ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် Mr.Yohei SASAKAWA နှင့် တိုင်းရင်းသားပါတီများသည် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်

PUBLISHED - November 15, 2021
နေပြည်တော်၊ နိုဝင်ဘာ ၁၅ (People Media)
မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင် ဒေးရှင်းဥက္ကဋ္ဌ H.E.Mr.Yohei SASAKAWA နှင့် တိုင်းရင်းသားပါတီများသည် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။
H.E.Mr.Yohei SASAKAWA နှင့် တိုင်းရင်းသားပါတီများကြား တွေ့ဆုံဆွေးနွေးရမည့်အကြောင်းအရာကို တိုင်း ရင်းသားပါတီများအနေဖြင့် သိရခြင်းမရှိသေးကြောင်း၊ တွေ့ဆုံဆွေးနွေးမည့်ရက်နှင့် အချိန်ကိုသာ သိရှိရ ကြောင်း တိုင်းရင်းသားပါတီတချို့က ပြောပါတယ်။
“၁၇ ရက်နေ့ ညနေ ၃ နာရီ မာရီယာ ဟိုတယ်လို့ သိထားရပါတယ်။ ဘာကြောင့် တွေ့ဆုံမယ်ဆိုတာကိုတော့ မသိသေးပါဘူး” ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောပါတယ်။
ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌသည် နိုဝင်ဘာ ၁၃ ရက်နေ့ကနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေး နွေးခဲ့တယ်လို့လည်း သိရပါတယ်။
Photo – CINCDS
#PeopleMedia #HE_Mr_Yohei_SASAKAWA
(unicode)
………………………………………………………………
Photo – CINCDS
#PeopleMedia #HE_Mr_Yohei_SASAKAWA