ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်သည် ထိန်းသိမ်းခံ နိုင်ငံတော်၏ အတိုင်ပင်ခံ(ဟောင်း)၊ သမ္မတ(ဟောင်း)တို့နှင့် တွေ့ဆုံခွင့်ရရှိရန် န-စ-ကထံ တောင်းဆိုခဲ့ခြင်း မရှိဟုဆို

PUBLISHED - November 16, 2021
နေပြည်တော်၊ နိုဝင်ဘာ ၁၆ (People Media)
မြန်မာနိုင်ငံကို ရောက်ရှိနေသည့် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ်သည် ထိန်းသိမ်းခံနိုင်ငံတော်၏ အတိုင်ပင်ခံ(ဟောင်း)၊ သမ္မတ(ဟောင်း)တို့နှင့် တွေ့ဆုံခွင့် ရရှိရန် န-စ-ကထံ တောင်းဆိုခဲ့ခြင်းမရှိခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံက သိရပါတယ်။
ဂျပန်အစိုးရ၏မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်မစ္စတာဆာဆာဝါ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း၌ ထိန်းသိမ်းခံနိုင်ငံတော်၏ အတိုင်ပင်ခံ(ဟောင်း)နှင့် သမ္မတ(ဟောင်း)တို့နှင့် တွေ့ဆုံခွင့်ရရှိရန် န-စ-ကထံ တောင်ဆိုခဲ့ခြင်း ရှိ/မရှိနှင့် ပတ်သက်ပြီး People Media က တာဝန်ရှိသူတစ်ဦးထံ မေးမြန်းရာ “တောင်းဆိုခဲ့ခြင်း လုံးဝမရှိပါဘူး။ တောင်းဆိုခဲ့ရင်လည်း ခွင့်ပြုရန်မရှိကြောင်း” ပြောပါတယ်။
ထို့အတူ ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်မစ္စတာ ဆာဆာဝါသည် န-စ-ကဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ်ခရီးစဉ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များ၊ ရခိုင်အမျိုးသားပါတီနဲ့ တွေ့ဆုံခဲ့ပါတယ်။
အလားတူ နိုဝင်ဘာ ၁၇ ရက်နေ့၌ မစ္စတာဆာဆာဝါ နိုင်ငံရေးပါတီအချို့နှင့် ရန်ကုန်မြို့၌ တွေ့ဆုံရန် စီ စဉ်ထားတယ်လို့ နိုင်ငံရေးပါတီအချို့က ပြောပါတယ်။
ထို့အတူ မြန်မာအရေးနှင့်ပတ်သက်၍ ကြားဝင်စေ့စပ်လျက်ရှိသည့် နိုင်ငံတကာသံတမန်များသည် ထိန်း သိမ်းခံနိုင်ငံတော်၏ အတိုင်ပင်ခံ(ဟောင်း)၊ သမ္မတ (ဟောင်း)တို့နှင့် တွေ့ဆုံခွင့်ရရှိရန် တောင်းဆိုမှုရှိခဲ့ သော်လည်း န-စ-ကမှ ခွင့်ပြုပေးခြင်းမရှိခဲ့ပါဘူး။
#PeopleMedia #ဂျပန်အစိုးရ၏မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်မ စ္စတာဆာဆာဝါ
(unicode)
………………………………………………………………