပစ် ပဲ့ထိန်းလမ်းညွှန်ဒုံးကျည်တွေကိုလည်း တပ်ဖြန့်ချထားခဲ့ပြီးဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အိန္ဒိယဘက်မှာရော တရုတ်ဘက်မှာပါ နှစ်နိုင်ငံနယ်စပ်မျဉ်းတစ်လျှောက် နှစ်ဖက်တပ်ဖွဲ့ ဝင်တွေ ၅၀၀၀၀ နဲ့ ၆၀၀၀၀ ဝန်းကျင်ရှိတယ်လို့ဆိုပါတယ်။
Ref: IAF airlifted over 68,000 soldiers to eastern Ladakh following Galwan Valley clashes
#PeopleMedia