• Follow Us on

Home ဂျပန်လေတပ်စခန်းအသီးသီးမှာ တိုက်လေယာဉ်အရေအတွက် တိုးမြှင့်ချထားဖို့ အမေရိကန်စီစဉ်နေ

ဂျပန်လေတပ်စခန်းအသီးသီးမှာ တိုက်လေယာဉ်အရေအတွက် တိုးမြှင့်ချထားဖို့ အမေရိကန်စီစဉ်နေ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၅

 

ဂျပန်နိုင်ငံတစ်ဝန်း စစ်စခန်းပေါင်းစုံမှာ ဂျက်တိုက်လေယာဉ်အရေအတွက် တိုးမြှင့်တပ်ဖြန့်ချထားဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။

 

အခုအစီအစဉ်အရ အမေရိကန်နဲ့ ဂျပန်နိုင်ငံကြား မဟာမိတ်ဆက်ဆံရေးမြှင့်တင်ဖို့နဲ့ အင်ဒို-ပစိဖိတ်ဒေသ လုံခြုံ ရေး ထိန်းသိမ်းမှုတွေ ဆက်လက်ဆောင်ရွက်ဖို့အတွက် ဒေါ်လာ ၁၀ ဘီလျံ သုံးစွဲသွားမှာဖြစ်ပါတယ်။

 

အခုစီမံချက်ထဲမှာ F-15EX ဂျက်တိုက်လေယာဉ် ၃၆ စင်းနဲ့အတူ အိုကီနာဝါကျွန်းမှာ အမေရိကန်လေတပ်စခန်း ကာဒီနာမှာ တပ်စွဲထားတဲ့ F-15C/D ဂျက်တိုက်လေယာဉ် ၄၈ စင်းကို အစားထိုးသွားမယ့်အစီအစဉ်လည်းပါရှိပါ တယ်။

 

ဂျပန်အစိုးရနဲ့ သဘောတူစာချုပ်ပါ တာဝန်များကို ထမ်းဆောင်ရာမှာ “ပိုမိုသစ်လွင်ပြီး ပိုမိုခေတ်မီတဲ့ လက်နက် စနစ်တွေ” ကို အသုံးပြုဖို့ ၂၀၂၂ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပြီးနောက် အခုစီမံချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

စီမံချက်လုပ်ငန်းတွေ အပြီးမသတ်ခင်အထိ ပူးတွဲတပ်ဖွဲ့တွေဟာ စတုတ္ထမျိုးဆက်နဲ့ ပဉ္စမမျိုးဆက် ဂျက်တိုက် လေယာဉ်တွေကို အသုံးပြုနေတဲ့ လေတပ်စခန်းမှာ အလှည့်ကျ တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

 

အမေရိကန်လေတပ်ဟာ မီဆာဝါလေတပ်စခန်းမှာရှိတဲ့ F-16 Fighting Falcon ဂျက်တိုက်လေယာဉ် ၃၆ စင်း ကိုလည်း ပြန်လည်ရုပ်သိမ်းပြီး F-35A Lightning II ဂျက်တိုက်လေယာဉ် ၄၈ စင်းကို အစားထိုး တပ်ဖြန့်ချသွား မှာဖြစ်ပါတယ်။

 

တပြိုင်တည်းမှာပဲ အမေရိကန်မရိန်းတပ်ဖွဲ့ကလည်း စီမံချက်ရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် တပ်ဖွဲ့ပိုင် F-35B ဂျက်တိုက်လေယာဉ်တွေကို အီဝါကူနီမှာ တပ်ဖြန့်ချသွားမှာဖြစ်ပါတယ်။

 

“ပူးတွဲတပ်ဖွဲ့တွေရဲ့ ခေတ်အမီဆုံး နည်းဗျူဟာမြောက်လေယာဉ်တွေကို ဂျပန်နိုင်ငံကို စေလွှတ်မယ့် ကာကွယ် ရေးဝန်ကြီးဌာနရဲ့အစီစဉ်ဟာ ဂျပန်နိုင်ငံနဲ့ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသနဲ့ပတ်သက်တဲ့ နှစ်နိုင်ငံ ရည်မှန်းချက်တို့ကို ကာကွယ်ဖို့အတွက် အမေရိကန်နိုင်ငံရဲ့ ခိုင်မြဲတဲ့ကတိကဝတ်ကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။” လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် တိုကျိုအနောက်ပိုင်းက ယိုကိုတာလေတပ်စခန်းမှာ အခြေစိုက်ထားပြီး ထောင်လိုက်တက်/ဆင်းနိုင်တဲ့ CV-22 Osprey (VTOL) လေယာဉ်တွေကိုလည်း ပြန်လည်ပျံသန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အမေရိကန်လေ တပ်က အတည်ပြုပြောကြားလိုက်ပါတယ်။

 

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက CV-22 Osprey လေယာဉ်ပျက်ကျပြီး အမေရိကန်လေတပ်စစ်သည် ၈ ဦး သေဆုံးခဲ့တဲ့အတွက် အဲဒီလေယာဉ်တွေကို ပျံသန်းခွင့်ယာယီပိတ်ပင်ထားရာကနေ အခုအချိန်မှာ ပြန်လည်ခွင့် ပြုလိုက်တာဖြစ်ပါတယ်။

 

Ref: Pentagon Boosts Fighter Jet Presence in Japan

 

#PeopleMedia


Share this post