ဂ်ပန္အစိုးရက စံခ်ိန္တင္ စစ္အသံုးစရိတ္ ေဒၚလာသန္း ၅၂၀၀၀ ခြင့္ျပဳ

PUBLISHED - December 21, 2020
တိုက်ိဳ၊ ဒီဇင္ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
၉ ႀကိမ္ဆက္တိုက္ စစ္အသံုးစရိတ္တိုးႁမွင့္သည့္အေနျဖင့္ အေမရိကန္ေဒၚလာသန္း ၅၁၀၀၀ ေက်ာ္ကို အဆင့္ႁမွင့္ကိုယ္ေပ်ာက္ေလယာဥ္မ်ား၊ တာေ၀းသေဘၤာဖ်က္ဒံုးက်ည္မ်ားရ႐ွိေစေရးအတြက္ ဂ်ပန္၀န္ႀကီးခ်ဳပ္ ယို႐ွီဟီဒဲ ဆူဂါဦးေဆာင္သည့္အစိုးရအဖြဲ႔ကခြင့္ျပဳေပးခဲ့သည္။
လာမည့္ဧၿပီမွစတင္၍ အသံုးျပဳခြင့္ရမည္ျဖစ္ၿပီး ယခုႏွစ္စစ္အသံုးစရိတ္ထက္ ၁.၁ ရာခိုင္ႏႈန္းပိုမ်ားခဲ့ျခင္း ျဖစ္သည္။
ဆူဂါ၏ပါတီက လႊတ္ေတာ္အတြင္းေနရာအမ်ားစုရထားသျဖင့္ အတည္ျပဳေပးရန္ေသခ်ာေနသည္။
စီစဥ္ထားေသာဂ်က္တိုက္ေလယာဥ္မ်ားသည္ ၿပီးခဲ့သည့္ႏွစ္ ၃၀ အတြင္း ပထမဆံုးျဖစ္ၿပီး ေဒၚလာသန္း ၄၀၀၀၀ ခန္႔ကုန္က်မည္ျဖစ္ကာ ၂၀၃၀ ျပည့္ႏွစ္မ်ားတြင္ အဆင္သင့္ျဖစ္မည္။
မစ္ဆူဘီ႐ွီအႀကီးစားစက္မႈလုပ္ငန္းက ေလာ့ဟိမာတင္ကုမၸဏီ၏အကူအညီျဖင့္ဦးေဆာင္မည့္စီမံကိန္းကို ေဒၚလာ ၇၀၆ သန္းေပးရန္ အသံုးစရိတ္သစ္ေပးရန္ပါ၀င္သည္။
ေတာင္ပိုင္း႐ွိ အိုကီနာဝါကၽြန္းစုမ်ားကိုကာကြယ္ရန္ တာေ၀းပစ္သေဘၤာဖ်က္ဒံုးက်ည္မ်ားထုတ္လုပ္ေရးအတြက္ ေဒၚလာ ၃၂၃ သန္းခ်ေပးမည္ျဖစ္သည္။
အျခား၀ယ္ယူမႈမ်ားတြင္ ေလာ့ဟိမာတင္ထံမွ F-35 ကိုယ္ေပ်ာက္ဂ်က္တိုက္ေလယာဥ္ ၆ စင္း၀ယ္ယူရန္လည္း ပါ၀င္သည္။
သေဘၤာသားအနည္းငယ္ျဖင့္လုပ္ငန္းလည္ပတ္ႏိုင္သည့္သိပ္သည္းေသာစစ္သေဘၤာ ၂ မ်ိဳးတည္ေဆာက္ရန္ ေဒၚလာ ၉၁၂ သန္းရ႐ွိမည္ျဖစ္သည္။
လက္႐ွိေမာ္ဒယ္မ်ားထက္ ၃ ဆ အစြမ္းထက္ေသာေအးဂ်စ္ေလေၾကာင္းႏွင့္ ပဲ့ထိန္းဒံုးက်ည္ကာကြယ္ေရး စနစ္သစ္ ၂ မ်ိဳးကိုလည္း ဂ်ပန္ႏိုင္ငံကလိုလားေနသည္။
ၿပီးခဲ့သည့္ဇြန္လတြင္ ေျမျပင္အေျခစိုက္ေအးဂ်စ္စခန္း ၂ ခုတည္ေဆာက္ရန္အစီအစဥ္ကိုဖ်က္သိမ္းခဲ့ၿပီးေနာက္ အသစ္ ၂ မ်ိဳးျဖင့္အစားထိုးျခင္းျဖစ္ၿပီး အစိုးရက ကုန္က်စရိတ္ခန္႔မွန္းထားျခင္းမ႐ွိေခ်။
Ref : Japan sets record US$52 billion military budget with stealth jets, long-range missiles
#PeopleMedia
(unicode)
ဂျပန်အစိုးရက စံချိန်တင် စစ်အသုံးစရိတ် ဒေါ်လာသန်း ၅၂၀၀၀ ခွင့်ပြု
……………………………………………
တိုကျို၊ ဒီဇင်ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
၉ ကြိမ်ဆက်တိုက် စစ်အသုံးစရိတ်တိုးမြှင့်သည့်အနေဖြင့် အမေရိကန်ဒေါ်လာသန်း ၅၁၀၀၀ ကျော်ကို အဆင့်မြှင့်ကိုယ်ပျောက်လေယာဉ်များ၊ တာဝေးသင်္ဘောဖျက်ဒုံးကျည်များရရှိစေရေးအတွက် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါဦးဆောင်သည့်အစိုးရအဖွဲ့ကခွင့်ပြုပေးခဲ့သည်။
လာမည့်ဧပြီမှစတင်၍ အသုံးပြုခွင့်ရမည်ဖြစ်ပြီး ယခုနှစ်စစ်အသုံးစရိတ်ထက် ၁.၁ ရာခိုင်နှုန်းပိုများခဲ့ခြင်း ဖြစ်သည်။
ဆူဂါ၏ပါတီက လွှတ်တော်အတွင်းနေရာအများစုရထားသဖြင့် အတည်ပြုပေးရန်သေချာနေသည်။
စီစဉ်ထားသောဂျက်တိုက်လေယာဉ်များသည် ပြီးခဲ့သည့်နှစ် ၃၀ အတွင်း ပထမဆုံးဖြစ်ပြီး ဒေါ်လာသန်း ၄၀၀၀၀ ခန့်ကုန်ကျမည်ဖြစ်ကာ ၂၀၃၀ ပြည့်နှစ်များတွင် အဆင်သင့်ဖြစ်မည်။
မစ်ဆူဘီရှီအကြီးစားစက်မှုလုပ်ငန်းက လော့ဟိမာတင်ကုမ္ပဏီ၏အကူအညီဖြင့်ဦးဆောင်မည့်စီမံကိန်းကို ဒေါ်လာ ၇၀၆ သန်းပေးရန် အသုံးစရိတ်သစ်ပေးရန်ပါဝင်သည်။
တောင်ပိုင်းရှိ အိုကီနာဝါကျွန်းစုများကိုကာကွယ်ရန် တာဝေးပစ်သင်္ဘောဖျက်ဒုံးကျည်များထုတ်လုပ်ရေးအတွက် ဒေါ်လာ ၃၂၃ သန်းချပေးမည်ဖြစ်သည်။
အခြားဝယ်ယူမှုများတွင် လော့ဟိမာတင်ထံမှ F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် ၆ စင်းဝယ်ယူရန်လည်း ပါဝင်သည်။
သင်္ဘောသားအနည်းငယ်ဖြင့်လုပ်ငန်းလည်ပတ်နိုင်သည့်သိပ်သည်းသောစစ်သင်္ဘော ၂ မျိုးတည်ဆောက်ရန် ဒေါ်လာ ၉၁၂ သန်းရရှိမည်ဖြစ်သည်။
လက်ရှိမော်ဒယ်များထက် ၃ ဆ အစွမ်းထက်သောအေးဂျစ်လေကြောင်းနှင့် ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေး စနစ်သစ် ၂ မျိုးကိုလည်း ဂျပန်နိုင်ငံကလိုလားနေသည်။
ပြီးခဲ့သည့်ဇွန်လတွင် မြေပြင်အခြေစိုက်အေးဂျစ်စခန်း ၂ ခုတည်ဆောက်ရန်အစီအစဉ်ကိုဖျက်သိမ်းခဲ့ပြီးနောက် အသစ် ၂ မျိုးဖြင့်အစားထိုးခြင်းဖြစ်ပြီး အစိုးရက ကုန်ကျစရိတ်ခန့်မှန်းထားခြင်းမရှိချေ။
Ref : Japan sets record US$52 billion military budget with stealth jets, long-range missiles
#PeopleMedia