• Follow Us on

Home ဂျပန်ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားသူများသည့်အတွက် ကြိုတင်ရက်ချိန်းရယူခြင်းကို အီးမေးလ်ဖြင့်သာ လက်ခံလျက်ရှိကြောင်း ဂျပန်သံရုံးထုတ်ပြန်

ဂျပန်ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားသူများသည့်အတွက် ကြိုတင်ရက်ချိန်းရယူခြင်းကို အီးမေးလ်ဖြင့်သာ လက်ခံလျက်ရှိကြောင်း ဂျပန်သံရုံးထုတ်ပြန်

Share this post

နေပြည်တော်၊ မတ် ၁

 

ဂျပန်ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူများသည့်အတွက် ကြိုတင်ရက်ချိန်းရယူခြင်းကို အီးမေးလ်ဖြင့်သာ လက်ခံလျက်ရှိကြောင်း ရန်ကုန်မြို့ရှိ ဂျပန်သံရုံးမှ ထုတ်ပြန်ထားသည်။

 

ယခုအချိန်တွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုများ အလွန်များပြားလျက်ရှိ၍ လျှောက်ထားသူများအတွက် ပိုမို လွယ်ကူအဆင်ပြေစေရန် တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို ခေတ္တခဏ ရပ်နားထားပြီး လတ်တ လောတွင် အီးမေးလ်ဖြင့်သာ လက်ခံလျက်ရှိသောကြောင့် နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ကြောင်း ထုတ်ပြန်ထားသည်။

 

အီးမေးလ်ကို အကြောင်းပြန်ရန်အတွက် အချိန်အနည်းငယ် ကြန့်ကြာနိုင်သော်လည်း အီးမေးလ်တစ်စောင်ရရှိ ပါက မပျက်မကွက် အကြောင်းပြန်ပေးမည်ဖြစ်သောကြောင့် စိတ်မပူကြပါရန် မေတ္တာရပ်ခံအပ်ကြောင်းနှင့် တယ်လီဖုန်းဖြင့် ပြန်လည်ရက်ချိန်းရယူနိုင်မည့်အချိန်ကို ထပ်မံအသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post