ဂျပန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဒေါ်လာ ၃.၈ သန်းတန်ကြေးှရှိ ကင်းလှည့်ရေယာဉ်တွေ ထောက်ပံ့ သွားမည်
PUBLISHED - November 24, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၄
ဂျပန်နိုင်ငံရဲ့ တရားဝင်လုံခြုံရေးထောက်ပံံ့ကူညီမှုစီမံချက် (OSA) ရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဂျပန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကင်းလှည့်ရေယာဉ်တွေ ထောက်ပံ့သွားမှာဖြစ်ကြောင်း သိရပါတယ်။
OSA စီမံချက်ဟာ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် စီး ပွားရေးနဲ့ လူမှုရေး တိုးတက်မှုတွေကူညီထောက်ပံ့တဲ့အနေနဲ့ စီစဉ်ဆောင်ရွက်နေတဲ့ ဂျပန်နိုင်ငံရဲ့ ထောက်ပံ့ကူ ညီရေးစီမံချက်တစ်ခုဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထောက်ပံ့ကူညီမယ့် အခုအစီအစဉ်ဟာ ယန်းငွေ ၅၇၅ သန်း (ဒေါ်လာ ၃.၈ သန်း) တန် ကြေးရှိတဲ့ သင်္ဘောတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကင်းလှည့်ရေယာဉ်တွေဟာ ဘင်္ဂလားဒေ့ရှ်ရေတပ်အတွက် သဘာဝဘေးဒဏ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်သလို ရေကြောင်းဆိုင်ရာ လေ့လာရေးနဲ့ စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်းတွေမှာလည်း အသုံး ပြုနိုင်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်ထဲမှာတည်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဂျပန်နိုင်ငံရဲ့ မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်သလို နိုင်ငံတကာစီးပွားရေးဆက်ဆံမှုတွေအတွက် အရေးကြီးတဲ့ ပင်လယ်ရေလမ်းကြောင်းတစ်ခု လည်းဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ၎င်းတို့ရဲ့ကမ်းရိုးတန်းလုံခြုံရေးတိုးမြှင့်ဖို့အတွက် မကြာသေးခင်ကပဲ OSA စီမံချက်က တစ် ဆင့် ယန်းငွေ သန်း ၆၀၀ (ဒေါ်လာ ၄ သန်း) တန်ကြေးရှိ အကူအညီတွေရရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ OSA စီမံချက်အကူအညီတွေရရှိခဲ့တဲ့ ဒုတိယမြောက်နိုင်ငံဖြစ်ပါတယ်။
လက်ရှိ ပင်လယ်ရေကြောင်းပိုင်ဆိုင်မှု အငြင်းပွားမှုပြဿနာတွေဖြစ်ပွားနေတဲ့ကြားထဲမှာ “ဘက်စုံကာကွယ်ရေး စနစ်တစ်ရပ်တည်ဆောက်မှု” တည်ထောင်ဖို့ ဒေသတွင်းနိုင်ငံတွေကို ကူညီနိုင်ရေးအတွက် ၂၀၂၂ ခုနှစ်မှာ စ တင်ရေးဆွဲခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ပြန်လည်ပြုပြင်ထားတဲ့ အစိတ်အပိုင်းတစ်ရပ် အဖြစ် OSA စီမံချက်ကို မူဘောင်ချ ရေးဆွဲခဲ့တာဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ မလေးရှားနိုင်ငံနဲ့ ဖီဂျီနိုင်ငံတို့ကို နောက်ထပ်ကူညီထောက်ပံ့မှုတွေ ပေးမယ့်နိုင်ငံတွေအဖြစ် စဉ်း စားထားသလို ဗီယက်နမ်နိုင်ငံနဲ့ ဂျဘေ့တီနိုင်ငံတို့ကို လာမယ့် ဘဏ္ဍာရေးနှစ်မှာ ကူညီထောက်ပံ့မှုပေးသွားဖွယ် ရာရှိတဲ့နိုင်ငံတွေအဖြစ် စဉ်းစားနေတယ်လို့ ဆိုပါတယ်။
Ref: Japan Hands Bangladesh $3.8M Patrol Boat Grant for Maritime Defense
#PeopleMedia