ဂျပန်နိုင်ငံရဲ့ KC-46A ဝေဟင်ဆီဖြည့်လေယာဉ် နောက်ထပ် ၉ စင်းဝယ်ယူခွင့်လျှောက်ထားမှု အမေရိကန်အစိုးရ ခွင့်ပြု
PUBLISHED - September 17, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၁၇
ဒေါ်လာ ၄.၁ ဘီလျံတန်ကြေးရှိ KC-46A ဝေဟင်ဆီဖြည့်လေယာဉ်တွေ နောက်ထပ်ဝယ်ယူခွင့်ပြုဖို့ ဂျပန်နိုင်ငံရဲ့ မေတ္တာရပ်ခံတင်ပြချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပါတယ်။
ဂျပန်အစိုးရအနေနဲ့ တာဘိုအင်ဂျင် ၁၈ လုံး၊ ရေဒါအချက်ပေးစနစ် ၁၆ စုံနဲ့ အနီအောက်ရောင်ခြည်တန်ပြန် တိုက်ဖျက်ရေးစနစ် ၃၃ စုံနဲ့အတူ KC-46A ဝေဟင်ဆီဖြည့်လေယာဉ် နောက်ထပ် ၉ စင်း ထပ်မံဝယ်ယူဖို့ ကြိုး ပမ်းနေတာဖြစ်ကြောင်း ကာကွယ်ရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Defense Security Cooperation Agency – DSCA) က ပြောပါတယ်။
ဂျပန်အစိုးရရဲ့မေတ္တာရပ်ခံချက်ထဲမှာ ဒုံးကျည်သတိပေးဆင်ဆာတွေ၊ ရန်သူ့တပ်/မိမိတပ် ခွဲခြားဖော်ထုတ်တဲ့စ နစ်တွေနဲ့ လေယာဉ်မှာတပ်ဆင်ရမယ့် ဆက်သွယ်ရေးပစ္စည်းကိရိယာတွေ ရောင်းချပေးဖို့လည်းပါဝင်ပါတယ်။
အရောင်းအဝယ်စာချုပ်ထဲမှာ လိုအပ်တဲ့အပိုပစ္စည်းတွေရောင်းချပေးရေး၊ လေတပ်တပ်ဖွဲ့ဝင်တွေကို လေ့ကျင့် သင်ကြားပေးရေး၊ လေ့ကျင့်ရေးပစ္စည်းတွေ ရောင်းချပေးရေး၊ အင်ဂျင်နီယာနဲ့ လော်ဂျစ်စတစ်ဝန်ဆောင်မှုလုပ် ငန်းတွေ ဆောင်ရွက်ပေးရေးတို့လည်း ပါဝင်ပါတယ်။
လက်ရှိ KC-46A ဝေဟင်ဆီဖြည့်လေယာဉ် ၄ စင်း တာဝန်ထမ်းဆောင်နေတဲ့ ဂျပန်နိုင်ငံမှာ နောက်ထပ် ၂ စင်း မှာယူထားပြီးဖြစ်ပြီး အခု ထပ်မံဝယ်ယူဖို့ မေတ္တာရပ်ခံထားတဲ့ ၉ စင်း ရောင်းချရေးအပြီးသတ် အတည်ပြုလိုက် မယ်ဆိုရင် စုစုပေါင်း KC-46A ဝေဟင်ဆီဖြည့်လေယာဉ် ၁၅ စင်း အထိ ရှိသွားမှာဖြစ်ပါတယ်။
KC-46A ဝေဟင်ဆီဖြည့်လေယာဉ်ဝယ်ယူရေးစာချုပ်ရဲ့ အဓိကကန်ထရိုက်ကုမ္ပဏီတွေကတော့ Boeing ၊ Pratt & Whitney ၊ RTX နဲ့ Northrop Grumman တို့ပဲဖြစ်ပါတယ်။
လေယာဉ်တွေကို ကောင်းကင်မှာ ဆီဖြည့်ပေးနိုင်ပြီး တာဘိုအင်ဂျင်ကြီးနှစ်လုံးတပ်ဆင်ထားတဲ့ KC-46A ဝေ ဟင်ဆီဖြည့်လေယာဉ်ဟာ လေယာဉ်ဆီ ၂၁၂,၀၀၀ ပေါင် (၉၆,၁၆၁ ကီလိုဂရမ်) သယ်ဆောင်နိုင်ပါတယ်။
ပဋိက္ခဖြစ်ပွားနေတဲ့ နယ်မြေတွေမှာ ဝေဟင်ဆီဖြည့်လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ကိုယ့်ကိုယ်ကိုယ် ကာ ကွယ်နိုင်ဖို့အတွက် KC-46A ဝေဟင်ဆီဖြည့်လေယာဉ်တွေမှာ ခေတ်မီကာကွယ်ရေးစနစ်တွေလည်း တပ်ဆင် ထားတယ်လို့ ဆိုပါတယ်။
ဂျပန်အစိုးရရဲ့ KC-46A ဝေဟင်ဆီဖြည့်လေယာဉ်အင်အား တိုးမြှင့်မှုကို ခွင့်ပြုလိုက်ခြင်းဟာ အင်ဒို-ပစိဖတ် ဒေသက အဓိကမဟာမိတ်နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးကို မြှင့်တင်ပေးလိုက်တာဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံ ရဲ့ အမျိုးသားလုံခြုံရေးရည်မှန်းချက်တွေကို ထောက်ပံ့ကူညီလိုက်တာပဲဖြစ်ကြောင်း DSCA အဖွဲ့က ပြောပါ တယ်။
အခုလို ခွင့်ပြုလိုက်တာဟာ ဂျပန်နို်င်ငံရဲ့ ဝေဟင်ဆီဖြည့်လုပ်ငန်းကိုရော ခရီးသည်သယ်ယူပို့ဆောင်ရေး လုပ် ငန်းကိုပါ တိုးမြှင့်ပေးလိုက်တာဖြစ်သလို လက်ရှိနဲ့ အနာဂတ်ကာလ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဟန့်တား ရာမှာလည်း ခိုင်မာတဲ့ကာကွယ်ရေးအစီအစဉ်တစ်ခုကို ထောက်ပံ့ကူညီလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။
Ref: Japan Cleared to Buy Nine Additional KC-46A Tanker Aircraft for $4.1B
#PeopleMedia