ဂျာမနီကလည်း ၎င်းတို့လက်နက်တွေကိုအသုံးပြုပြီး ရုရှားနိုင်ငံထဲက ရုရှားတပ်တွေကို တိုက်ခိုက်ဖို့ ယူကရိန်း ကို ခွင့်ပြု
PUBLISHED - June 1, 2024
နိုင်ငံတကာ၊ ဇွန် ၁
ရုရှားရဲ့ပြင်းထန်တဲ့ထိုးစစ်ကြောင့် ယူကရိန်းတပ်ဖွဲ့တွေ မြေပြင်မှာလက်လွှတ်ဆုံးရှုံးနေရတဲ့အချိန်မှာ ဂျာမနီနိုင်ငံ ကလည်း ၎င်းတို့ထောက်ပံ့နေတဲ့ တာဝေးပစ်လက်နက်တွေနဲ့ ရုရှားမြေပေါ်က ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ယူ ကရိန်းကို အမေရိကန်နည်းတူ သောကြာနေ့ (မေလ ၃၁ ရက်နေ့) က ခွင့်ပြုလိုက်ပါတယ်။
ရုရှားတပ်တွေက ခါကိဗ်ဒေသကို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ဒဏ်ကို လူသူလက်နက်အင်အားနည်းပါးတဲ့ ကြားက ကြံံ့ကြံ့ခံခုခံတိုက်ခိုက်ရင်း အနောက်နိုင်ငံတွေရဲ့ လက်နက်အသုံးပြုမှု ပိတ်ပင်တားဆီးထားတာတွေကို စိတ်ပျက်မိကြောင်း ယူကရိန်းအရာရှိတွေက ပြောပါတယ်။
ရုရှားနိုင်ငံနဲ့ ကီလိုမီတာ ၂၀ လောက်သာကွာဝေးတဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ကို ကာကွယ်ဖို့အတွက် ၎င်းတို့ထောက်ပံ့ထားတဲ့တာဝေးပစ်လက်နက်တွေကို အသုံးပြုပြီး ရုရှားပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ဂျာမနီနဲ့ အမေရိကန် နှစ်နိုင်ငံစလုံးက ယူကရိန်းကို ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
ရုရှားပဲ့ထိန်းဒုံးကျည်တွေ ခါကိဗ်မြို့က လူနေအဆောက်အဦတစ်ခုကို စုပြုံကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် လူ ၅ ဦး ထက်မနည်းသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းအနေနဲ့ ၎င်းတို့ထောက်ပံ့ထားတဲ့လက်နက်တွေကို အသုံးပြုပြီး ခါကိဗ်မြို့ကို တိုက်ခိုက်နေတဲ့ နယ်စပ် လိုင်းအတွင်းက ရုရှားပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်နိုင်ကြောင်း ဂျာမန်အစိုးရက ပြောပါတယ်။
ယူကရိန်းအနေနဲ့ အမေရိကန်ထောက်ပံ့ထားတဲ့လက်နက်တွေနဲ့ ခါကိဗ်ဒေသကို တိုက်ခိုက်နေတဲ့ ရုရှားတပ် တွေကို ပစ်ခတ်တိုက်ခိုက်နိုင်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း မေလ ၃၀ ရက်နေ့ (ကြာသပ တေးနေ့) က ခွင့်ပြုခဲ့ပါတယ်။
“ယူကရိန်းနိုင်ငံနဲ့ ၎င်းတို့ရဲ့ နေတိုးမဟာမိတ်နိုင်ငံတွေဟာ စစ်ပွဲကို ရှောင်ရှားလို့ရမှာမဟုတ်တဲ့ ဆိုးရွားပြင်းထန် လှတဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။” လို့ ရုရှားလုံခြုံရေးကောင်စီ ဒုတိယအကြီးအကဲ ဒီမီထရီမက်ဗီဒက်ဗ်က သောကြာနေ့ (မေလ ၃၁ ရက်နေ့) က တုံ့ပြန်ပြောကြားပါတယ်။
ရုရှားနို်င်ငံဟာ ခါကိဗ်ဒေသကို ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ပြင်ဆင်နေကြောင်း မကြာသေးခင်ကာ လအတွင်းက သတိပေးပြေကြားခဲ့သလို လက်ရှိအချိန်မှာ တိုက်ခိုက်နေပြီဖြစ်ကြောင်း ဂျာမန်အစိုးရရဲ့ထုတ်ပြန် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
“ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတကာဥပဒေအရ ယူကရိန်းနိုင်ငံဟာ ရုရှားရဲ့တိုက်ခိုက်မှုကို တန်ပြန်ခုခံတိုက်ခိုက်ခွင့်ရှိကြောင်း ကျွန်တော်တို့အားလုံး ယုံကြည်ထားပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာဥပဒေ အရ ခုခံကာကွယ်ဖို့ ကျွန်တော်တို့ ပို့ဆောင်ထားပေးတဲ့ လက်နက်တွေကိုလည်း ယူကရိန်းနိုင်ငံက အသုံးပြုခွင့် ရှိပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Ref: Berlin lets Ukraine use German weapons against targets in Russia after the U.S. also eases its stance
#PeopleMedia