• Follow Us on
Latest News

Home ဂျပန်တိုက်လေယာဉ်မှူးများ အီတလီတွင် သင်တန်းသွားတက်မည်

ဂျပန်တိုက်လေယာဉ်မှူးများ အီတလီတွင် သင်တန်းသွားတက်မည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၈ (People Media)

 

အီတလီနိုင်ငံတွင် တိုက်လေယာဉ်မောင်းသင်တန်းများ တိုးချဲ့ဆောင်ရွက်မည်ဖြစ်သဖြင့် ဂျပန်နိုင်ငံမှ တိုက်လေ ယာဉ်မှူးအသစ်များ အီတလီသင်တန်းသို့သွားရောက်သင်ယူကြမည်သည်။

 

အီတလီလေတပ်နှင့် ဂျပန်လေတပ် အကြီးအကဲများကြား လက်မှတ်ရေးထိုးထားသော သဘောတူစာချုပ်အရ ဂျပန်လေယာဉ်မှူးများသည် အီတလီနိုင်ငံတွင် အဆင့် ၄ အဆင့်မြင့်သင်တန်းများကို တက်ရောက်ကြမည်ဖြစ် ပြီး အီတလီသင်တန်းနည်းပြများနှင့်တွဲဖက်သင်ကြားနိုင်ရန် ဂျပန်သင်တန်းနည်းပြများပါ အီတလီနိုင်ငံသို့ မကြာ မီသွားရောက်ကြမည်ဖြစ်ကြောင်းသိရသည်။

 

အီတလီနိုင်ငံ တောင်ဘက်ပိုင်းကုန်းမြင့် ဂါလာတီနာမြို့ရှိ လေတပ်အခြေစိုက်စခန်းတွင် လက်ရှိအခြေပြုထား သော အဆင့် ၄ အဆင့်မြင့်သင်တန်းတက်ရောက်မည့် တိုက်လေယာဉ်မှူးသင်တန်းသားများသည် ဆာဒီနီး ယားကျွန်းရှိ ဒီစီမိုမန်နူလေတပ်အခြေစိုက်စခန်း သင်တန်းကျောင်းသို့ လာမည့်နှစ်တွင် ပြောင်းရွှေ့ရမည်ဖြစ် သည်။

 

ကာတာတိုက်လေယာဉ်မှူးများမှာ အဆင့် ၄ အဆင့်မြင့်သင်တန်းများကို တက်ရောက်နေပြီဖြစ်သော်လည်း စက်တင်ဘာလအတွင်းက ဂျာမန်လေတပ်နှင့် ဂျပန်လေတပ်တို့ သဘောတူညီချက်အရ ဂျပန်တိုက်လေယာဉ် မှူးများမှာ ဂျာမန်တိုက်လေယာဉ်မှူးများနှင့် သွားရောက်ပူးပေါင်းရမည်ဖြစ်သည်။

 

အီတလီလေတပ်နှင့် ဂျပန်လေတပ်တို့သည် F-35 တိုက်လေယာဉ်များနှင့် KC-767 လေယာဉ်ဆီဖြည့်တင်းရေး နှင့် မဟာဗျူဟာမြောက်သယ်ယူပို့ဆောင်ရေးလေယာဉ်များကို အသုံးပြုနေသည့်လေတပ်များဖြစ်သဖြင့် အီတ လီတိုက်လေယာဉ်မှူးများနှင့် ဂျပန်တိုက်လေယာဉ်မှူးများ၏ သဘောသဘာဝမှာ အတူတူပင်ဖြစ်ကြောင်း အီတ လီလေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးအယ်လ်ဘတ်တိုရော့စ်ဆိုက ပြောသည်။

 

တစ်နှစ်အတွင်း အဆင့် ၄ အဆင့်မြင့်သင်တန်းတက်ရောက်ပြီးသည့် သင်တန်းသားဦးရေကို ၄၀ မှ ၈၀ အထိ နှစ်ဆမြှင့်တင်သွားရန် ရည်ရွယ်ထားကြောင်း အီတလီလေတပ်အရာရှိများကပြောသည်။

 

Ref: Japanese fighter pilots to start training in Italy

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 

Ref: Japanese fighter pilots to start training in Italy

 

#PeopleMedia


Share this post