ဂျိုးဘိုင်ဒန် ယူကရိန်းကိုလာရောက်နေစဉ် ရုရှားက တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်
PUBLISHED - February 22, 2023
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် တနင်္လၤာနေ့က ယူကရိန်းကိုရောက်နေတဲ့အချိန်မှာ ရုရှားနိုင်ငံက နျူကလီးယား ထိပ်ဖူးသယ်ဆောင်နိုင်တဲ့ တိုက်ချင်းပစ်ဒုံး ကျည်တစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့ရာမှာ စမ်းသပ်မှုမအောင်မြင်ဘူး လို့ အမေရိကန်ဘက်က အရာရှိနှစ်ဦးက ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံက အဲဒီတိုက်ချင်းပစ်ဒုံးကျည်မပစ်ခင် အမေရိကန်ကို ကြိုတင်သတိပေးခဲ့ကြောင်း အမေရိကန်အရာရှိ တစ်ဦးကပြောပါတယ်။ အမေရိကန်ဘက်ကလည်း အဲဒီစမ်းသပ်ပစ်ခတ်မှုကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် မမြင် ကြောင်း နောက်ထပ်အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။
အနောက်နိုင်ငံတွေက Satan II လို့ခေါ်တဲ့ နျူကလီးယားထိပ်ဖူးမျိုးစုံကို တပ်ဆင်သယ်ဆောင်နိုင်တဲ့ တိုက်ချင်း ပစ် SARMAT ဒုံးကျည်ဟာ ပစ်မှတ်ကိုမထိဘဲ လွဲချော်သွားခဲ့တယ်လို့ အမေရိကန်အရာရှိတွေကပြောပါတယ်။ ဒီတိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားဟာ အရင်ကပစ်ခတ်ရာမှာ အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
သမ္မတပူတင်ဟာ ၎င်းရဲ့မိန့်ခွန်ဒးထဲမှာ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုအကြောင်းကို အသားပေးပြော ဆိုသွားလိမ့်မယ်လို့ အမေရိကန်အရာရှိတွေက ယုံကြည်ထားပေမဲ့ ၁ နာရီနဲ့ ၄၅ မိနစ်ကြာမြင့်တဲ့မိန့်ခွန်းထဲမှာ ဒီ ဒုံးကျည်နဲ့ပတ်သတ်ပြီး ပူတင်က ဘာမှပြောဆိုသွားခြင်းမရှိပါဘူး။
ပူတင်ဟာ အဲဒီဒုံးကျည်အကြောင်းမပြောဘဲ ရုရှားနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းဆောင်ရွက် နေတဲ့ New START နျူကလီးယားလက်နက်လျှော့ချရေးသဘောတူစာချုပ်ပါ လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်နေမှုကို ရပ်ဆိုင်းထားလိုက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။
CNN သတင်းဌာနရဲ့ ကနဦးသတင်းတွေအရ ဒီတိုက်ချင်းပစ်ဒုံးကျည်ကို ဂျိုးဘိုင်ဒန် ယူကရိန်းရောက်နေချိန်မှာ ပစ်ခတ်ခဲ့တာလို့ ရေးသားခဲ့ပေမဲ့ သတင်းထွက်ပေါ်လာပြီးနောက်မှာတော့ ဒီဒုံးကျည်ပစ်ခတ်မှုကို ဘိုင်ဒန် ယူက ရိန်းမရောက်ခင်လေးမှာ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ပြီးလပိုင်းအတွင်း ဧပြီလအပါအဝင် အတိတ်ကာလက အခုလို တိုက်ချင်းပစ်ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်ရာမှာ အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း ရုရှားသမ္မတပူတင်က ကြေ ညာခဲ့ပါတယ်။
ကီလိုမီတာ ၁၁,၀၀၀ ကျော်ပစ်ခတ်နိုင်တယ်ဆိုတဲ့ SARMAT တိုက်ချင်းပစ်ဒုံးကျည်ကို ၂၀၁၆ ခုနှစ်မှာ ရုရှားနိုင် ငံက ပထမဦးဆုံး အကြိမ်ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။
အလေးချိန်တန် ၁၀၀ ရှိတဲ့ထိပ်ဖူးကို သယ်ဆောင်နိုင်တဲ့ ဒီ SARMAT တိုက်ချင်းပစ်ဒုံးကျည်ဟာ ရုရှားနိုင်ငံက R-36M Voevoda တိုက်ချင်းပစ်ဒုံးကျည်ပြီးရင် နောက်ဆုံး ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့တဲ့ တိုက်ချင်းပစ်ဒုံးကျည်ပဲ ဖြစ်ပါတယ်။
Ref: Russia ‘tested nuclear missile’ when Biden made Ukraine visit
#PeopleMedia
(unicode)
………………………………………………
Ref: Russia ‘tested nuclear missile’ when Biden made Ukraine visit
#PeopleMedia