• Follow Us on
Latest News

Home ဂ်ပန္ေရေဘး ေသဆုံးသူ ၅၀ ေက်ာ္ရွိလာ၊ ျပည္သူတစ္သန္းေက်ာ္ကို ေဘးလြတ္ရာေရႊ႕ေျပာင္းမည္

ဂ်ပန္ေရေဘး ေသဆုံးသူ ၅၀ ေက်ာ္ရွိလာ၊ ျပည္သူတစ္သန္းေက်ာ္ကို ေဘးလြတ္ရာေရႊ႕ေျပာင္းမည္

Share this post

ဇူလိုင္ – ၈

ဂ်ပန္ႏိုင္ငံအေနာက္ေတာင္ပိုင္း၊ က်ဴး႐ွဴးကြၽန္း၌ သုံးရက္ၾကာ မိုးသည္းထန္စြာ ရြာသြန္းမႈ၊ ေရႀကီးေရလွ်ံမႈႏွင့္ ေျမၿပိဳမႈမ်ား ျဖစ္ပြားၿပီးေနာက္ လူ ၅၀ ဦးထက္မနည္း ေသဆုံးခဲ့သည္။

ေသဆုံးသူမ်ားထဲတြင္ သဘာဝေဘးအႏၲရာယ္ အဆိုးရြားဆုံး ႀကဳံေတြ႕ခဲ့ရာ ကူမာမိုတိုေဒသရွိ သက္ႀကီး ေစာင့္ေရွာက္ေရးေဂဟာတစ္ခုမွ လူ ၁၄ ဦးလည္း ပါဝင္သည္။

အနီးအနားရွိ ကူးမားျမစ္မွ ျမစ္ေရမ်ားေၾကာင့္ အဆိုပါ သက္ႀကီးေစာင့္ေရွာက္ေရးေဂဟာ ေရနစ္ျမႇဳပ္ခဲ့ရာ ဝွီးခ်ဲ ျဖင့္သြားလာရသူအခ်ိဳ႕ ေရလြတ္ရာသို႔ မသြားႏိုင္ေတာ့ဘဲ ေျမျပင္ေပၚ၌ ေသာင္တင္သြားေစခဲ့သည္။

လူတစ္ဒါဇင္ထက္မနည္း ေပ်ာက္ဆုံးေနေၾကာင္း သိရသည္။

ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ တံတားမ်ား၊ လမ္းမႀကီးမ်ား ေရႏွင့္ေမ်ာပါသြားခဲ့ၿပီး အေရးေပၚကယ္ဆယ္ေရး အဖြဲ႕ဝင္မ်ားက ေနအိမ္အတြင္း ပိတ္မိေနသူမ်ားကို ကယ္ဆယ္ရန္ ေဖာင္မ်ား၊ ေလသြင္းေလွမ်ား အသုံးျပဳခဲ့ရ သည္။

ေရနစ္ျမႇဳပ္လ်က္ရွိရာ အိမ္ေခါင္မိုးေပၚ၌ ခိုလႈံေနရေသာ ေဒသခံအခ်ိဳ႕ကို ရဟတ္ယာဉ္မ်ားျဖင့္ ကယ္တင္ခဲ့ရ သည္။

က်ဴး႐ွဴးကြၽန္း ရွာေဖြေရးႏွင့္ကယ္ဆယ္ေရးမစ္ရွင္တြင္ ဂ်ပန္ ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕ဝင္ ၄၀၀၀၀ ေက်ာ္ အျပင္ အေရးေပၚကယ္ဆယ္ေရးသမားမ်ားပါဝင္ခဲ့ေၾကာင္း အစိုးရအဖြဲ႕အတြင္းေရးမွဴးခ်ဳပ္ ယိုရွီဟိုင္ဒီဆူဂါက သတင္းေထာက္မ်ားသို႔ ေျပာၾကားခဲ့သည္။

က်ဴး႐ွဴးေဒသခံ ျပည္သူတစ္သန္းေက်ာ္ကို ေဘးလြတ္ရာေရႊ႕ေျပာင္းၾကရန္ ၫႊန္ၾကားခဲ့ေၾကာင္းသိရသည္။

ကိုးကား ။ ။ ဗွီအိုေအ

Ref; At Least 50 Dead in Japanese Natural Disaster

#PeopleMedia

(unicode)
ဂျပန်ရေဘေး သေဆုံးသူ ၅၀ ကျော်ရှိလာ၊ ပြည်သူတစ်သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းမည်
………………………………………………………

ဇူလိုင် – ၈

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း၊ ကျူးရှူးကျွန်း၌ သုံးရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားပြီးနောက် လူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့သည်။

သေဆုံးသူများထဲတွင် သဘာဝဘေးအန္တရာယ် အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရာ ကူမာမိုတိုဒေသရှိ သက်ကြီး စောင့်ရှောက်ရေးဂေဟာတစ်ခုမှ လူ ၁၄ ဦးလည်း ပါဝင်သည်။

အနီးအနားရှိ ကူးမားမြစ်မှ မြစ်ရေများကြောင့် အဆိုပါ သက်ကြီးစောင့်ရှောက်ရေးဂေဟာ ရေနစ်မြှုပ်ခဲ့ရာ ဝှီးချဲ ဖြင့်သွားလာရသူအချို့ ရေလွတ်ရာသို့ မသွားနိုင်တော့ဘဲ မြေပြင်ပေါ်၌ သောင်တင်သွားစေခဲ့သည်။

လူတစ်ဒါဇင်ထက်မနည်း ပျောက်ဆုံးနေကြောင်း သိရသည်။

ရေကြီးရေလျှံမှုများကြောင့် တံတားများ၊ လမ်းမကြီးများ ရေနှင့်မျောပါသွားခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များက နေအိမ်အတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ရန် ဖောင်များ၊ လေသွင်းလှေများ အသုံးပြုခဲ့ရ သည်။

ရေနစ်မြှုပ်လျက်ရှိရာ အိမ်ခေါင်မိုးပေါ်၌ ခိုလှုံနေရသော ဒေသခံအချို့ကို ရဟတ်ယာဉ်များဖြင့် ကယ်တင်ခဲ့ရ သည်။

ကျူးရှူးကျွန်း ရှာဖွေရေးနှင့်ကယ်ဆယ်ရေးမစ်ရှင်တွင် ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄၀၀၀၀ ကျော် အပြင် အရေးပေါ်ကယ်ဆယ်ရေးသမားများပါဝင်ခဲ့ကြောင်း အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် ယိုရှီဟိုင်ဒီဆူဂါက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ကျူးရှူးဒေသခံ ပြည်သူတစ်သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းကြရန် ညွှန်ကြားခဲ့ကြောင်းသိရသည်။

ကိုးကား ။ ။ ဗှီအိုအေ

Ref; At Least 50 Dead in Japanese Natural Disaster

#PeopleMedia


Share this post