ဂျပန် F-15 တိုက်လေယာဉ်တစ်စင်း ပင်လယ်ပြင်တွင် ပျောက်ဆုံး
PUBLISHED - February 1, 2022
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁ (People Media)
ဂျပန်လေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ F-15 တိုက်လေယာဉ်တစ်စင်းသည် ဂျပန်ပင်လယ်ပြင်တွင် ယမန်နေ့က ရေဒါမှ ပျောက်ဆုံးသွားခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အဆိုပါ F-15 တိုက်လေယာဉ်ကို Ishikawa ရှိ Komatsu လေတပ်စခန်းမှ ပျံတက်ခဲ့ပြီးနောက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အခြေစိုက်စခန်း၏ အနောက်-အနောက်မြောက်ဘက် ငါးကီလိုမီတာအကွာတွင် ပျောက်ဆုံးသွားခဲ့သည်။
လေယာဉ်ပျောက်ဆုံးသွားရာ နေရာတစ်ဝိုက်သို့ ကမ်းရိုးတန်းစောင့်တပ်မှ ကင်းလှည့်ရေယာဉ်များကို စေလွတ်ရှာဖွေခဲ့ရာ ပျောက်ဆုံးလေယာဉ်မှဟုယူဆရသည့် အပျက်အစီးများကို Ishikawa ကမ်းလွန်တွင် တွေ့ရှိခဲ့ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
လေ့ကျင့်ရေးမစ်ရှင်များတွင် အသုံးပြုလျက်ရှိသည့် အဆိုပါ F-15 တိုက်လေယာဉ်နှင့် အတူ လေယာဉ်မှုးနှစ် ဦးလည်း ပျောက်ဆုံးနေကြောင်း အဏာပိုင်များက ပြောကြားခဲ့သည်။
F-15 သည် ဂျပန်လေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (ASDF) ၏ အဓိက တိုက်လေယာဉ်များဖြစ်ပြီး ဂျပန်တဝှမ်းရှိ အခြေစိုက်စခန်းများတွင် အစီးရေ၂၀၀ အသုံးပြုလျက်ရှိသည်။
ကိုးကား – NHK
Ref; Search underway for missing ASDF F15 fighter
#PeopleMedia #နိုင်ငံတကာ
(unicode)
………………………………………………………..
Ref; Search underway for missing ASDF F15 fighter