ဂျာမနီ ဓာတုစက်ရုံပေါက်ကွဲမှုတွင် ငါးဦး သေဆုံးပြီး နှစ်ဦး ပျောက်ဆုံး
PUBLISHED - August 1, 2021
နိုင်ငံတကာ၊ ဩဂုတ် ၁ (People Media)
ယခုအပတ်အစောပိုင်းက ဂျာမနီနိုင်ငံအနောက်ပိုင်း လီဗာကူဆင်မြို့ရှိ ဓာတုစက်ရုံတစ်ခု၌ အင်အားပြင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် သေဆုံးသူ ငါးဦးအထိ ရှိလာခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
ကိုလုံးရှေ့နေချုပ်ရုံး၏ ထုတ်ပြန်ချက်တစ်ခုအရ အဆိုပါ ဓာတုစက်ရုံပေါက်ကွဲမှုတွင် လူနှစ်ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။
အပျက်အစီးများအောက်မှ အလောင်းများဆွဲထုတ်ကာ မည်သူမည်ဝါဖော်ထုတ်မှု ဆက်လက်လုပ်ဆောင်နေပြီး ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ဂျာမနီနိုင်ငံရှိ အကြီးမားဆုံးစက်မှုဇုံများအနက် တစ်ခုဖြစ်သော ချမ်ပတ်ရှိ ဓာတုစက်ရုံတစ်ခု၌ ဇူလိုင်လ ၂၇ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကောင်းကင်ယံအတွင်း မီးခိုးငွေ့များ မြင်တွေ့ခဲ့ရသည်။
အဆိပ်ငွေ့များ ပျံ့နှံ့မည်ကိုစိုးရိမ်ခြင်းကြောင့် ပတ်ဝန်းကျင်ရှိ ကစားကွင်းများ ပိတ်ထားရန်၊ လေထုညစ်ညမ်းမှု ကြောင့် စိုက်ခင်းများမှ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ မစားသုံးရန် ဒေသခံများကို အာဏာပိုင်များက အကြံပြုခဲ့သည်။
Ref; Death toll rises to 5 after blast at German chemical plant
#PeopleMedia #EPN #international #ဂျာမနီ
(unicode)
………………………………………
Ref; Death toll rises to 5 after blast at German chemical plant