• Follow Us on
Latest News

Home ဂျပန်နိုင်ငံက တိုမာဟော့ဒုံးကျည် အစင်း ၄၀၀ ဝယ်ယူဖို့ အမေရိကန်နဲ့ လက်မှတ်ရေးထိုး

ဂျပန်နိုင်ငံက တိုမာဟော့ဒုံးကျည် အစင်း ၄၀၀ ဝယ်ယူဖို့ အမေရိကန်နဲ့ လက်မှတ်ရေးထိုး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉

 

ဒေသတွင်းခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာ နိုင်ငံရဲ့စစ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့အတွက် အမေရိကန်ထုတ် တာဝေးပစ်တိုမာဟော့ဒုံးကျည် အစင်း ၄၀၀ ဝယ်ယူဖို့ ဂျပန်နိုင်ငံက အမေရိကန်ပြည်ထောင်စုနဲ့ ကြာသပတေး နေ့ (ဇန်နဝါရီလ ၁၈ ရက်နေ့) က လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

မြင့်တက်လာတဲ့တရုတ်စစ်အင်အားနဲ့ နျူကလီးယားပိုင်မြောက်ကိုရီးယားနိုင်ငံတို့ကို ရင်ဆိုင်နေရတဲ့အတွက် ဂျပန်အစိုးရဟာ၂၀၂၇ ခုနှစ်မတိုင်ခင် နေတိုးအဖွဲ့ရဲ့ စံနှုန်းဖြစ်တဲ့ နိုင်ငံ့ GDP ရဲ့ နှစ်ရာခိုင်နှုန်းသုံးစွဲဖို့အတွက် စစ်ရေးအသုံးစရိတ်ကို နှစ်ဆမြှင့်တင်ဖို့ စီစဉ်နေပါတယ်။

 

ကီလိုမီတာ ၁၆၀၀ (၉၉၅ မိုင်) အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ ဒေါ်လာ ၂.၃၅ ဘီလျံတန်ကြေးရှိ တိုမာဟော့ ဒုံးကျည်အမျိုးအစားနှစ်မျိုးဝယ်ယူမယ့်အစီအစဉ်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း အမေရိကန်အစိုးရက သ ဘောတူခွင့်ပြုခဲ့တာဖြစ်ပါတယ်။

 

“တိုမာဟော့ဒုံးကျည်တွေဝယ်ယူဖို့ အပြီးသတ်သဘောတူညီချက်စာချုပ်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ ပိုမိုခိုင်မာတဲ့ကာကွယ်ရေးအသုံးစရိတ်ကတစ်ဆင့် ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းရည်တွေကို မြှင့်တင်သွား မှာဖြစ်ပါတယ်။” လို့ တိုကျိုမြို့မှာ ကြာသပတေးနေ့က လက်မှတ်ရေးထိုးပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

 

ဂျပန်နိုင်ငံဟာ ဧပြီလကစတင်မယ့် လာမယ့်ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို စံချိန်တင် ဘတ်ဂျက်အဖြစ် ဒေါ်လာ ၅၆ ဘီလျံသုံးစွဲဖို့ ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။

 

ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့နောက်ပိုင်း ရေးဆွဲခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ဖွဲစည်းပုံအခြေခံဥပေဒထဲမှာ စစ်ဆန့်ကျင်ရေးကို ထည့်သွင်းရေးဆွဲပြီး စစ်ရေးဆောင်ရွက်ချက်တွေကို ကန့်သတ်ထားပါတယ်။

 

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က အဓိက လုံခြုံရေးနဲ့ ကာကွယ်ရေးမူဝါဒတွေကို ပြန်လည်ပြင်ဆင်ပြီးနောက် ဂျပန်အစိုးရ ဟာ တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုကို ရင်ဆိုင်ရမယ့်အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုလာခဲ့ပါတယ်။

 

ဂျပန်အစိုးရရဲ့ ကာကွယ်ရေးဆိုင်ရာဆောင်ရွက်မှုအသစ်တွေကို အစောပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အမေရိကန်သံအမတ် ရမ်းအီမန်နျူရယ်က ချီးကျူးပြောဆိုလိုက်ပါတယ်။

 

“ကျူးကျော်ရန်စလိုသူတွေဟာ ပိုပိုပြီး ရန်လိုလာတဲ့အတွက် ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို ကာကွယ်ဖို့အ တွက် ဂျပန်နိုင်ငံဟာ အဲဒီလိုကာကွယ်မယ့်နိုင်တွေထဲမှာ ရှေ့တန်းကို ရောက်ရှိလာပြီဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အမေရိကန်ပြည်ထောင်စုက လိုင်စင်ယူပြီး ဂျပန်နိုင်ငံတွင်းမှာထုတ်လုပ်နေတဲ့ ပက်ထရီယော့ဒုံးကျည်တွေ ရောင်းချနိုင်ဖို့အတွက် ဂျပန်နိုင်ငံက ပြီးခဲ့တဲ့လက ၎င်းတို့နိုင်ငံရဲ့ ပြည်ပနိုင်ငံလက်နက်တင်ပို့ရေးထိန်းချုပ်မှု တွေကို လျှော့ချခဲ့ပါတယ်။

 

အမေရိကန်နိုင်ငံက ယူကရိန်းကိုပေးပို့လိုက်တဲ့လက်နက်တွေအတွက် ၎င်းတို့ရဲ့လက်နက်တိုက်ကို ပြန်လည် ဖြည့်တင်းဖို့လိုအပ်တဲ့အတွက် ဂျပန်က ပြည်ပနိုင်ငံလက်နက်တင်ပို့ရေးထိန်းချုပ်မှုကို အခုလိုလျှော့ချလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: Japan Inks Deal to Buy 400 Long-Range Tomahawk Missiles from US

 

#PeopleMedia


Share this post