ဂျပန်တွင် တိုင်ဖုန်းမုန်တိုင်းဝင်ရောက်၍ ၁ ဦးသေ၊ ၃၀ ကျော် ဒဏ်ရာရရှိ
![](https://cdn.myanmarseo.com/file/client-cdn/peoplemedia/wp-content/uploads/2019/09/70273961_1192307677619216_2013324322965291008_n-624x416.jpg)
PUBLISHED - September 9, 2019
ဂျပန်နိုင်ငံ တိုကျိုမြို့ကို ၀င်ရောက်ခဲ့တဲ့ ဖာဆိုက် တိုင်ဖုန်း မုန်တိုင်းကြောင့် လူ ၁ ဦးသေဆုံးခဲ့တယ်လို့ ရဲဌာနက စက်တင်ဘာ ၉ ရက်နေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
တိုင်ဖုန်း ဖာဆိုက်ဟာ တစ်နာရီ လေတိုက်နှုန်း ၂၀၇ ကီလိုမီတာနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်။ သေဆုံးခဲ့တဲ့ အသက် ၅၀ အရွယ် အမျိုးသမီးဟာ လေတိုက်တဲ့အရှိန်ကြောင့် အဆောက်အဦ တစ်ခုနဲ့ တိုက်မိပြီး သေဆုံးခဲ့တယ်လို့ ဂျပန်ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။
တိုင်ဖုန်းမုန်တိုင်းကြောင် လူ ၃၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။ မုန်တိုင်းကြောင့် လူ ၂၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွေကို ရောက်ရှိနေတယ်လို့လည်း အစိုးရအာဏာပိုင်တွေကပြောပါတယ်။
ဖာဆိုက်တိုင်ဖုန်းမုန်တိုင်းကြောင့် မြေအောက်မီးရထားပြေးဆွဲမှုတွေ ရပ်ဆိုင်းခဲ့ပြီး လေကြောင်းခရီးစဉ် ၁၀၀ ကျော်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။
Ref; CNA