ဂျပန်နိုင်ငံမှာ အာကာသတပ်ဖွဲ့ဌာနချုပ်တစ်ခုတည်ဆောက်ဖို့ အမေရိကန်စဉ်းစားနေ

PUBLISHED - September 29, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂၉
ဂျပန်နိုင်ငံမှာ အာကာသတပ်ဖွဲ့ကွပ်ကွဲမှုဌာနချုပ်တစ်ခု တည်ဆောက်ဖို့ အမေရိကန်အာကာသတပ်ဖွဲ့က စဉ်းစား နေကြောင်း အမေရိကန်အာကာသစစ်ဆင်ရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ဘီချန့်စ်ဆော့ဇ်မန်းက သတင်းစာရှင်း လင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
အခုအစီအစဉ်သစ်ဟာ မဟာမိတ်နိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ပြီး အာကာသနယ်ပယ်မှာကြီး ထွားလာတဲ့ တခြားတပ်ဖွဲ့တွေနဲ့ ယှဉ်ပြိုင်ရင်း ဒေသတွင်း အာကာသစစ်ဆင်ရေးတိုးချဲ့ရာမှာ အသစ်ဖွဲ့စည်း လိုက်တဲ့ အင်ဒို-ပစိဖိတ် ဒေသ အမေရိကန်အာကာသတပ်ဖွဲ့ရဲ့ နောက်ထပ်ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ဆိုပါ တယ်။
အစီအစဉ်ဟာ ကနဦးအဆင့်မှာသာရှိသေးကြောင်း၊ နောက်ဆုံးဖွဲ့စည်းမယ့်အာကာသတပ်ဖွဲ့ကို ဘယ်လောက် အရွယ်အစားကြီးကြီးမားမားဖွဲ့စည်းမလဲဆိုတာကို ဆုံးဖြတ်ဖို့ ကြိုးစားနေဆဲဖြစ်ကြောင်း တိုကျိုမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆော့ဇ်မန်းက သတင်းထောက်တွေကို ပြောပါတယ်။
“ကျွန်တော်တို့တွေ အာကာသတပ်ဖွဲ့ဌာနချုပ်ကို ဘယ်လိုပုံစံတည်ဆောက်မလဲဆိုတာ အတိအကျတွက်ချက်ဖို့ အတွက် စီမံချက်ရေးဆွဲနေဆဲအဆင့်တွေမှာပဲ ရှိပါသေးတယ်။” လို့ ၎င်းက ပြောပါတယ်။
လောလောဆယ် လုပ်ငန်းအချိန်ဇယားအတိအကျ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေမဲ့ အာကာသတပ်ဖွဲ့ဌာန ချုပ်တည်ဆောက်ဖို့ ဖြစ်နိုင်ခြေရှိတဲ့နေရာကတော့ တိုကျိုမြို့အနောက်ဘက် ယိုကိုတာလေတပ်အခြေစိုက်စခန်း ကို စဉ်းစားနေကြောင်း ဆော့ဇ်မန်းက ပြောပါတယ်။
တရုတ်နဲ့ ရုရှားတို့လို နိုင်ငံတေါက ၎င်းတို့ရဲ့ အာကာသနယ်ပယ်ကြိုးပမ်းမှုတွေကို ဆက်လက်မြှင့်တင်နေတဲ့အ တွက် အမေရိကန်အစိုးရကလည်း အာကာသတပ်ဖွဲ့တိုးချဲ့မှု အစီအစဉ်တွေကို ဆက်လက်ထုတ်ဖော်ပြောကြား လျက်ရှိပါတယ်။
နိုင်ငံကြီးနှစ်နိုင်ငံရဲ့ အီလက်ထရိုမဂ္ဂနစ်တိုက်စနစ်အသုံးပြုထားတဲ့ မြေပြင်အခြေစိုက် ဂြိုဟ်တုဖျက်ဒုံးကျည်တွေ နဲ့ အာကာသပတ်လမ်းကြားဖြတ်တိုက်ခိုက်မှုစွမ်းရည်တွေဟာ အာကာသလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတွေ ဖြစ်တယ်လို့ ဖေဖော်ဝါရီလအတွင်းက ဆော့ဇ်မန်းက ပြောပါတယ်။
ထောက်လှမ်းရေးသတင်းအချက်လက်စုဆောင်းမှုစစ်ဆင်ရေးတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ အဲဒီနိုင်ငံကြီးနှစ်နိုင်ငံ ရဲ့ တိုးတက်လာတဲ့လက်နက်ထုတ်လုပ်မှုတွေ မျက်ခြေမပြတ်စောင့်ကြည့်လေ့လာရေးကို အဓိက အာရုံစိုက် ဆောင်ရွက်နေကြောင်း အာကာသတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။
Ref: US Considering New Space Force Unit in Japan
#PeopleMedia