• Follow Us on
Latest News

Home ဂျပန်ကမ်းလွန်ပင်လယ်ပြင်မှာ V-22 Osprey လေယာဉ်တစ်စင်းပျက်ကျပြီးနောက် အမေရိကန်စစ်တပ်က V-22 Osprey လေယာဉ်တွေ ပျံသန်းခွင့် ပိတ်ပင်ထား

ဂျပန်ကမ်းလွန်ပင်လယ်ပြင်မှာ V-22 Osprey လေယာဉ်တစ်စင်းပျက်ကျပြီးနောက် အမေရိကန်စစ်တပ်က V-22 Osprey လေယာဉ်တွေ ပျံသန်းခွင့် ပိတ်ပင်ထား

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၈

 

ဂျပန်ကမ်းလွန်ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက V-22 Osprey (အော့စ်စပရေး) လေယာဉ်တစ် စင်းပျက်ကျခဲ့ပြီးနောက်မှာ (ထောင်လိုက်/အလျားလိုက်အရှင်လှည့်ပြောင်းနိုင်တဲ့) ပန်ကာတွေတပ်ဆင်ထားတဲ့ V-22 Osprey လေယာဉ်တွေကို ပျံသန်းခွင့် ရပ်ဆိုင်းထားမယ်လို့ အမေရိကန်စစ်တပ်က ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ လ ၆ ရက်နေ့) က ကြေညာလိုက်ပါတယ်။

 

လေတပ်တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က လေယာဉ်ပျက်ကျမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံ စမ်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေစဉ်အတွင်း အန္တရာယ်တွေလျှော့ချနိုင်ဖို့အတွက် အခုလိုဆောင် ရွက်ရတာဖြစ်ကြောင်း လေတပ်အထူးစစ်ဆင်ရေးဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

 

အမေရိကန်ရေတပ်လေကြောင်းစနစ်များဌာနချုပ်ကလည်း ညွှန်ကြားချက်အတိုင်းဆက်လက်ဆောင်ရွက်သွား မှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ပြောပါတယ်။

 

ရဟတ်ယာဉ်တစ်စင်းလို ထောင်လိုက်အတက်အဆင်းလုပ်နိုင်သလို ပန်ကာတွေကို ရှေ့ဘက်ကိုပြန်ချပြီး သာ မန်လေယာဉ်တစ်စင်းလို ပြေးလွှားပျံတက်နိုင်တဲ့ နှစ်မျိုးစပ် V-22 Osprey လေယာဉ်တွေဟာ တစ်နှစ်ကျော် ကာလအတွင်းမှာပဲ ဆိုးဆိုးရွားရွား လေယာဉ်ပျက်ကျမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

 

ဂျပန်နိုင်ငံ အနောက်တောင်ဘက်မှာဖြစ်ပွားခဲ့တဲ့ အဲဒီလေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး အမေရိကန်လေတပ် က စုံစမ်းစစ်ဆေးနေပါတယ်။

 

“ကနဦးစုံစမ်းစစ်ဆေးချက်တွေအရ လေယာဉ်စက်ချွတ်ယွင်းမှုကြောင့် မတော်တဆပျက်ကျခဲ့တာဖြစ်ကြောင်း သိရပေမဲ့ လေယာဉ်စက်ချွတ်ယွင်းရတဲ့ အရေးအကြီးဆုံးပြဿနာရင်းမြစ်က ဘာလဲဆိုတာ မသိရသေးဘူး။” လို့ လေတပ်က ပြောပါတယ်။

 

လေယာဉ်ပျက်ကျမှုအကြောင်းရင်းတွေကို စုံစမ်းဖော်ထုတ်ရေးနဲ့ လေတပ်ရဲ့ V-22 Osprey လေယာဉ်တွေ ပြန် လည်ပျံသန်းခွင့်ပြုရေးထောက်ခံချက်ပေးရေးအတွက် အချိန်ယူပြီး အသေးစိတ်စုံစမ်းစစ်ဆေးဖို့ အခုလို V-22 Osprey လေယာဉ်တွေပျံသန်းမှုကို ရပ်တန့်ထားရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

အခုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဂျပန်နိုင်ငံက ၎င်းတို့ပိုင် V-22 Osprey လေယာဉ်တွေပျံသန်းမှုကို ရပ်ဆိုင်းထား လိုက်သလို အမေရိကန်စစ်တပ်ကိုလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရပ်ဆိုင်းထားဖို့ အကြံပြုခဲ့ပါတယ်။

 

ယာကူရှီမာကျွန်းအနီးဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုအပြင် V-22 Osprey လေယာဉ်ပျက်ကျခဲ့တဲ့ ဖြစ်စဉ်လေးငါးခု ကြောင့် လေယာဉ်ထုတ်လုပ်တဲ့ဘိုးရင်းကုမ္ပဏီနဲ့ ရဟတ်ယာဉ်ထုတ်လုပ်တဲ့ဘဲလ်ကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်ခဲ့ တဲ့ V-22 Osprey လေယာဉ်တွေကို ပြန်လည်စစ်ဆေးဖို့ စဉ်းစားလာကြပါတယ်။

 

အခုနှစ် သြဂုတ်လကုန်ပိုင်းမှာလည်း သြစတေးလျနိုင်ငံ မြောက်ပိုင်းက မယ်လ်ဗီးလ်ကျွန်းနားမှာ V-22 Osprey လေယာဉ်ပျက်ကျခဲ့ရာ အမေရိကန်မရိန်းတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ်က နော်ဝေနိုင်ငံမှာ နေတိုးတပ်ဖွဲ့တွေ စစ်ရေးလေ့ကျင့်နေစဉ်အတွင်း MV-22B Osprey လေယာဉ် ပျက်ကျခဲ့တဲ့အတွက် အမေရိကန်မရိန်းတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

 

၂၀၁၇ ခုနှစ်က သြစတေးလျနိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်းမှာ Osprey လေယာဉ်တစ်စင်း ပင်လယ်ထဲက သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စီးပေါ်ကို ဆင်းသက်ဖို့ ကြိုးစားစဉ် သင်္ဘောနဲ့ နောက်ပိုင်းနဲ့တိုက်မိပြီး ပျက် ကျခဲ့ရာ မရိန်းတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပါတယ်။

 

၂၀၁၆ ခုနှစ်က အိုကီနာဝါကျွန်းမှာ MV-22 Osprey လောယဉ်တစ်စင်းပျက်ကျခဲ့ရ ဂျပန်မှာရှိတဲ့ အမေရိကန် မရိန်းတပ်က Osprey လေယာဉ်တွေကို ပျံသန်းမှုရပ်ဆိုင်းခဲ့ရပါတယ်။

 

၂၀၀၀ ပြည့်နှစ်တုန်းက အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှာ စစ်ရေးလေ့ကျင့်နေစဉ်အတွင်း Osprey လေ ယာဉ်ပျက်ကျခဲ့ရာ မရိန်းတပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့ပါတယ်။

 

V-22 Osprey လေယာဉ်တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ဒီဇိုင်းရေးဆွဲစမ်းသပ်ထုတ်လုပ်ပြီးနောက် ၂၀၀၇ ခုနှစ်မှာ အမေရိကန်တပ်မတော်မှာ စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။

 

V-22 Osprey လေယာဉ်အစင်းရေ ၄၀၀ ကျော်ကို အမေရိကန် မရိန်းတပ်၊ လေတပ်နဲ့ ရေတပ်တို့မှာ အသုံးပြု နေကြောင်း Bell Flight ရဲ့ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

 

Ref: US Military Grounds Fleet of Osprey after Crash off Japan

 

#PeopleMedia


Share this post