ဂျိုး ဘိုင်ဒန် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဒုတိယအကြိမ်ထိုး
PUBLISHED - January 12, 2021
ဒီလာဝဲ၊ ဇန်နဝါရီ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုး ဘိုင်ဒန်ကို ဇန်နဝါရီ ၁၁ ရက် တနင်္လာနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေးဒုတိယအကြိမ်ကို ထိုးပေးခဲ့သည်။
ဘိုင်ဒန်အား ဒီဇင်ဘာ ၂၁ ရက်တွင် ဖိုင်ဇာ/ဘိုင်ယွန်းတက်ခ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပထမအကြိမ်ကို ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုများတွင်ထိုးပြပြီး ကာကွယ်ဆေးများဘေးကင်းစိတ်ချရကြောင်း သက်သေပြ ရန်ကြိုးစားခဲ့ပြီးနောက် ယခုဒုတိယအကြိမ်ထိုးခြင်းဖြစ်သည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်တွင် သေဆုံးသူ ၃၇၅၀၀၀ နီးပါးရှိနေပြီး ဘိုင်ဒန်ပထမ အကြိမ်ကာကွယ်ဆေးထိုးပြီးချိန်ထက် ၆၀၀၀၀ ခန့်ပိုများလာခြင်းဖြစ်သည်။
ထိုကာကွယ်ဆေးသည် ပထမတကြိမ်ထိုးပြီးနောက်ထပ် ၃ ပတ်အကြာတွင် ဒုတိယအကြိမ်ထိုးရသည်။
နောက်ထပ်ကာကွယ်ဆေးတမျိုးဖြစ်သည့် မိုဒါးနားကုမ္ပဏီ၏ဆေးသည်လည်း ၄ ပတ်အကြာတွင် ထပ်ထိုးရပြီး တကြိမ်သာထိုးရသည့်ကာကွယ်ဆေးများသည် စမ်းသပ်ဆဲအဆင့်သာရှိသေးသည်။
ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတအဖြစ်ကျမ်းကျိန်သစ္စာပြုပြီးပါက ရက် ၁၀၀ အတွင်း အမေရိကန်နိုင်ငံသားသန်း ၁၀၀ ကိုကာကွယ်ဆေးထိုးပေးမည်ဟု မစ္စတာ ဘိုင်ဒန်ကကတိပြုထားသည်။
Ref : Biden gets 2nd vaccine dose as team readies COVID-19 plan
#PeopleMedia
(unicode)
……………………………….
Ref : Biden gets 2nd vaccine dose as team readies COVID-19 plan
#PeopleMedia