ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါသည် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေပြီး ယနေ့ မွန်းလွဲပိုင်း၌ ANP ပါတီနှင့် တွေ့ဆုံမည်

PUBLISHED - November 15, 2021
နေပြည်တော်၊ နိုဝင်ဘာ ၁၅ (People Media)
ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ်ဖြစ်သူ မစ္စတာဆာဆာကာဝါသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ လူမှု ကယ်ဆယ်ရေးစခန်းသို့ ယနေ့ သွားရောက်နေပြီး ယနေ့ မွန်းလွဲပိုင်းတွင် ရခိုင်အမျိုးသားပါတီ(ANP) နှင့် တွေ့ ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဒုက္ခသည်စခန်းများရှိ တိုက်ပွဲရှောင် ပြည်သူများနှင့် တွေ့ဆုံစကားပြောဆိုခဲ့ပြီး၊ ဘင်္ဂါလီဒုက္ခသည် စခန်းတစ်ခုကိုလည်း ထပ်မံသွားရောက်မည်ဖြစ်ကြောင်း သိရသည်။
မစ္စတာဆာဆာကာဝါသည် ရခိုင်ပြည်နယ်တွင် မြန်မာတပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများရပ်တန့်ရန် အဓိကကြားဝင်ညှိနှိုင်းပေးခဲ့သည့် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ်ဖြစ်ပြီး၊ ယနေ့တွင် စစ်တွေမြို့သို့ ဒုတိယအကြိမ်အဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။
Photo – Credit
#PeopleMedia #Peace
(unicode)
……………………………………………………………………
Photo – Credit
#PeopleMedia #Peace