• Follow Us on
Latest News

Home ဂိုလန်ကုန်းမြင့်ပေါ်က ဟာမန်တောင်ကုန်းကို ဟစ်ဘိုလာတွေ ဒရုန်းနဲ့တိုက်ခိုက်

ဂိုလန်ကုန်းမြင့်ပေါ်က ဟာမန်တောင်ကုန်းကို ဟစ်ဘိုလာတွေ ဒရုန်းနဲ့တိုက်ခိုက်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၈

 

အစ္စရေး အဓိကစောင့်ကြည့်ထောက်လှမ်းစင်တာတစ်ခုရှိတဲ့ အစ္စရေးတွေ သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ပေါ် က ဟာမန်တောင်ကုန်းကို တနင်္ဂနွေနေ့ (ဇူလိုင်လ ၇ ရက်နေ့) က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း အီရန်ထောက်ပံ့ ထားတဲ့ ဟစ်ဘိုလာစစ်သွေးကြွအဖွဲ့က ပြောပါတယ်။

 

မဟာမိတ်ပါလက်စတိုင်းဟားမတ်စ်တွေ အစ္စရေးတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ပြီး တစ်ရက်အကြာ အောက်တိုဘာ ၈ ရက်နေ့မှာ ၎င်းတို့နဲ့ အစ္စရေးတပ်တွေ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတဲ့အချိန်ကစပြီး အခုလို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ဟစ်ဘိုလာ အဖွဲ့က ပြောပါတယ်။

 

စစ်ပွဲရပ်တန့်မှသာ ၎င်းတို့ရဲ့စစ်ဆင်ရေးတွေကို ရပ်တန့်မှာဖြစ်ကြောင်း ဟစ်ဘိုလာ အဖွဲ့က ပြောပါတယ်။

 

ဆီးရီးယားနိုင်ငံက အစ္စရေးကသိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ပေါ်က တခြားနယ်မြေတွေကို ပစ်ခတ်တိုက်ခိုက် ခဲ့ပေမဲ့ အခုတိုက်ခိုက်မှုဟာ ဂိုလန်ကုန်းမြင့်ပေါ်က စစ်ရေးပစ်မှတ်ကို ပထမဦးဆုံး ပစ်ခတ်တိုက်ခိုက်တာဖြစ် ကြောင်း ဟစ်ဘိုလာအဖွဲ့က ပြောပါတယ်။

 

ဟာမန်တောင်ကုန်းပေါ်မှာ အစ္စရေးရဲ့ အဓိက စောင့်ကြည့်ထောက်လှမ်းစခန်း၊ သူလျှိုစခန်းနဲ့ လေကြောင်းရန် ကာကွယ်ရေးစခန်းတွေတည်ဆောက်ထားသလို ဆီးရီးယားမြို့တော်ကို အပေါ်စီးက မြင်နေရတဲ့ အဲဒီဟာမန် တောင်ကုန်းဟာ ၁၉၇၃ ခုနှစ် အောက်တိုဘာလ အာရပ်-အစ္စရေးစစ်ပွဲ (ယွန်ကစ်ပူးစစ်ပွဲ) ပြီးကတည်းက ဆီးရီး ယား၊ အီရတ်၊ ဂျော်ဒန်နဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ အစိတ်အပိုင်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ နေ ရာလည်း ဖြစ်ပါတယ်။

 

အီရန်ထောက်ပံ့ထားတဲ့ဟစ်ဘိုလာအဖွဲ့နဲ့ အစ္စရေးနိုင်ငံကြားက စစ်ရေးပဋိပက္ခဟာ လပေါင်းများစွာကြာအောင် တဖြည်းဖြည် အရှိန်မြင့်တက်နေတဲ့အတွက် နှစ်ဖက်စလုံးက စစ်ပွဲကို ရှောင်ရှားလိုကြောင်းနဲ့ စစ်မဖြစ်အောင် သံ တမန်တွေဆောင်ရွက်နေကြောင်းပြောပေမဲ့ စစ်ပွဲကြီးတစ်ခုဖြစ်ပွားလာမှာကို ပိုမိုစိုးရိမ်နေကြပါတယ်။

 

ဟစ်ဘိုလာတွေကတော့ အစ္စရေးဘက်ကို ဖောက်ခွဲရေးဒရုန်းတွေ အများအပြားစေလွှတ်ခြင်း၊ ရော့ကက်အမျိုး အစားအသစ်တွေ အသုံးပြုခြင်း၊ ပထမဦးဆုံးအကြိမ်အဖြစ် အစ္စရေးလေယာဉ်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှု တွေပြုလုပ်မယ်လို့ ကြေညာခြင်းတွေ ပြုလုပ်ပြီး ၎င်းတို့ရဲ့တိုက်ခိုက်မှုတွေကို အရှိန်မြှင့်တင်ခဲ့ပါတယ်။

 

အောက်တိုဘာလဟားမတ်စ်တိုက်ခိုက်မှုစတင်ကတည်းက လက်ဘနွန်မြို့ကြီးတွေနဲ့ အစ္စရေးမြို့ကြီးတွေကို ပစ်ခတ်တိုက်ခိုက်ခြင်းမပြုဘဲ နယ်စပ်နဲ့ နယ်စပ်ဒေသ အနီးတစ်ဝိုက်ကိုသာ တိုက်ခိုက်ဖို့ ကန့်သတ်ထားတဲ့ နား လည်မှုစည်းမျဉ်း (unwritten rules) တွေကို တိုက်ပွဲအရှိန်မြင့်တက်မှုက စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

 

အစ္စရေးနိုင်ငံကတော့ ဟစ်ဘိုလာတွေရဲ့ တိုက်ခိုက်မှုအရှိန်မြှင့်တင်နေတာကို ပြစ်တင်ဝေဖန်လိုက်ပြီး နယ်စပ် ဒေသလုံခြုံရေးကို ထိန်းသိမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ထပ်မံပြောကြားလိုက်ပါတယ်။

 

Ref: Hezbollah launches drone attack on Mount Hermon in Israeli-occupied Syrian Golan Heights

 

#PeopleMedia


Share this post