• Follow Us on

Home ဂျပန်ကို JASSM-ER ဒုံးကျည်တွေ ရောင်းချပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနခွင့်ပြု

ဂျပန်ကို JASSM-ER ဒုံးကျည်တွေ ရောင်းချပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနခွင့်ပြု

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၁

 

ဂျပန်နိုင်ငံက တောင်းဆိုထားတဲ့ “ရန်သူ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုရှောင်ရှားနိုင်ပြီး တာဝေးတိုးချဲ့ ထားတဲ့ ပူးတွဲဝေဟင်-မြေပြင်ပစ်ဒုံးကျည်” (Joint Air-to-Surface Standoff Missiles with Extended Range – JASSM-ER) အစင်း ၅၀ နဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ခွင့်ပြု လိုက်ပါတယ်။

 

ဒီတာဝေးပစ်လက်နက်ဟာ စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်မှာ တပ်ဆင်မယ့် ဒုံးကျည်အမျိုးအ စားနှစ်မျိုးအနက် တစ်မျိုးဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားလိုက်ပြီးနောက်မှာ ဒေါ်လာ ၁၀၄ သန်းခန့်တန်တဲ့ JASSM-ER ဒုံးကျည်ရောင်းဝယ်ရေးကိစ္စကို အခုလို အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာနက ခွင့်ပြုလိုက်တာပဲဖြစ်ပါတယ်။

 

ဂျပန်စစ်လေယာဉ်မှာတပ်ဆင်မယ့် တခြားဒုံးကျည်ကတော့ ပြည်တွင်းထုတ် Type 12 ရေပြင်-ရေပြင် ပစ်ဒုံး ကျည်ကို ပုံစံပြောင်းထုတ်လုပ်ထားတဲ့ ဝေဟင်ပစ်ဒုံးကျည်အမျိုးအစားသစ်ပဲဖြစ်ပါတယ်။

 

စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်မျာ တပ်ဆင်မယ့် ဒုံးကျည်တွေဟာ အနာဂတ်ကာလစစ်ပွဲတွေ မှာ ရန်သူ့သင်္ဘောတွေအပါအဝင် ရန်သူ့ဒုံးကျည်အခြေစိုက်စခန်းတွေကနေ ပစ်ခတ်လာမယ့်တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်နိုင်အောင် စီစဉ်ထားတာလို့ ဆိုပါတယ်။

 

“ခွင့်ပြုထားတဲ့ ဒုံးကျည်တွေဟာ လက်ရှိကာလနဲ့ အနာဂတ်ကာလ ခြိမ်းခြောက်မှုတွေကို ဂျပန်နိုင်ငံကရင်ဆိုင် ရာမှာ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို တိုးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ ဒီဒုံးကျည်တွေဟာ ခေတ်မီအဆင့် မြင့်ပြီး တာဝေးပစ်ခတ်နိုင်တဲ့အပြင် ရန်သူ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ရှောင်ရှားဖြတ်ကျော်နိုင်ပါ တယ်။ ဒီဒုံးကျည်တွေကို F-15J ဂျက်တိုက်လေယာဉ်အပါအဝင် ဂျပန်လေတပ်မှာ ရှိတဲ့ လေယာဉ်မျိုးစုံမှာတပ် ဆင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။” လို့ ကာကွယ်ရေး/လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီရဲ့ ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

အခုရောင်းချမယ့်အစီအစဉ်ထဲမှာ လေ့ကျင့်သင်ကြားမှု၊ နည်းပညာဆိုင်ရာမှတ်တမ်းများ၊ လော်ဂျစ်စတစ်၊ အင် ဂျင်နီယာနည်းပညာများနဲ့ စီမံချက်ထောက်ပံ့မှုတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။

 

တာဝေးတိုးချဲ့ထားတဲ့ JASSM ဒုံးကျည်ဟာ ၂၀၁၄ ခုနှစ်မှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး B-1 ဗုံးကြဲလေယာဉ်၊ B-52 ဗုံးကြဲလေယာဉ်၊ F-15E ဂျက်တိုက်လေယာဉ်၊ F-16 ဂျက်တိုက်လေယာဉ်အပါအဝင် အမေရိကန်လေတပ် က လေယာဉ် အများအပြားမှာ တပ်ဆင်အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် အမေရိကန်လေတပ်ဟာ ခန့်မှန်း ကီလိုမီတာ ၉၀၀ (၅၅၉ မိုင်) အထိပစ်ခတ်နိုင်တဲ့ JASSM ဒုံးကျည် တွေကို B-2 ဗုံးကြဲလေယာဉ်တွေမှာလည်း တပ်ဆင်အသုံးပြုဖို့ စီစဉ်နေပါတယ်။

 

ဒီပစ်ခတ်နိုင်တဲ့ အကွာအဝေးပမာဏဟာ အခြေခံဒုံးကျည်တစ်စင်းရဲ့ ပစ်ခတ်နိုင်တဲ့အကွာအဝေး နှစ်ဆကျော် ကျော်လောက်ရှိတယ်လို့ဆိုပါတယ်။

 

JASSM ဒုံးကျည်တွေကို အမေရိကန်ရေတပ်က F/A-18E/F ဂျက်တိုက်လေယာဉ်တွေနဲ့ F-35C ဂျက်တိုက်လေ ယာဉ်တွေမှာလည်း တပ်ဆင်ပစ်ခတ်နိုင်ပြီလို့ ဆိုပါတယ်။

 

Ref: US Approves JASSM-ER Air-Launched Missile Sale to Japan: The Defense Post

 

#PeopleMedia


Share this post