ဂျာဗီလင်တင့်ဖျက်ဒုံးကျည် ၂၆၃ စင်း ရိုမေးနီးယားကို ရောင်းချဖို့ အမေရိကန်ခွင့်ပြု
PUBLISHED - December 20, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၀
အမေရိကန်ထုတ် ဒေါ်လာ သန်း ၈၀ တန်ကြေးှရှိတဲ့ ဂျာဗီလင်ပဲ့ထိန်းတင့်ဖျက်ဒုံးကျည် (anti-tank guided missiles) ၂၆၃ စင်းကို ရိုမေးနီးယားနိုင်ငံကို ရောင်းချဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေး ခင်ကပဲ ခွင့်ပြုကြောင်း ကြေညာခဲ့ပါတယ်။
ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ရိုမေးနီးယားနိုင်ငံက ဂျာဗီလင်ပဲ့ထိန်းတင့်ဖျက်ဒုံးကျည်အပြင် လေ့ကျင့်ရေးဒုံး ကျည်တွေ၊ ဆက်စပ်ပစ္စည်းကိရိယာတွေနဲ့ ဆက်စပ်လော်ဂျစ်စတစ်နဲ့ စီမံကိန်းထောက်ပံ့ရေး ဝန်ဆောင်မှုတွေ ကိုပါ တောင်းဆိုထားပါတယ်။
အခုလို ဂျာဗီလင်တင့်ဖျက်ဒုံးကျည်တွေ ရောင်းချပေးမယ့်သဘောတူစာချုပ်ဟာ ဥရောပဒေသတည်ငြိမ်ရေး အ တွက် အရေးပါတဲ့အင်အားတစ်ရပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ နေတိုးအဖွဲ့ရဲ့မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ် တဲ့ ရိုမေးနီးယားနိုင်ငံရဲ့ စစ်ရေးစွမ်းရည်ကို မြှင့်တင်ပေးသွားမှာဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (the US Defense Security Cooperation Agency- DSCA) က ပြောပါ တယ်။
အခုလို လက်နက်စနစ်တွေ ရောင်းချပေးလိုက်တာဟာ ရိုမေးနီးယားနိုင်ငံအနေနဲ့ နိုင်ငံရဲ့အမျိုးသားကာကွယ် ရေးလိုအပ်ချက်တွေနဲ့အညီ ရှေရှည်ကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်ခြင်းအားဖြင့် လက်ရှိစိန်ခေါ်မှုတွေနဲ့ အနာ ဂတ်ကာလစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဂျာဗီလင်တင့်ဖျက်ဒုံးကျည်တွေ ပူးတွဲထုတ်လုပ်ပေးမယ့် ကုမ္ပဏီကတော့ လော့ဟိမာတင် ကုမ္ပဏီနဲ့ ရေသီယွန် ကုမ္ပဏီတို့ပဲဖြစ်ပါတယ်။ ဂျာဗီလင်ဒုံးကျည်ဟာ ပင်မတိုက်ပွဲဝင်တင့်ကားတွေနဲ့ သံချပ်ကာယာဉ်တွေကို တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိတဲ့ ပခုံးထမ်းနည်းဗျူဟာမြောက်ဒုံးကျည်စနစ်ဖြစ်ပါတယ်။
ဂျာဗီလင်တင့်ဖျက်ဒုံးကျည်တွေဟာ တာတို/တာလတ် ပစ်မှတ်တွေကို ထိရောက်စွာပစ်ခတ်နိုင်သလို နေ့ရာ ညပါ အချိန်မရွေးပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေဖြစ်ပါတယ်။
ဒါ့အပြင် ဂျာဗီလင်တင့်ဖျက်ဒုံးကျည်ဟာ တစ်ခါသုံးဒုံးကျည်အမျိုးအားဖြစ်ပြီး ပစ်ခတ်ပြီးတာနဲ့ ဒုံးကျည်ပစ်ခတ် တဲ့ တပ်ဖွဲ့ဝင်ဟာ ချက်ချင်းနေရာပြောင်းရွှေ့နိုင်ပါတယ်။
“နှစ်ဆင့်ကွဲစနစ်ကို အသုံးပြုထားတဲ့ ဂျာဗီလင်ဒုံးကျည်ဟာ တင့်/သံချပ်ကာအမျိုးမျိုးကို ထိရောက်မြင့်မားစွာ ချေမှုန်းတိုက်ခိုက်နိုင်သလို ရွေ့လျားပစ်မှတ်နဲ့ ရပ်တည်ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာလည်း အသုံးပြုနိုင်တဲ့ လက်နက်အမျိုးအစားဖြစ်ပါတယ်။” လို့ အမေရိကန်ကြည်းတပ်က ပြောပါတယ်။
ဂျာဗီလင်ဒုံးကျည်ကို အမေရိကန်တပ်မတော်အပြင် သြစတေးလျ၊ အက်စ်တိုးနီးယား၊ ပြင်သစ်၊ ထိုင်ဝမ်၊ ယူကရိန်း၊ ယူအေအီးနဲ့ ဗြိတိန်နိုင်ငံတို့မှာ အသုံးပြုနေပြီး လက်နက်စနစ်တွေရောက်ရှိလာတာနဲ့ ရိုမေးနီးယား နိုင်ငံကလည်း အဲဒီလက်နက်အသုံးပြုတဲ့နိုင်ငံစာရင်းထဲမှာ ပါဝင်သွားမှာဖြစ်ပါတယ်။
Ref: US Approves Sale of 263 Javelin Anti-Tank Guided Missiles to Romania
#PeopleMedia