• Follow Us on

Home ဂျက်အင်ဂျင်တပ်ဆင်ထားတဲ့ Quarterhorse Mk1 ဒရုန်း ဟားမက်စ်ကုမ္ပဏီ ထုတ်ဖော်ပြသ

ဂျက်အင်ဂျင်တပ်ဆင်ထားတဲ့ Quarterhorse Mk1 ဒရုန်း ဟားမက်စ်ကုမ္ပဏီ ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ ဧပြီ ၂

 

ဟားမက်စ်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ (Hermeus) ဟာ မြန်နှုန်းမြင့် ပျံသန်း၊ ဆင်း/တက်နိုင်တဲ့ ဂျက်အင် ဂျင်တပ်မောင်းသူမဲ့လေယာဉ်တစ်စင်းကို ထုတ်ဖော်ပြသလိုက်ပါတယ်။

 

Quarterhorse Mk1 လို့ ခေါ်တဲ့ အဲဒီဒရုန်းအသစ်မှာ နော့သရု (ပ်) ဂရူးမန်းကုမ္ပဏီထုတ် F-5 ဆူပါဆောနစ် ဂျက်တိုက်လေယာဉ်နဲ့ T-38 Talon အမောင်းသင်ဂျက်တိုက်လေယာဉ်တွေမှာ တပ်ဆင်ထားတဲ့ GE J85 အင် ဂျင်တစ်လုံးတပ်ဆင်ထားပါတယ်။

 

ဒီမောင်းသူမဲ့လေယာဉ်ကို ခုနစ်လအတွင်း ဒီဇိုင်းရေးဆွဲတည်ဆောက်နိုင်တယ်လို့ ဆိုတဲ့အတွက် တစ်နှစ်ကို လေယာဉ်အမျိုးအစားတစ်မျိုး ထုတ်လုပ်နိုင်ရမယ်ဆိုတဲ့ အမေရိကန်ကုမ္ပဏီရဲ့ ရည်မှန်းချက်အတိုင်း ထုတ် လုပ်သွားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒီဒရုန်းရဲ့ ပထမဦးဆုံး စမ်းသပ်ပျံသန်းမှုကို အခုနှစ် နှောင်းပိုင်းမှာ ကယ်လီဖိုးနီးယားပြည်နယ် အက်ဒ်ဝပ်စ် လေ တပ်အခြေစိုက်စခန်းမှာ ပြုလုပ်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ စမ်းသပ်ပျံသန်းမှုမလုပ်ခင် ဒရုန်းရဲ့ စနစ်ခွဲတွေနဲ့ မြေပြင်ထိန်းချုပ်ရေးစနစ်တွေကို အကဲဖြတ်ဖို့အတွက် စမ်းသပ်မှုတွေကို ဆောင်ရွက်သွားဖို့ ဟားမက်စ်ကုမ္ပဏီက စီစဉ်ထားတယ်လို့ ဆိုပါတယ်။

 

“ပထမဦးဆုံး စမ်းသပ်ပျံသန်းမှုကို စတင်ဆောင်ရွက်တော့မှာဆိုတော့ ကျွန်တော်တို့ရဲ့ စမ်းသပ်မှုလုပ်ထုံးလုပ် နည်းတွေ၊ ဘေးကင်းလုံခြုံမှု အခြေအနေနဲ့ နယ်ပယ်စုံအဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အကျိုးသက် ရောက်မှုတွေကို တပြိုင်တည်းမှာ စစ်ဆေးရင်း ဒီမောင်းသူမဲ့လေယာဉ်ကို ဘက်စုံဆန်းစစ်လေ့လာအကဲဖြတ်မှု ပြုလုပ်သွားမှာဖြစ်ပါတယ်။” လို့ ဟားမက်စ်ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဒွန်ကဒါဘက်ခ်က ပြောပါတယ်။

 

Quarterhorse Mk1 မောင်းသူမဲ့လေယာဉ်ရဲ့ ပျံသန်းနိုင်တဲ့ အမြန်နှုန်း၊ စစ်ဆင်ရေးဆောင်ရွက်နိုင်တဲ့အကွာအ ဝေးနဲ့ တစ်ဆက်တည်းပျံသန်းနိုင်တဲ့အချိန်တို့လို စွမ်းဆောင်ရည်အသေးစိတ်တွေကိုတော့ ဟားမက်စ်ကုမ္ပဏီက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

 

Quarterhorse Mk1 ဒရုန်းစမ်းသပ်မှုတွေပြီးဆုံးတာနဲ့ တပြိုင်နက် ဟားမက်စ်ကုမ္ပဏီဟာ ဆူပါဆောနစ်အမြန် နှုန်းနဲ့ ပျံသန်းနိုင်တဲ့ Quarterhorse Mk2 ဒရုန်းကို ဆက်လက် ဒီဇိုင်းရေးဆွဲထုတ်လုပ်သွားမှာဖြစ်ပါတယ်။

 

Quarterhorse Mk2 ဒရုန်းမှာတော့ အမေရိကန်လေတပ်က F-15 နဲ့ F-16 ဂျက်တိုက်လေယာဉ်တွေမှာ အသုံး ပြုနေတဲ့ တွန်းကန်မှုစနစ်နဲ့ တူညီတဲ့ Pratt & Whitney F100 အင်ဂျင်ကို တပ်ဆင်သွားမှာဖြစ်ပါတယ်။

 

Ref: Hermeus Unveils Jet-Powered Quarterhorse Mk1 Drone

 

#PeopleMedia


Share this post