ဂျနီဖာလိုပတ်ဇ်ပါဝင်သရုပ်ဆောင်ထားတဲ့ Hustlers ဇာတ်ကား မလေးရှားတွင် ပိတ်ပင်

PUBLISHED - September 21, 2019
ဂျနီဖာလိုပတ်ဇ် ပါဝင်သရုပ်ဆောင်ထားပြီး အဖော်အချွတ်အကမယ်အကြောင်း ရိုက်ကူးထားတဲ့ Hustlers ဇာတ်ကား မလေးရှားနိုင်ငံမှာ ပြသခွင့် ပိတ်ပင်ထားပါတယ်။
မလေးရှားနိုင်ငံရဲ့ ရုပ်ရှင် ဆင်ဆာဘုတ်အဖွဲ့က အပေါ်ပိုင်း ၀တ်လစ်စလစ်အခန်းများ၊ လိင်အသားပေး အကများနဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ဇာတ်ဝင်ခန်းတွေက အများပြည်သူ ကြည့်ရှုဖို့ မသင့်တာကြောင့် အခုလို ပိတ်ပင်လိုက်တာလို့ ပြောပါတယ်။
မလေးရှားမှာ Hustlers ဇာတ်ကားကိုရောင်းချနေတဲ့ ရုပ်ရှင်ကုမ္ပဏီကလည်း အခုလိုပြသခွင့်ပိတ်ပင်မှုကို အတည်ပြုထားပါတယ်။
ဂျေလိုရဲ့ Hustlers ဇာတ်ကားဟာ လက်ရှိ အမေရိကန်နဲ့ ဗြိတိန် ရုပ်ရှပ်ရုံတွေမှာ ရေပန်းစားနေတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။
Ref; The Independent